Prisma App ဆိုတာဟာ iOS မှာနာမည်ကျော်ကြားတဲ့ Photo App တစ်ခုဖြစ်ပါတယ်။
ဒါဟာယခုအခါမှာ Android ဖုန်းတွေအတွက် Beta ဗားရှင်းအနေနဲ့
ထွက်ရှိလာခဲ့ပါပြီ။ ဒါဟာဆိုရင်နောက်ပိုင်းမှာ Android App အနေနဲ့
ထွက်ရှိလာတော့မယ့် သဘောပဲဖြစ်ပါတယ်။
ဒါကြောင့်လက်ရှိအတွင်းမှာ ကျွန်တော်တို့အနေနဲ့ ဒီ “Filter App” ကို သေချာစမ်းဖြစ်ခဲ့ပါတယ်။ ဒီ App ဟာ သာမန် “Filter App” တွေနဲ့မတူပဲ AI စနစ်ထည့်သွင်းထားလို့ AI ရဲ့ အယ်လ်ဂိုရစ်သမ်အရ ပုံရိပ်ကို ပြန်လည်ဆွဲသားတဲ့ ပုံစံနဲ့ ပြုပြင်ပေးတာပဲဖြစ်ပါတယ်။ Filter ပေါင်း ၃၆ခုအထိ ထည့်သွင်းပေးထားတာဖြစ်လို့ အတော်များတယ်လို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာ Beta ဗားရှင်းအနေနဲ့ပဲ ထွက်သေးတာမို့လို့ တကယ့် App ကျရင်ဘယ်လိုရှိလာနိုင်မလဲ။ ယခုဗားရှင်းကရောဘယ်လောက်အဆင်ပြေလဲဆိုတာ စမ်းသပ်ပေးလိုက်ပါတယ်။
ကြောင်တစ်ကောင်ပုံကို စမ်းသပ်ရိုက်ကူးထားတာဖြစ်ကာ စမ်းသပ်တဲ့ဖုန်းကတော့ Galaxy S7 ဖုန်းဖြစ်ပြီး ပုံတစ်ပုံချင်းစီကိုအောက်က အယ်လ်ဘမ်မှာ ထောက်ကြည့်သွားနိုင်ပါတယ်။

Credit to ==> Digital Times
www.pyaephyo.com

0 comments:
Post a Comment