♪ “iPhone 5 နှင့်အထက် အသုံးပြုသူများ အူရီဒူး 4G ကွန်ရက် တရားဝင် အသုံးပြုနိုင်” ♫


ပြည်တွင်းရှိ iPhone 5 နှင့် အထက်အဆင့်မြင့် iPhone အသုံးပြုသူများ အားလုံးအနေဖြင့် ပိုမိုကောင်းမွန်သည့် အူရီဒူး 4G ကွန်ရက်အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှ သတင်းထုတ်ပြန်ပါသည်။ Apple မှ အူရီဒူး မြန်မာ၏ 4G ကွန်ရက်ကို သေချာစွာလေ့လာ ဆန်းစစ်ပြီးဖြစ်သည့်အတွက် နောက်ထပ် အဆင့် မြှင့်ပေးမည့် iOS Update တွင် အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို iPhone တွင် အသုံးပြုခွင့် ပါဝင်မည်ဖြစ် ပါသည်။

Android ဟန်းဆက် အသုံးပြုသူများအနေဖြင့် 4G ကွန်ရက်ကို အသုံးပြုရန်အတွက် System ကို အဆင့်မြှင့်တင်ခြင်း ပြုလုပ်စရာမလိုဘဲ Device Setting ထဲမှ 4G/LTE Service ကို ရွေးချယ်လိုက်ရုံဖြင့် အူရီဒူးမြန်မာ၏ 4G ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်။ iOS အသုံးပြုသူများအတွက် Apple မှ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် ပြီးခဲ့သည့်လအနည်းငယ်မှစပြီး iPhone Version အချို့မှာ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို စတင် အသုံးပြုခွင့် ရနေပြီဖြစ်ပါသည်။ ယခုအခါ Apple မှအူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို နောက်ထပ်အဆင့်မြှင့်ပေးမည့် iOS Version တွင် တရားဝင်ထည့်သွင်းပေး မည်ဖြစ်ကြောင်း သိရသည်။

iPhone 5 နှင့်အထက် အဆင့်မြင့် iPhone အသုံးပြုသူများအားလုံးသည် iPhone 7 စတင်မိတ် ဆက်မည့် ရက်ဖြစ်သော ၂၀၁၆ စက်တင်ဘာလ အတွင်းတွင်စတင်ပြီး အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကိုတရားဝင် အသုံးပြု ခွင့်ရမည် ဖြစ်ပါသည်။အူရီဒူးမြန်မာမှ တာဝန်ရှိသူတစ်ဦးက “အိုင်ဖုန်း 7 ထွက်လာရင် အိုင်အိုအက်ဗားရှင်း10ထွက်လာမှာလေ၊ အဲဒီ အခါကြရင် အိုင်ဖုန်း 5 နဲ့ အထက်ဖုန်းတွေကို နိုတီလာပေးလိမ့်မယ်၊ အဲဒါကို install လုပ်လိုက်ရုံပဲ၊ အဲဒါဆို အူရီ ဒူးဆက်ကတ်သုံးရင် 4G ရပြီ” ဟု ပြောသည်။

အူရီဒူးမြန်မာ၏ ဆင်းကတ်ကို iPhone ဟန်းဆက်နှင့်တွဲပြီး အသုံးပြုသူများ အနေဖြင့် iOS Upgrade အဆင် သင့်ဖြစ်သည့်အခါ သုံးစွဲသူကိုယ်တိုင် update ပြုလုပ်ပြီး အူရီဒူး 4G သုံးစွဲနိုင်ရန်အတွက် Apple ထံမှ Push Notification တစ်ခုရရှိမည်ဖြစ်ကြောင်း သိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment