♪ Suicide Square က Supervillan နှစ်ဦး ပါဝင်လာမယ့် Injustice 2 ဗီဒီယိုဂိမ်း ♫


Suicide Square က Supervillan နှစ်ဦး ပါဝင်လာမယ့် Injustice 2 ဗီဒီယိုဂိမ်း လတ်တလော လူငယ်တွေရဲ့ကြားမှာ ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကား Suicide Square မှ Deadshot နဲ့ Harley Quinn တို့ဟာ အသစ်ထွက်ရှိလာမယ့် Injustice 2 ဗီဒီယိုဂိမ်းမှာ ပါဝင်လာတော့မယ်လို့ သိရှိရပါတယ်။

b

Harley Quinn အတွက်တော့ ဒီတစ်ကြိမ်ဟာ Injustice Universe ကို ဒုတိယအခေါက် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး Tricks အသစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ Deadshot ကတော့ Injustice မှာ အခုတစ်ခါမှာသာ ပွဲဦးထွက်လာတာ ဖြစ်ပါတယ်။

a

Injustice 2 ဂိမ်းမှာ DC Comics ရဲ့Superheros တွေနဲ့ Supervillans တွေများစွာပါဝင်လာမှာဖြစ်ပြီး Play Station 4 နဲ့ Xbox One တို့မှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းကို လာမယ့် ၂၀၁၇ခုနှစ်မှာ စတင်ဖြန့်ချိသွားမှာပဲ ဖြစ်ပါတယ်။

ဇေယျာစံ
Ref : GamesNews


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment