လူသားတွေရဲ့ ဦးနှောက်ထဲကို အတတ်ပညာတွေသာ Upload လုပ်နိုင်ခဲ့လျှင်





လူသားတွေရဲ့ ဦးနှောက်ထဲကို အတတ်ပညာတွေသာ 
========== Upload လုပ်နိုင်ခဲ့ရင် ==========


ဘာမှမသိလည်း ဖြစ်ပါတယ်။ ဦးနှောက်ထဲကို အသိသုတတွေ ချက်ချင်း Upload လုပ်လို့သာ ရမယ်ဆိုရင် အဆင်ပြေပါပြီ။

အခုအချိန်မှာ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား The Matrix ထဲကလို ဦးနှောက် ထဲကို ဗဟုသုတတွေ တိုက်ရိုက် ပို့ဆောင်နိုင်မယ့် နည်းလမ်း တကယ် ရှိတယ် လို့ သုတေသီတွေ မြေကြီးလက်ခတ်မလွဲ အတည်ပြုလိုက် ကြပါပြီ။ သူတို့ တကယ်လည်း စမ်းသပ်နေကြပါပြီ။ ဒီ့အတွက် အနာဂတ်ကတော့ တွေးကြည့် တိုင်း ကြက်သီးထရလောက်အောင် ထူးခြားမှုတွေက စောင့်ကြိုနေမှာပါ။

သုတေသီတွေ အခိုင်အမာ ဆိုတာက Simulator တစ်ခုကို ဖန်တီးပြီး အဲဒီ ကမှတဆင့် သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို လူတစ်ယောက်ရဲ့ ဦးနှောက်ဆီ တိုက်ရိုက်ပို့ပြီး အတတ်ပညာ အသစ်တစ်ခုကို အချိန်ခဏလေး အတွင်းမှာ တတ်မြောက်စေနိုင်မယ် ဆိုတာပါပဲ။ ဖြစ်နိုင်ပါ့မလား တွေးစရာ ရှိပေမယ့် ကယ်လီဖိုးနီးယားက HRL စမ်းသပ်ခန်းတွေမှာတော့ ဒါကို လေ့လာ နေခဲ့တာ မိုးဆောင်းအလီလီ ဖြစ်ခဲ့ပါပြီ။ Matrix ရုပ်ရှင်ထဲက ဇာတ်ကွက် တွေက အပြင်မှာ တကယ် ဖြစ်နိုင်တယ်လို့ သူတို့ ယုံနေကြပါတယ်။

စမ်းသပ်ကြပုံက ဒီလိုပါ . . .

ကျွမ်းကျင် လေယာဉ်မောင်း တစ်ယောက်ရဲ့ ဦးနှောက်ထဲက Electric Signals တွေကို သုတေသီတွေ အရင် လေ့လာခဲ့ပါတယ်။ အဲဒီကမှတဆင့် ဗလာချည်း သက်သက် ဦးနှောက်ထဲကို လေယာဉ်မောင်းတဲ့ နည်းစနစ်တွေ ဗဟုသုတတွေ ထည့်သွင်းခဲ့ပါတယ်။ အဲဒီ စနစ် ထည့်သွင်း ခံရတဲ့ သူတွေက Electrode-Embedded Head Caps တွေနဲ့ ယှဉ်တွဲကာ ဦးနှောက် လှုံဆော်မှု ခံယူခဲ့ တာဖြစ်ပြီး စွမ်းဆောင်ရည် ၃၃ ရာခိုင်နှုန်းလောက် တိုးတက်လာခဲ့တယ် ဆိုပါ တယ်။ ဒါဟာ Brain stimulation system ပါလို့ ဒေါက်တာ မက်သရူးဖိလစ်က အကျဉ်းချုံး ရှင်းပြပါတယ်။ စိတ်ကူးယဉ် ဆန်နိုင်ပါတယ်။ ဒါပေမယ့် ဒီစနစ် ဖွံ့ဖြိုးဖို့အတွက် သိပ္ပံနည်းကျ အခြေခံ သဘောတရားတွေ ကြီးကြီးမားမား ရှိတယ်လို့ သူတို့ ယုံကြည်နေကြတယ်။

တစ်စုံတစ်ခုကို သင်ယူလိုက်တဲ့အခါမှာ ဦးနှောက်ဟာ Physically ပြောင်းလဲ သွားပြီးတော့ ချိတ်ဆက်မှုတွေ ပြုလုပ်တိုးချဲ့ လာတာကို Neuro-plasticity လို့ ခေါ်ပါတယ်။ အထက်ပါ စနစ်ကနေပြီးတော့ စာမေးပွဲ ပြင်ဆင်ခြင်း၊ ယာဉ် မောင်း သင်ခြင်းနဲ့ ဘာသာစကားသင်ခြင်းတို့လို တာဝန်တွေ မှတ်သားနိုင် လိမ့်မယ်လို့ မက်သရူး ယုံကြည်နေတယ်။ ယုံကြည်တဲ့ အတိုင်းလည်း သူတို့ ဆက်လက် လေ့လာနေပါတယ်။

သူတို့ စမ်းသပ်နေတဲ့ စနစ်သာ အောင်မြင်ခဲ့ရင် လူသားတွေရဲ့ မှတ်သားပုံ လေ့လာပုံ စနစ်တွေ ပြောင်းလဲသွားပြီး လူ့ယဉ်ကျေးမှုပါ ပြောင်းလဲသွားနိုင် တာ အသေချာပါ။ စိတ်ကူးယဉ်ဆန်တဲ့ နည်းပညာပါပဲ။

ဗဟုသုတနဲ့ အတတ် ပညာတွေကို ဦးနှောက်ကို Upload လုပ်နိုင်ခဲ့ရင် နောင် အနာဂတ် လူ့အဖွဲ့အစည်း မှာ..........


သန့်စင်စိုး

Itizen Weekly


0 comments:

Post a Comment