Facebook
ဟာ ဆိုရှယ်နက်ဝေါ့ခ်လုပ်ငန်းတင်မကဘဲ အခုဆိုရင် ဂိမ်းလောကထဲပါ ဝင်ရောက်ဖို့
ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ Facebook ဟာ ဂိမ်းအင်ဂျင် Unity နဲ့
ပူးပေါင်းကာ သီးသန့် Desktop
ဂိမ်းပလက်ဖောင်းတစ်ခုကို လုပ်ဆောင်လျက်ရှိကြောင်း ယနေ့
တရားဝင်ကြေငြာခဲ့ပါတယ်။
ယနေ့ကစပြီး သြဂတ်စ် ၃၁ ရက်နေ့အထိ Unity developer တွေအနေနဲ့ Facebook ပေါ်မှာ မိမိတို့ရဲ့ဂိမ်းတွေကို export လုပ်ပြီး Alpha အဆင့်စမ်းသပ်ဖို့အတွက် ဒီနေရာကနေ ဖောင်တင်လို့ရပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Android နဲ့ iOS ဂိမ်းတွေအပြင် Facebook ရဲ့ နာမည်ကျော်ဆိုရှယ်ဂိမ်းတွေနဲ့ တခြား PC ဂိမ်းအမြင့်စားတွေလည်း အဆိုပါပလက်ဖောင်းမှာ တင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Steam နဲ့ တခြားဂိမ်းပလက်ဖောင်းတွေကို ယှဉ်ပြိုင်မယ့် ကြိုးပမ်းမှုဖြစ်ပြီး၊ Facebook ဟာ သုံးစွဲသူအခိုင်အမာရှိပြီးဖြစ်တာကြောင့် အချိန်အနည်းငယ်အတွင်းမှ အောင်မြင်လာဖို့ရှိနေပါတယ်။ ဒီ့အပြင် Facebook ဟာ Unity နဲ့ ပူးပေါင်းကာ VR ဂိမ်းတွေကိုလည်း ရေးဆွဲလျက်ရှိပြီး၊ မကြာခင်ထုတ်ပေးသွားဖွယ် ရှိတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်၊ စတုတ္ထသုံးလပတ်မှာ ဆိုရှယ်ဂိမ်းတွေကနေ ဒေါ်လာ ၂၅၇ သန်းအထိ ရှာနိုင်ခဲ့တဲ့ Facebook ဟာ ၂၀၁၄ နောက်ပိုင်းမှာ မိုဘိုင်းဂိမ်းတွေနဲ့ မိုဘိုင်းအက်ပလီကေးရှင်းစတိုးတွေ တွင်ကျယ်လာမှုကြောင့် ဝင်ငွေ ၁၉၇ သန်းအထိ ကျဆင်းခဲ့ရပါတယ်။
Facebook အနေနဲ့ အခုအခါ Unity နဲ့ ပူးပေါင်းကာ ဝင်ငွေကောင်းတဲ့ ဂိမ်းလောကထဲ ပြန်ဝင်ဖို့ ကြိုးစားနေပြီး၊ ယခုဂိမ်းပလက်ဖောင်းအသစ်ဟာ Facebook အတွက် အကျိုးအမြတ် အသစ်တွေ ပြန်ရှာပေးနိုင်မှာဖြစ်ပါတယ်။
Credit to ==> Digital Timesယနေ့ကစပြီး သြဂတ်စ် ၃၁ ရက်နေ့အထိ Unity developer တွေအနေနဲ့ Facebook ပေါ်မှာ မိမိတို့ရဲ့ဂိမ်းတွေကို export လုပ်ပြီး Alpha အဆင့်စမ်းသပ်ဖို့အတွက် ဒီနေရာကနေ ဖောင်တင်လို့ရပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Android နဲ့ iOS ဂိမ်းတွေအပြင် Facebook ရဲ့ နာမည်ကျော်ဆိုရှယ်ဂိမ်းတွေနဲ့ တခြား PC ဂိမ်းအမြင့်စားတွေလည်း အဆိုပါပလက်ဖောင်းမှာ တင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Steam နဲ့ တခြားဂိမ်းပလက်ဖောင်းတွေကို ယှဉ်ပြိုင်မယ့် ကြိုးပမ်းမှုဖြစ်ပြီး၊ Facebook ဟာ သုံးစွဲသူအခိုင်အမာရှိပြီးဖြစ်တာကြောင့် အချိန်အနည်းငယ်အတွင်းမှ အောင်မြင်လာဖို့ရှိနေပါတယ်။ ဒီ့အပြင် Facebook ဟာ Unity နဲ့ ပူးပေါင်းကာ VR ဂိမ်းတွေကိုလည်း ရေးဆွဲလျက်ရှိပြီး၊ မကြာခင်ထုတ်ပေးသွားဖွယ် ရှိတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်၊ စတုတ္ထသုံးလပတ်မှာ ဆိုရှယ်ဂိမ်းတွေကနေ ဒေါ်လာ ၂၅၇ သန်းအထိ ရှာနိုင်ခဲ့တဲ့ Facebook ဟာ ၂၀၁၄ နောက်ပိုင်းမှာ မိုဘိုင်းဂိမ်းတွေနဲ့ မိုဘိုင်းအက်ပလီကေးရှင်းစတိုးတွေ တွင်ကျယ်လာမှုကြောင့် ဝင်ငွေ ၁၉၇ သန်းအထိ ကျဆင်းခဲ့ရပါတယ်။
Facebook အနေနဲ့ အခုအခါ Unity နဲ့ ပူးပေါင်းကာ ဝင်ငွေကောင်းတဲ့ ဂိမ်းလောကထဲ ပြန်ဝင်ဖို့ ကြိုးစားနေပြီး၊ ယခုဂိမ်းပလက်ဖောင်းအသစ်ဟာ Facebook အတွက် အကျိုးအမြတ် အသစ်တွေ ပြန်ရှာပေးနိုင်မှာဖြစ်ပါတယ်။
www.pyaephyo.com

0 comments:
Post a Comment