♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


မေး - မနက်ကပဲ အပြင်ထွက်ရင်း ဖုန်းကို မိုးရေနည်းနည်းစိုသွားတယ်ဗျာ။ အဲ့ဒါနဲ့ ဖုန်းကို ပါဝါပိတ်ထားလိုက်တယ်။ အိမ်ရောက်လို့ ဖုန်းကို ပြန်ဖွင့်ကြည့်တော့ ဖုန်းရဲ့အောက်ခြေမှာ Safe Mode ဆိုပြီး ပေါ်နေလို့ ဘယ်လိုဖျောက်ရလဲဗျာ။
ဖြေ - အစ်ကိုရေ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Vol+, Vol- ကို ဖိလိုက်၊ လွှတ်လိုက် ၅ ကြိမ်ခန့် ပြုလုပ်လိုက်ပါ။ ပြီးရင် ပါဝါပြန်ဖွင့်လိုက်ပါ။ အဲ့ဒီစာသားပြန်ပျောက်သွားပါလိမ့်မယ်။
မေး - တစ်ညလုံးအားသွင်းထားကာ မနက်ကျပါဝါဖွင့်တော့ ဖွင့်လို့မရတော့ဘူးဗျာ။
ဖြေ - အစ်ကိုရေ ပါဝါသေသွားတာဖြစ်နိုင်ပါတယ်။ ဖုန်းတွေကို အဲ့လိုတစ်ညလုံး လိုအပ်တာထက် ပိုပြီးအားသွင်းရင် ဖြစ်တတ်ပါတယ်။ အတွင်းက IC တွေ Short ကျသွားတာပါ။ Service ပို့မှအဆင်ပြေပါလိမ့်မယ်။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းကြိုးမထိုးဘဲ အားသွင်းတဲ့ပုံ ပြနေတယ်။ အားလည်းမ၀င်ဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို အဲ့တာက ဖုန်းထဲမှာရှိတဲ့ အားသွင်းခေါင်း Short ကျရင်လည်း ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက Phone Board ပြားပေါ်မှာရှိတဲ့ Power IC ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစ်ကို့အနေနဲ့ Service ဆိုင်မှာ သွားပြကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။
မေး - Samsung ဖုန်းများကို Root မဖောက်ဘဲ Myanmar Font ဘယ်လိုထည့်ရပါသလဲ။
ဖြေ - Samsung ဖုန်းများကို Root မဖောက်ဘဲ Myanmar Font ထည့်ချင်ရင် ပထမဆုံး Zawgyi One.apk ကို ဖုန်းထဲကို Install အရင်လုပ်ပါ။ ပြီးရင် Setting ထဲကိုဝင်ပါ။ Setting ထဲရောက်သွားရင် Display ထဲကို ထပ်ဝင်ပါ။ Display ထဲကိုရောက်သွားရင် Font Style ထဲကိုထပ်ဝင်ပါ။ Font Style ထဲကိုရောက်သွားရင် Install လုပ်ခဲ့၍ ပေါ်နေသော Zawgyi One ကို ရွေးပေးပြီး OK နှိပ်ပြီးပြန်ထွက်ပါ။ OK မပေါ်လျှင် Back ကိုနှိပ်ပြီး ပြန်ထွက်ပါ။ အဲ့ဒါဆိုရင် Root ဖောက်စရာမလိုဘဲ Myanmar Font သုံးလို့ရသွားပါပြီ။
မေး - Samsung ဖုန်းအချင်းချင်း မက်ဆေ့ခ်ျပို့တဲ့အခါ စာတွေမမြင်ရဘဲ လေးထောင့်တုံးတွေပဲ ပေါ်နေတယ်ဆိုရင် အဲ့ဒီ Error ကို ဘယ်လိုရှင်းရပါသလဲ။
ဖြေ - Samsung ဖုန်းအချင်းချင်း မက်ဆေ့ခ်ျပို့တဲ့အခါ စာတွေမမြင်ရဘဲ လေးထောင့်တုံးတွေပဲပေါ်နေရင် ပထမဆုံး Setting ထဲကိုဝင်ပါ။ Setting ထဲရောက်သွားရင် Message ထဲကိုဝင်လိုက်ပါ။ Message ထဲကို ရောက်သွားရင် Message Setting ထဲကိုဝင်ပါ။ Message Setting ထဲကိုရောက်သွားရင် Impot Mode ကိုနှိပ်ပါ။ Automatic (သို့မဟုတ်) Unicode ကိုရွေးလိုက်ပါ။ အဲ့ဒါဆိုရင် လေးထောင့်တုံးတွေမပေါ်တော့ဘဲ Font အမှန်ရသွားပါပြီ။
မေး - Huawei Y-610 မှာ Facebook သုံးချင်လို့ Account ရိုက်လိုက်တဲ့အခါ Error ပြနေပါတယ်။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။ သိရင်ပြောပြပေးပါ။
ဖြေ - Y-610 မှာ အဲ့လို Error မျိုးပြနေလို့ရှိရင် Facebook Version အနိမ့်ဆင်းလည်း မရဘူး။ အမြင့်တင်ချင်တယ်ဆိုရင်တော့ ၎င်း Error ကို ဖြေရှင်းမယ်ဆိုရင် အရင်ဆုံးဖုန်းကို Factory Data Reset ချပြီးသုံးမှ အဆင်ပြေမှာပါ။ မိမိကြိုက်နှစ်သက်တဲ့ Facebook Version အနိမ့်ပဲဖြစ်ဖြစ်၊ အမြင့်ပဲဖြစ်ဖြစ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
မေး - ကျွန်တော့်ဖုန်းလေးကတော့ G730-U00 Charging အားသွင်းတဲ့အခါ အားအ၀င် Signal ပြပြီး အားမ၀င်ဘူးဖြစ်နေတယ်ခင်ဗျာ။ သိရင်ကူညီကြပါနော်။ ကျေးဇူးတင်ပါတယ်။
ဖြေ - G730-U00 Charging အားသွင်းတဲ့အခါ Signal ပြပြီး အားမ၀င်ဘူးဖြစ်နေတယ်ဆိုရင်တော့ USB ခေါင်းကြောင့်တော့ မဟုတ်ပါဘူး။ Charging iC အနားက (R200) Resistor ကို လဲပေးလိုက်ရင် ကောင်းသွားပါမယ်ခင်ဗျာ။
မေး - ကျွန်တော့် Samsung i9300 S5 ဖုန်းလေးက အ၀င်အထွက် Call တွေ မပေါ်တော့ဘူးဖြစ်နေပါတယ်။ ဘယ်လိုဖြေရှင်းရမလဲ မသိဘူးခင်ဗျာ။ သိရင်ပြောပြပေးပါ။
ဖြေ - Samsung S5 ဖုန်းတွေမှာ Call Log တွေမပေါ်တာကတော့ အစ်ကို့ရဲ့ဖုန်းထဲမှာ Date / Time ရော မှန်ရဲ့လားဗျာ။ Date / Time မမှန်ရင်လည်း ဖြစ်တတ်ပါတယ်အစ်ကို။ Date / Time ပြန်ချိန်မယ်ဆိုရင်လည်း Automatic Date / Time ကို အမှန်ခြစ်ထားဖို့ လိုပါသည်။
ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment