
“ကောင်လေး… အထီးကျန်ခြင်းတစ်ခွက်ပေးဟေ့
ဘားထဲဝင်လာတဲ့ လူရွယ်တစ်ဦးက ဆိုင်ဝန်ထမ်းကောင်လေးကို လှမ်းအော်ပြောတယ်။
“ဆောရီးပဲ အစ်ကို… အထီးကျန်ခြင်းကုန်နေတယ်… ဟာတာတာပဲ ကျန်ပါတယ်”
“အဲဒီလိုဆိုရင်လည်း စိတ်ချမ်းသာခြင်းတစ်ခွက်ပေး
“ဆောရီး အစ်ကို… အဲဒါရောင်းကုန်သွားပြီ။ အစ်ကိုသောက်နေကျ တစ်ကိုယ်တည်းတစ်ခွက်လောက်ယူ
“ဟာ… အဲဒီတစ်ကိုယ်တည်းကို ငါသောက်နေတာ ၅နှစ်ရှိသွားပြီကွ.. ဒီနေ့ အရသာတစ်မျိုးပြောင်းချင်တယ်
“ဒါတော့ရှိတယ် အစ်ကို.. ဒါပေမယ့် ရေရောတယ်.. မစစ်ဘူး”
“ဒါဆိုရင် စစ်မှန်ခြင်းရော”
“မနေ့က ဟန်ဆောင်ပန်ဆောင်ရောင်းတုန်
“ထားလိုက်ကွာ.. ဒါဆို အချစ်စစ်တစ်ခွက်ပေးကွာ”
“အစ်ကိုကလည်းဗျာ… ကျွန်တော့်ကို အကြပ်ရိုက်နေတာပဲ။ ဒီကနေ့ခေတ်မှာ ဒီပစ္စည်းလုံးဝမရှိတော့ဘူး..
“အင်း…. အချစ်စစ်ကို မသောက်ရတာ နှစ်ပေါင်းများစွာကြာခဲ့လို
“အစ်ကို.. မသောက်တာကြာရင် သောက်မနေပါနဲ့တော့အစ်ကို၊ သူက အရသာမဆိုးဘူးဆိုပေမယ့် လူကို အလွယ်တကူ အနာတရဖြစ်စေတတ်တယ်”
“မင်း ဘယ်လိုသိတာလဲ.. မင်းသောက်ဖူးလို့လား”
“အဆိပ်သာသောက်မယ် အဲဒီဟာကိုတော့ ကျွန်တော်သောက်မှာမဟုတ်ဘူး အစ်ကို၊ ကျွန်တော်က တခြားဧည့်သည်ပြောလို့ သိရတာပါ။ ဒါနဲ့ အစ်ကို အကြင်နာမဲ့ခြင်းကို တစ်ခွက်လောက်သောက်ကြည့်ပါလာ
“ဟား..ဟား… ဟိုးတစ်လောကပဲ ရက်စက်ခြင်းကို ဒီကောင်တွေသောက်ခဲ့ကြသေးတာ မဟုတ်လား.. ဘယ့်နှယ် တခြားအရာပြောင်းသောက်နေပါလိ
“အခု ဒါခေတ်စားနေတယ်လေ အစ်ကို”
“အင်း…. ထားလိုက်ပါတော့ အဲတာတော့ ငါမသောက်ချင်ဘူး… ဒါနဲ့ ချစ်သူရှိလား”
“ရှိတယ်… အစ်ကို ”
“ဒါဆို ချစ်သူတစ်ခွက်ပေးကွာ.. ကတိများများထည့်ပေးနော်”
“အခုလာတဲ့ ကတိတွေက အတုတွေများတယ် အစ်ကို”
“ဒါဆို အတွင်းသိအစင်းသိရောရှိလား..
“ဒါက ဈေးကြီးတယ်အစ်ကို.. ရာသက်ပန်နဲ့ ဝယ်မှရတယ်”
“အေး.. ဒါဆို တစ်ခွက်ပေးကွာ..
အော် နောက်ပြီး အချစ်တစ်ထုပ် ပါဆယ်ဆွဲမယ်ဟေ့… အိမ်ကခွေးကို ကျွေးမလို့…”
----------------
နိုင်းနိုင်းစနေ






1 comments:
Post a Comment