အင်တာနက်အသုံးပြုရင်း Ads လို့ခေါ်တဲ့ ကြော်ငြာတွေ တတ်တတ်လာတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်... အခုနောက်ပိုင်း ကြော်ငြာတွေကတဆင့် Virus ဝင်တဲ့ဖုန်းတွေ တော်တော်များလာတာတွေ့ရပါတယ်... Factory Reset ချပေးရုံနှင့် အဆင်မပြေတော့ပါဘူး.. Firmware ပြန်တင်တာတောင်မှ တချို့ဖုန်းတွေမှာဘယ်လိုမှထုတ်ပစ်လို့မရပါဘူး။
ဒါကြောင် Mobile ဖုန်းအသုံးပြုသူတိုင်း သတိထားပြီး ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းတချို့ကိုဖေါ်ပြပေးလိုက်ပါတယ်...
(၁) အသစ်အဆန်းဆိုတိုင်း စိတ်မဝင်စားပါနှင့်၊
(၂) Free ဆိုတိုင်းလည်း စိတ်မဝင်စားပါနှင့် (Free နောက်မှာ ကိုယ်မမြင်နိုင်တာတွေရှိနေတတ်ပါတယ်)၊
(၃) ကိုယ်မသိတဲ့ (နားမလည်တဲ့) [http://www.xxxxxxx] Link တွေကို မနှိပ်ပါနှင့်၊
(၄) Download ဆွဲတဲ့အခါ Ads ကြော်ငြာ Page တွေ ကြားခံထားတာကြောင့် Skip AD ကိုနှိပ်လိုက်တာနဲ့ နောက်ကွယ်မှာ အလိုလိုဒေါင်းယူနေတတ်တာကိုသတိပြုပါ.. ဒေါင်းယူနေတာဟာ မိမိ လိုချင်တဲ့ Application (APK) ဟုတ် မဟုတ်စစ်ဆေးပါ။
(၅) Application (APK) တစ်ခုကို Install မလုပ်ခင် သေချာစီစစ်ပြီးမှ Install လုပ်ပါ။
(၆) Ads ကြော်ငြာLink တွေမနှိပ်မိစေရန် နှင့် Virus မဝင်နိုင်စေရန် အောက်ပါအတိုင်း လုပ်ဆောင်ပေးပါ...

(သို့မဟုတ်)
Google Search မှာ adfree ဟု ရိုက်ထည့်ပြီး ရှာလိုက်ပါ..
Adfree Main Menu ကိုနှိပ်လိုက်ပါ...
Download Adfree ကိုနှိပ်ပါ...
OK နှင့် ဒေါင်းယူလိုက်ပါ..
Install လုပ်ပါ...
AdFree ကိုဖွင့်ပါ..
Root access ရှိလျှင် Allow ကိုနှိပ်ပေးပါ။
OK
Skip ကိုရွေးပါ.....
Check server for updates daily ကို Check လုပ်ပါ...
Automatically Apply Updates ကိုလည်း Check လုပ်ပါ..
Download & Install Hosts ကိုနှိပ်လိုက်ပါ..
OK
အားလုံးပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။
ဖုန်းပြန်ပွင့်လာရင်...
(၇) အောက်ပါ Antivirus များမှ မိမိနှစ်သက်ရာ Antivirus တစ်ခုကို Install လုပ်ပါ.. မကြမကြာ Scan နှင့် စစ်ဆေးပေးပါ။
AhnLab V3 Mobile Security
Mobile Security & Antivirus
AVL Mobile Security
AVAST Mobile Security
(ဒေါင်းယူရတာအဆင်မပြေရင် ဒီနေရာမှ တဆင့်ဒေါင်းယူနိုင်ပါတယ်)
ဖေါ်ပြပါနည်းအတိုင်း Android ဖုန်းတိုင်းမှာ မဖြစ်မနေ လုပ်ဆောင်ထားသင့်ပါတယ်။
Virus နှင့်ပါတ်သက်ပြီး Mobile ဖုန်းများအတွက် အခြား Update ဖြစ်တဲ့ Application (APK) သို့မဟုတ် ပိုမိုအဆင်ပြေမဲ့ နည်းလမ်းတွေရှိခဲ့လျှင် Update လုပ်ပေးသွားပါမယ်။
19th July 2016 ဒီကနေ့ ဒီနေရာမှာ Update လုပ်ပေးထားပါတယ်။
အခုတလော Ads Virus တွေ ပျံ့နှံ့နေတာကြောင့် မသိသေးတဲ့ နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့ပါနှင့်။
19th July 2016 ဒီကနေ့ ဒီနေရာမှာ Update လုပ်ပေးထားပါတယ်။
အခုတလော Ads Virus တွေ ပျံ့နှံ့နေတာကြောင့် မသိသေးတဲ့ နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့ပါနှင့်။
WinKabarKyaw [WKK]
http://winkabarkyaw.net

8 comments:
ကျေးဇူးပါ ကိုဝင်း
ကျေးဇူးပါဆရာ
မရဘူး အကို့ရေ root မရှိလို့ဖြစ်နေတယ် ကြော်ငြာ တွေခဏခဏဝင်တော့ စိတ်ညစ်တယ်
မရဘူး အကို့ရေ root မရှိလို့ဖြစ်နေတယ် ကြော်ငြာ တွေခဏခဏဝင်တော့ စိတ်ညစ်တယ်
တခြားနည်းလမ်းရှိရင်လုပ်ပါအုံး ROOT မရှိလဲလုပ်လို့ရအောင်
ဒီနည်းကလည်း Root မလိုပါဘူးခင်မျာ.....
အရင်က ကြော်ငြာတွေဝင်ထားမျိုးကတော့ ဒီနည်းနဲ့ အဆင်မပြေနိုင်ပါဘူးခင်မျာ... Factory Reset ချကြည့်ပါ... Factory Reset ချလို့မှ အဆင်မပြေရင်တော့ Firmware ပြန် Install လုပ်မှပဲ ပြေနိုင်ပါမယ် .... :)
Coincidently meet this post when watching TV. Keep posting very interesting post like that!
-----http://appnaz.com/android/netflix-com.netflix.mediaclient-----
Post a Comment