ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုနဲ့အတူတူ
ဓာတ်ပုံတွဲရိုက်ချင်တဲ့ ကိုကိုမမတွေအတွက် Selfie ကင်မရာအက်ပလီကေးရှင်းတစ်ခု
ထွက်လာပါပြီ။
ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် ရော်နယ်ဒိုကိုယ်တိုင် ထုတ်လုပ်ထားတဲ့ app
တစ်ခုဖြစ်ပြီး၊ CR7Selfie လို့ အမည်ပေးထားကာ Save The Children
အဖွဲ့အစည်းရန်ပုံငွေ အတွက်ဖြစ်ပါတယ်။
CR7Seflie အသုံးပြုသူတွေအနေနဲ့ အိုက်တင်အမျိုးမျိုးပေးထားတဲ့
ရော်နယ်ဒိုပုံပေါင်း ၆၈ ခုရွေးချယ်ကာ အတူတွဲရိုက်နိုင်ပြီး၊ အင်္ကျီဗလာနဲ့
ရော်နယ်ဒိုပုံတောင် ပါဝင်ပါသေးတယ်။
CR7Seflie app ကို iTunes ကော Google Play
မှာပါ ရရှိနိုင်ပြီဖြစ်ပြီး၊ ရန်ပုံငွေ app ဖြစ်တာကြောင့် ၂.၈၉ ဒေါ်လာနဲ့
ဝယ်ယူရမှာဖြစ်ပါတယ်။ App အတွင်းက နောက်ထပ်ဓာတ်ပုံတွေနဲ့ filter တွေကိုတော့ ၁
ဒေါ်လာ (၉၉ ဆင့်) နဲ့ ရောင်းချပေးသွားမှာပါ။.
CR7 နဲ့ ဓာတ်ပုံတွဲရိုက်ချင်သူအနေနဲ့ ကိုယ့်ပုံကို ဓာတ်ပုံထဲမှာ
ဝင်အောင် ချိန်ရိုက်ဖို့ပဲလိုပြီး၊ ရိုက်ပြီးသွားတဲ့အခါ app ကနေ
အကောင်းဆုံးနဲ့ အပီပြင်ဆုံးပုံထွက်အောင် ချိန်ညှိပေးသွားမှာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ ပရိတ်သတ်ပေါင်း သန်း ၂၃၀
ကျော်ရှိတာကြောင့်၊ ဒီ app ကနေ ဝင်ငွေအများအပြား
ရရှိဖို့မျှော်မှန်းထားပြီး၊ အဆိုပါဝင်ငွေထဲကနေ တစ်ချို့တစ်ဝက်ဟာ Save The
Children အဖွဲ့အစည်းအတွက် ရန်ပုံငွေဖြစ်လာမှာပါ။
www.pyaephyo.com






0 comments:
Post a Comment