♪ “LeEco က 13MP Dual Camera တပ်ဆင်ထားတဲ့ Cool 1 Dual Phabletကိုမိတ်ဆက်” ♫


LeEco က Coolpadရဲ့ ရှယ်ယာများကို ၀ယ်ယူပြီးနောက်မှာ ကင်မရာ ၂ လုံး ပါတဲ့ Cool 1 စွမ်းရည်မြင့် စမတ်ဖုန်းကိုထုတ်လုပ်မယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ အဲဒီစမတ်ဖုန်းကိုမိတ်ဆက်လိုက်ပါပြီ။ LeEco Cool 1 Dual မှာ ၅.၅ လက်မ IPS Full HD Display တပ်ဆင်ထားပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။

Octa-Core Snapdragon 652 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM နဲ့ 4GB RAM Model ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ Cool 1 Dual မှာ Huawei P9 Series များမှာ လိုအနောက်ဘက်မှာ 13MP Camera ၂ လုံးတပ်ဆင်ထားပါတယ်။ တစ်လုံးမှာ Monochrome ဖြစ်ပြီးအခြားတစ်လုံးမှာ Color ဖြစ်ပါတယ်။ LeEco က ဓါတ်ပုံ ကြည်လင်ပြတ်သားမှုမှာ ၂၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်ပြီးအလင်းရောင် ပိုမို ဖမ်းယူပေးနိုင်တယ်လို့ ပြောပါတယ်။

Monochrome Sensor ကိုပဲသုံးမယ် ဆိုရင် ရလဒ်ပိုမိုကောင်းမွန်မှာ ဖြစ်ပေမယ့် အဖြူ၊ အမည်းပုံကိုသာ ရရှိမှာ ဖြစ်ပါတယ်။ အနောက်ဘက် ကင်မရာ ၂ လုံးနဲ့ အတူ LED Flash ၂ လုံးကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာများက 4K Video များကိုရိုက်ကူးပေးနိုင် ပါတယ်။ အရှေ့ဘက်မှာ 8MP Camera ပါရှိပါတယ်။ 32GB or 64GB Internal Storage များရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာပါရှိပါတယ်။

4060mAh Battery, Android Marshmallow ထည့်သွင်း ထားပါတယ်။ 32GB/3GB RAM Model ကိုဒေါ်လာ ၁၆၆၊ 32GB/4GB RAM Model ကိုဒေါ်လာ ၂၂၆ နဲ့ 64GB/4GB RAM Model ကိုဒေါ်လာ ၂၅၇ ဖြင့် တရုတ်တွင် သြဂုတ်လ ၂၆ ရက်နေ့မှာရောင်းချမှာပါ။
 
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment