
ဂျပန်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Sony အနေနဲ့ ဈေးကွက်ထဲမှာ
ရှိတဲ့အလယ်အလတ်အဆင့်ရှိ ဖုန်းထုတ်သူတွေနဲ့ ယှဉ်ပြိုင်နိုင်စေဖို့ Xperia XA
ဆိုတဲ့ဖုန်းလေးကိုထုတ်လုပ်ထားပါတယ်။ မျက်နှာပြင်နဲ့ ဘေးအနားသတ်လေး တွေ
ပိုမိုကျဉ်းမြောင်း သွားတာကလွဲလို့ အခြားထူးခြားတဲ့ လုပ်ဆောင်ချက် တွေ
ထည့်သွင်းပေးထားတာမတွေ့ရပါဘူး။
၂၀၁၆ ခုနှစ်အတွင်းမှာမိုဘိုင်း
ဖုန်းထုတ်လုပ်သူတွေအနေနဲ့ သီးသန့်ဗျူဟာတွေ ထုတ်သုံးပြီးသုံးစွဲသူတွေကို
ဆွဲဆောင်ထားပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရ မယ်ဆိုရင် တရုတ်အခြေစိုက်
ဖုန်းထုတ်သူဖြစ်တဲ့ Huawei နဲ့ ဂျာမန်ကင်မရာကုမ္ပဏီ LEICA တို့ ပူးပေါင်း
ထုတ်လုပ်ထားတဲ့ Huawei P9 ပဲဖြစ်ပါတယ်။ စမတ်ဖုန်းကုမ္ပဏီအများစုဟာ
ဖုန်းမှာတပ်ဆင်တဲ့ ကင်မရာကိုသုံးမယ်ဆိုရင် Sony နဲ့သာ တွဲဖက် ပါတယ်။ Sony
ကို မသုံးချင်တဲ့သူတွေအတွက်ကတော့ တိုရှီဘာကင်မရာကို သုံးကြပါ တယ်။ အခုက
Huawei က စတင် ပြောင်းလဲလိုက်မှုဟာ အခြားကုမ္ပဏီတွေ အတွက်လည်း အလေးထားစရာ
တစ်ခုဖြစ်လာပါတယ်။
ဒါဟာ ဘာလဲဆိုရင် ကင်မရာ သုံးမယ့်သူတွေအတွက် Sony
နဲ့မဟုတ်ဘဲ အခြားကင်မရာ ကုမ္ပဏီ တွေနဲ့လည်း
လက်တွဲလုပ်ဆောင်လို့ရနိုင်တယ်ဆိုတာပါပဲ။ အခုနောက်ပိုင်းနှစ် တွေမှာ Sony
အနေနဲ့ မိုဘိုင်းဖုန်းထုတ်လုပ်မှုအပိုင်းမှာအနည်းငယ်အားလျော့ လာပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းရောင်းချမှုမှာလည်း ဈေးကွက်ရရှိမှုလျော့ကျ လာပါတယ်။
စမတ်ဖုန်းဈေးကွက်ထဲကို တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေ
တစ်စစ၀င်ရောက်လာတာကြောင့်လည်းဖြစ်ပါတယ်။
နည်းပညာမြင့်ဒီဇိုင်းဆန်းဆန်းနဲ့ ဖုန်းတွေကြောင့် မူလပုံစံကနေ ခွဲထွက်မှု
မရှိတဲ့ Sony အနေနဲ့ ဈေးကွက်ရရှိမှုနည်းလာတာလည်း ဖြစ်နိုင်ပါတယ်။ ၂၀၁၆
ခုနှစ်မှာတော့ Sony ဟာ မျိုးဆက်သစ် X series ဖုန်းတွေထုတ်လုပ်မှု နဲ့
မိုဘိုင်းဈေးကွက်ကို ပြန် လည်ရယူဖို့ ကြိုးစားလာပါတယ်။ ကျစ်လျစ်သပ်ရပ်
တဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ XA ဖုန်းကို စမ်းသပ်လေ့လာကြည့်တဲ့အခါမှာ ထင်မှတ်
မထားတဲ့ တုံ့ပြန်မှုတွေ ရရှိလာပါတယ်။ အခုဆိုရင် ပြည်တွင်း ဈေးကွက်
မှာတောင် Sony ဖုန်းအသစ်တွေကို ၀ယ်ယူနိုင်နေပြီပဲဖြစ်ပါတယ်။
မျက်နှာပြင်အရွယ်အစား ၅ လက်မနဲ့အတူ ပုံရိပ်ဖော်ပြနိုင်မှုမှာတော့ 720p ရရှိနိုင်ပါလိမ့်မယ်။ ဆင်းကတ်ထည့်သွင်း သုံးစွဲမှုတော့ နာနိုဆင်းကိုသာ ထည့်သွင်းနိုင်ပါလိမ့်မယ်။ ဒါအတွက်လည်း အခုဆိုရင် MPT က နာနို ဆင်းကတ်တွေ လဲလှယ် ပေးနေပါပြီ။အကြမ်းခံကာကွယ်နိုင်မှုအတွက်ကိုတော့ scratch resistant-glass ကိုသုံးထားပါတယ်။ တိကျသပ်ရပ်တဲ့ ပုံရိပ် ဖော်ပြနိုင် အစွမ်းအတွက် ထောက်ပံ့ပေးမှာကတော့ 249ppi နဲ့အတူ Sony က ထောက်ပံ့ ပေးထားတဲ့ display နည်းပညာတွေ ကိုပါ ရရှိနိုင်ပါလိမ့်မယ်။ IPS-LCD ထိတွေ့မျက်နှာပြင်ဖြစ်ပြီး multi-touch အတွက်လက်ချောင်း ၄ ခုသာ ထောက်ပံ့ပေး မှာဖြစ်ပါတယ်။
Sony အနေနဲ့ XA ရဲ့ ကိုယ်ထည်ဒီဇိုင်းပိုင်းကို
ကျစ်လျစ်သပ်ရပ်မှုရှိစေဖို့အတွက် edge အ၀ိုက်ပုံစံလေးတွေဖြစ် အောင်
လုပ်ထားပြီး စပီကာကို ဖုန်းရဲ့အောက်ခြေမှာ တပ်ဆင်ပေးထားပါတယ်။ ပါဝါခလုတ်၊
အသံ အတိုး၊ အကျယ် ခလုတ်နဲ့ ကင်မရာရိုက်ကူးဖို့အတွက် ခလုတ်ကိုတော့
ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာတပ်ဆင်ပေးထားပါတယ်။ ဘယ်ဘယ်ဘေးဘောင် မှာတော့
ဆင်းကတ်ထည့်သွင်းစရာ tray ပေါက်နဲ့ SD card ထည့်စရာအံဝှက်လေးတွေကို
တွေ့ရမှာဖြစ်ပါတယ်။ အခြားစမတ် ဖုန်းတွေလို SD card ထည့်သွင်းတဲ့နေရာနဲ့
ဆင်းကတ်ထည့်သွင်းတဲ့နေရာကို အတူတူမဟုတ်ဘဲ ခွဲခြားပြုလုပ်ပေးထားပါတယ်။
ဆင်းကတ် ၂ခုအထိ ထည့်သွင်းနိုင်ပြီး Nano SIM သာလက်ခံနိုင်မှာဖြစ်ပါတယ်။
ကင်မရာကိုတော့ နောက်ကျောဘက်ထောင့် မှာ တပ်ဆင်ထားပါတယ်။ UI အပြင်အဆင်ကို
ကြည့်လိုက်တဲ့အခါမှာလည်း Xperia UI ထက်စာရင် Google UI ပုံစံမျိုး
ဖြစ်သွားပါတယ်။
Sony သုံးစွဲသူတွေအတွက် ရိုးရှင်းတဲ့ဒီဇိုင်းနဲ့
သုံးစွဲနိုင်မှာဖြစ်ပြီး မြန်မာ ဖောင့်အတွက်တော့ သေချာ ထည့်သွင်းပေးမှသာ
ရပါလိမ့်မယ်။ ဒီဖုန်းက Dual SIM ဆင်းကတ် ၂ ကတ်ဗားရှင်းဖြစ်ပါတယ်။ ၂ ကတ်
စလုံးက 3G Network ကိုအသုံးပြုနိုင် ပါတယ်။ အခြားသော WiFi, Bluetooth 4.0,
NFC စတာ တွေလည်းအားလုံးပါရှိပါသေးတယ်။ မော်ဒယ်နှစ်မျိုး ထုတ်ထားပြီး
ပြည်တွင်း ဈေးကွက်ကိုတော့ Dual SIM ပဲရှိမှာပါ။ ကိုယ်ထည်ရဲ့
ဘေးဘက်ဘောင်တွေ ကိုတော့ အလူမီနီယမ်နဲ့ ဖြစ်ပြီး ကျန်တဲ့အပိုင်းတွေ
အားလုံးကိုတော့ ပလတ်စတစ်အသုံးပြုထားပါတယ်။ ဖန်သား အကွေးပုံစံလေးနဲ့အတူ X
စီးရီး ဖုန်းတွေထဲမှာ တော့ ဈေးအသက်သာဆုံးလို့ ဆိုနိုင်ပါတယ်။
Sony
ရဲ့ဖုန်း အသစ်ဟာ ကင်မရာဖုန်းလို့တောင် ဆိုနိုင်ပါတယ်။ သူ့မှာ ကင်မရာနဲ့
ပတ်သက်တဲ့လုပ်ဆောင်ချက်တွေကို အများအပြား သုံးစွဲနိုင်လို့ပါ။ လက်တွေ့
စမ်းသပ်သုံးစွဲမှုတွေအရ နောက်ဆုံးပေါ် စမတ်ဖုန်းအများစုနဲ့ ကင်ရာပိုင်းဆိုင်
ရာ လုပ်ဆောင်ချက်ကို ယှဉ်ကြည့်တဲ့အခါမှာ XA မှာ သာနေတဲ့အချက်တွေ
ရာခိုင်နှုန်းအတော်များနေပါတယ်။ အရှေ့ဘက် ကင်မရာနဲ့ဓာတ်ပုံရိုက်ကြည့်
တဲ့အခါမှာ ကျယ်ပြန့်တဲ့ရုပ်ပုံဖမ်းယူမှုကိုပေးထားပြီး ရှင်းလင်းပြတ်သားမှု
လည်း ရှိပါတယ်။ Sony ရဲ့ မျိုးဆက်သစ်ကင်မရာဖုန်းဖြစ်ပြီး selfie pro
စမတ်ဖုန်းလို့တောင် ဆိုနိုင်တယ်။ သူရဲ့လုပ်ဆောင်နိုင်မှုတွေကို သွက်လက်
မြန်ဆန်နေစေဖို့အတွက် Octa-core ပရိုဆက်ဆာကို သုံးထားပါတယ်။
ပရိုဆက်ဆာရဲ့ထောက်ပံ့ပေးမှုကြောင့် Octa-core 2.0 GHz Cortex-A53
အမြန်နှုန်း ရရှိနိုင်မှာဖြစ်ပြီး ဖျော်ဖြေရေးဆိုင်ရာ၊ ဂိမ်းတွေဆော့ကစားတဲ့
အခါမှာ မြန်ဆန်သွက်လက်တဲ့ စွမ်းဆောင်မှုကိုရရှိစေပြီး multitask
လုပ်ဆောင်ချက်ကလည်း ပြည့်စုံပါတယ်။ Selfie ရိုက်တယ်ဆိုတဲ့နေရာမှာ
ဓာတ်ပုံသီးသန့် သာရိုက်နိုင်တာ မဟုတ်ပါဘူး။ Selfie video တွေလည်း
ရိုက်ကူးနိုင်ပါတယ်။ အဲ့လုပ်ဆောင်ချက်အတွက် 8MP Exmor R အရှေ့ဘက် ကင်မရာကို
တပ်ဆင်ပေးထားပါတယ်။ Selfie ရိုက်ကူးမှာတော့ လုပ်ဆောင် ချက် ၎
ခုပေးထားပြီး၊ AR effect, stickercreater, sound photo လုပ်ဆောင်
ချက်တွေကိုလည်း သုံးနိုင်ပါလိမ့်မယ်။
အလင်းရောင်မလုံလောက်တဲ့
အခန်းထဲမှာ ရိုက်ကူးတဲ့ပုံတွေအတွက်
