ဖုန်းမျက်နှာပြင်ကြီးပြီး Quality
ကောင်းကြိုက်သူများအတွက် DING DING SK5 ကိုမိတ်ဆက်ပေးချင်ပါတယ်။
မျက်နှာပြင်အနေနဲ့ 5.0 inch HD ဖြစ်ပြီး RAM 1GB + ROM 8GB ပမာဏပါရှိပါတယ်။
Quad Core 1.3 Ghz ရှိပြီး Android 5.1 နဲ့မောင်းနှင်ပေးမှာဖြစ်ပါတယ်။ GSM
+ WCDMA (Dual Sims, Dual Standby) အသုံးပြုနိုင်မှာဖြစ်ပြီး GPU MT6580
နဲ့ထောက်ပံ့ပေးထား ပါတယ်။နောက်ကင်မရာ 8 MP နဲ့ ရှေ့ကင်မရာ 5 MP
ရှိတဲံအတွက်ဓာတ်ပုံရိုက်ကူးရာမှာလည်းအတော်လေးကိုအဆင်ပြေပြေနဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။မြန်မာစာ စနစ်ကို
ထောက်ပံ့ပေးထားပြီး မျက်နှာပြင်ကျယ်ကျယ်နဲ့အသုံးပြုရမှာဖြစ်လို့ သတင်းတွေ
ဖတ်တာ၊ဂိမ်းကစားတာတွေကိုကောင်းစွာပြုလုပ်နိုင်ပါလိမ့်မယ်။အားတစ်ခါသွင်းထားရုံနဲ့အချိန်ကြာ
ကြာဂိမ်းကစားနိုင်အောင် 2000 mAh
စွမ်းအားရှိတဲ့ဘက်ထရီကိုတပ်ဆင်အသုံးပြုပေးထားပါတယ်။
မျက်နှာပြင်ကျယ်ရုံတင်မက ဂိမ်းကစားချင်သူများအတွက်လည်း အထူးသင့်လျော်သောဖုန်းအမျိုး အစားဖြစ်ပါတယ်။ ဖုန်းထဲမှာ PES 2016, Harvest Moon, Dynasty Warriors စသည့်ဂိမ်းကြီး (၃) ဂိမ်းအားလက်ဆောင်အဖြစ်ထည့်သွင်းပေးထားပါတယ်။ ဂိမ်းခလုတ်ဖြင့်ဆော့ကစားလိုသူများ Bluetooth Controller နဲ့ချိတ်ဆက်ကစားနိုင်ပါတယ်။
ကာလာတွေကတော့ Black, Light Gold, Rose Gold
စတဲ့အရောင်တွေရှိပြီးနှစ်သက်ရာ အရောင်ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။အာမခံကိုလည်းတစ်နှစ်ပေးထားတဲ့ အတွက် တန်ဖိုးသက်သာပြီး
ဝန်ဆောင်မှုကောင်းတဲ့စမတ်ဖုန်းတစ်မျိုးအဖြစ် သုံးစွဲသူတိုင်းလက်ခံနိုင်ကြမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေ နဲ့တော့ 84,500 Ks
ဖြစ်ပါတယ်။
Credit to ==> Myanmar Digital Life Journal
www.pyaephyo.com
0 comments:
Post a Comment