WhatsApp ဟာ နောက်ဆုံးမှာတော့ ကောလဟာလတွေ ထွက်ရှိထားတဲ့အတိုင်း Voice
Message လုပ်ဆောင်ချက်ကို Android နဲ့ iOS အသုံးပြုသူတွေအတွက်
ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
အသံမက်ဆေ့ပို့လို့ရပြီဖြစ်တာကြောင့်၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်က WhatsApp မှာ ဖုန်းမကိုင်လိုက်နိုင်ဘူးဆိုရင်တောင်၊ အရေးကြီးစကားကို မက်ဆေ့ထားခဲ့နိုင်မှာဖြစ်ပါတယ်။
WhatsApp ကနေ ဖုန်းခေါ်ဆိုလိုက်တဲ့အခါ၊ တစ်ဖက်ကမကိုင်လိုက်ဘူးဆိုရင် အောက်နားမှာ Cancel ၊ Call Again နဲ့ Voice Message တို့ ပါဝင်လာတာ တွေ့ရပါတယ်။ ကိုယ်ပြောချင်တဲ့ အသံမက်ဆေ့ကို Voice Message ခလုတ်ကို ဖိနှိပ်ထားပြီး ပြောဆိုနိုင်ကာ၊ ပြောပြီးမှ ဖိထားတာကို လွှတ်ပေးလိုက်ရမှာဖြစ်ပါတယ်။
WhatsApp နောက်ဆုံး Android ဗားရှင်းမှာ ဖိုင် ဒါမှမဟုတ် မက်ဆေ့ကို လူအများအပြားဆီ တစ်ပြိုင်တည်းပို့နိုင်မှာဖြစ်သလို၊ စာရိုက်တဲ့အခါ မျက်တောင်အဖွင့်အပိတ်ခံရိုက်ရင် ဖွန့်အသစ်တစ်မျိုးနဲ့ စာပို့ပေးမယ့် လှို့ဝှက်လုပ်ဆောင်ချက်တစ်ခုလည်း ပါဝင်လာပါတယ်။
နောက်ဆုံးရရှိထားတဲ့သတင်းအရ WhatsApp ဟာ ဗီဒီယိုခေါ်ဆိုမှု နဲ့ GIF ပုံတွေ ပို့နိုင်အောင်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Credit to ==> Digital Timeအသံမက်ဆေ့ပို့လို့ရပြီဖြစ်တာကြောင့်၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်က WhatsApp မှာ ဖုန်းမကိုင်လိုက်နိုင်ဘူးဆိုရင်တောင်၊ အရေးကြီးစကားကို မက်ဆေ့ထားခဲ့နိုင်မှာဖြစ်ပါတယ်။
WhatsApp ကနေ ဖုန်းခေါ်ဆိုလိုက်တဲ့အခါ၊ တစ်ဖက်ကမကိုင်လိုက်ဘူးဆိုရင် အောက်နားမှာ Cancel ၊ Call Again နဲ့ Voice Message တို့ ပါဝင်လာတာ တွေ့ရပါတယ်။ ကိုယ်ပြောချင်တဲ့ အသံမက်ဆေ့ကို Voice Message ခလုတ်ကို ဖိနှိပ်ထားပြီး ပြောဆိုနိုင်ကာ၊ ပြောပြီးမှ ဖိထားတာကို လွှတ်ပေးလိုက်ရမှာဖြစ်ပါတယ်။
WhatsApp နောက်ဆုံး Android ဗားရှင်းမှာ ဖိုင် ဒါမှမဟုတ် မက်ဆေ့ကို လူအများအပြားဆီ တစ်ပြိုင်တည်းပို့နိုင်မှာဖြစ်သလို၊ စာရိုက်တဲ့အခါ မျက်တောင်အဖွင့်အပိတ်ခံရိုက်ရင် ဖွန့်အသစ်တစ်မျိုးနဲ့ စာပို့ပေးမယ့် လှို့ဝှက်လုပ်ဆောင်ချက်တစ်ခုလည်း ပါဝင်လာပါတယ်။
နောက်ဆုံးရရှိထားတဲ့သတင်းအရ WhatsApp ဟာ ဗီဒီယိုခေါ်ဆိုမှု နဲ့ GIF ပုံတွေ ပို့နိုင်အောင်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
www.pyaephyo.com

0 comments:
Post a Comment