ရှင်းလင်းပီသတဲ့ ရုပ်ထွက်ကိုပေးစွမ်းမှာဖြစ်ပြီး wide angle က 25mm
ပေးစွမ်းမှာပါ။ LED ဖလပ်ကိုလည်း လိုအပ်သလိုချိန်ညှိနိုင်ပါလိမ့်မယ်။
အရှေ့ဘက်ကင်မရာအတွက် auto flash တပ်ဆင်ပေးထားပြီး Soft Snap,
Nightportrait, infan လုပ်ဆောင်ချက်တွေကို အသုံးချနိုင်ပါလိမ့်မယ်။
နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကတော့ video တွေရိုက်တဲ့အချိန်မှာ
သုံးဖို့အတွက် steadyshot နည်းပညာကို ထောက်ပံ့ပေးထားလို့ လက်မငြိမ်လို့
ပုံတွေမကောင်းတာမျိုးတွေ ဖြစ်စေတော့မှာ မဟုတ်ပါဘူး။
ကင်မရာနဲ့
ဓာတ်ပုံရိုက်တဲ့အချိန်ဟာ စက္ကန့်ပိုင်းလောက်သာကြာမြင့်စေမှာပါ။
ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သွက်လက်စွာစွမ်းဆောင်နိုင်
စေဖို့အတွက် 64bit 8core ပရိုဆက်ဆာရဲ့ထောက်ပံ့မှုကလည်း အရေးကြီး လှပါတယ်။
ဂရပ်ဖစ်ပိုင်းဆိုင်ရာအတွက်ဆိုရင်တော့ mail T860MP2 ကို
ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ အချက်အလက် သိုလှောင်သိမ်းဆည်း
နိုင်ဖို့အတွက်ကတော့ 16GB ROM နဲ့အတူ 2GB RAM က သင့်တင့်တဲ့
သိုလှောင်မှုပမာဏကို ပေးစွမ်းပါ လိမ့်မယ်။ အဓိက,ကင်မရာကတော့ 13MP ဖြစ်ပြီး
1/3sensor အရွယ်အစားနဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ နှစ်ရက်တာ
ဘက်ထရီသက်တမ်းကောင်းမွန်မှုနဲ့အတူ Octa-Core Chipset စွမ်းဆောင်ရည်ကြောင့် ၅
လက်မ မျက်နှာပြင်မှာ ဂိမ်းတွေကို မြန်ဆန်စွာ ဆော့ကစားနိုင်၊ app တွေကို
သွက်လက်စွာသုံးစွဲနိုင်မှာဖြစ်ပါတယ်။
အရောင် အနေနဲ့ကတော့ ၄ မျိုးရွေးချယ်
ဝယ်ယူနိုင်မှာပါ။ 2300mAh ဘက်ထရီ စွမ်းအားမှာ၊ ဘက်ထရီကိုမြန်ဆန်စွာ
အားသွင်းနိုင်မယ့် Pump Express+ 2.0 ထောက်ပံ့ပေးထားပြီး၊
ကွန်ရက်ဆက်သွယ်ချိတ်ဆက် မှုတွေအတွက် NFC, USB 2.0, Wi-Fi တို့ကို
သုံးနိုင်မှာပါ။ လက်ရှိ ပြည်တွင်းမှာရှိတဲ့ အော်ပရေတာ တွေရဲ့ Sim-Card
တွေနဲ့ သင့်တော်တဲ့အပြင် လုပ်ငန်းကိစ္စနှင့် ကိုယ်ရေး ကိုယ်တာ
ခွဲခြားသုံးစွဲနိုင်စေမယ့် Dual-Sim ဖုန်းလေးပဲဖြစ်ပါတယ်။
www.pyaephyo.com






0 comments:
Post a Comment