ကိုရီးယားကနေထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ Samsung Electronic ရဲ့
မိုဘိုင်းလ်ဆက်သွယ်ရေး ဆိုင်ရာ ဥက္ကဌဖြစ်သူ Koh Dong Jin ဟာ
လတ်တလောထွက်ရှိထားတဲ့ Samsung alaxy Note 7 ဖုန်းကို လာမယ့် ၂လ
၃လအတွင်းမှာ Android ရဲ့ နောက်ဆုံးထွက် ဗားရှင်းဖြစ်တဲ့ Android 7.0 Nougat
နဲ့ ရရှိနိုင်အောင်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။
ဒါပေမယ့် ဒီလို Update ပြုလုပ်မှုဟာ လာမယ့် နှစ်ကုန်ပိုင်းလောက်ထိတော့ ရရှိနိုင်ဖွယ်မရှိသေးကြောင်း မီဒီယာတွေက ဖော်ပြနေခဲ့ကြပါတယ်။ အခုလောလောဆယ်ထွက်ရှိထားတဲ့ Note 7 ဖုန်းကိုတော့ Android 6.0 Marshmallow ဗားရှင်းနဲ့ ထုတ်လုပ်ထားခဲ့တာပါ။
Nougat ဟာ လတ်တလောမှာ Beta အနေနဲ့သာ ထွက်ရှိထားတဲ့ Android ရဲ့ နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး အသုံးပြုတဲ့ စမတ်ဖုန်းတွေလည်း လတ်တလောမှာမရှိသေးတာပါ။ အဲ့ဒီအပြင် အခုလိုမျိုး Update ပြုလုပ်မှုကို အဓိကစမတ်ဖုန်းဖြစ်တဲ့ Galaxy S7 စမတ်ဖုန်းမှာရော ပြုလုပ်မယ်။ မလုပ်သေးဘူး ဆိုတာ သဲသဲကွဲကွဲ သိရှိရခြင်း မရှိသေးပါဘူး။

Credit to ==> Digital Time
www.pyaephyo.com

0 comments:
Post a Comment