မြေငလျင် ဖြစ်ပေါ်ပြီး မြန်မာစံတော်ချိန် (၁၈)နာရီ(၁၀)မိနစ်အထိ စာရင်းကောက် ခံချက် အရ ဘုရားပုထိုး ၆၅ ဆူ ထိခိုက်မှုရှိ




၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အား ပြင်းထန်သော မြေင လျင် ဖြစ်ပေါ်ခဲ့ရာ ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ဓမ္မရံကြီး၊ထီးလိုမင်းလို စေတီတော် ကွမ်းတောင်များပြိုကျခဲ့ပါသည်။

မြန်မာစံတော်ချိန် (၁၈)နာရီ(၁၀)မိနစ်အထိ စာရင်းကောက် ခံချက် အရ ဘုရားပုထိုး ၆၅ဆူထိခိုက်မှုရှိကြောင်းဆက်လက်စစ်ဆေးလျက် ရှိကြောင်း ကနဦးသတင်းရရှိပါသည်။




၂၄.၈.၂၀၁၆

Credit: Ministry of Religious Affairs and Culture

Ref : MOI Web portal Myanmar


0 comments:

Post a Comment