အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ လာမယ့် ဇူလိုင် ၁၄ ရက်နေ့ကျရင် ဆန္ဒပြတာတွေ မလုပ်ဖို့ မဘသ(ဗဟို) ကနေ ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုလုပ်ရတာဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းရဲ့ မဘသ မလိုတော့ဘူးဆိုတဲ့ပြောဆိုချက်ဟာ အစိုးရအဖွဲ့ရဲ့
ပြောဆိုချက်မဟုတ်ဘဲ ဒီမိုကရေစီသဘောအရ တစ်ဦးတစ်ယောက်ချင်းရဲ့
သဘောထားဖြစ်တာကြောင့်လို့ ဆိုပါတယ်။
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့
(မဟန) အနေနဲ့ ဇူလိုင် ၁၃ နဲ့ ၁၄ ရက်တွေမှာ အထူးအစည်းအဝေးထိုင်ပြီး မဘသအဖွဲ့
ဆက်လက်တည်ရှိခွင့် ရှိမရှိအပေါ် ဆုံးဖြတ်ကြတော့မှာဖြစ်ပြီး
မဘသဖွဲ့စည်းထူထောင်ထားမှု တရားဝင်မှုအပေါ် လူမှုကွန်ရက်တွေပေါ် ဝေဖန်မှုတွေ
ပြင်းထန်နေပါတယ်။
ဒီအချိန်မှာ တစ်ပတ်အတွင်း မတောင်းပန်ရင် ဆန္ဒပြမယ်ဆိုတဲ့
မဘသရဲ့သဘောထားပြောင်းလဲသွားတာဖြစ်ပါတယ်။








0 comments:
Post a Comment