
တရားဥပဒေစိုးမိုးမှုနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမျြိ့နယ်၌ ယနေ့(ဇူလိုင်လ ၁၃ရက်) နံနက် ၈ နာရီခွဲတွင် အမျိုးသမီးတစ်ဦးက မြို့တွင်းသို့ လှည့်လည်ကာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။
"ကျွန်မခုလိုဆန္ဒထုတ်ဖော်ရခြင်းက ကျမတို့မိသားစုတွေ တရားဥပဒေရဲ့အကာအကွယ်ကို
တန်းတူညီမျှမခံစားရဘူး။ အောက်ခြေလူတတ်းစား ဆင်းရဲသားပြည်သူလူထုအတွက်
တရားမျှတမှုဆိုတာပျောက်ကွယ်နေတယ်။ ငွေများတရားနိုင်စနစ်ကို မလိုပါဘူး။တရားဥပဒေရဲ့အကာအကွယ်ကို
ညီမျှစွာခံစားချင်ပါတယ်။ဆင်းရဲသားအောက်ခြေလူတန်းစားပြည်သူလူထုအတွက်တရားရေးမဏ္ဍိုင်ရဲ့
မျှတမှုမရှိသောဆုံးဖြတ်ချက်တွေကို နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးသိရှိအောင် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"ဟု
ဆန္ဒထုတ်ဖော်သူ ဒေါ်စုမွန်ထွန်းက ပြောကြားသည်။


ဓာတ်ပုံ - နေလင်းဖြူ
The Voice
Ref: Zaw Min Thant






0 comments:
Post a Comment