
Singtechရဲ့ ဖုန်းကောင်းများထဲတွင် တစ်လုံးအပါအ၀င်ဖြစ်သည့် Infinity L1
Plus သည် အရွယ်အစားကြီးမားကျယ်ပြန့်သည့် ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့
ကာလာဒီဇိုင်းသည်လည်းစွဲမက်လှပသောအသွင်အပြင် ရှိပါတယ်။ ဖုန်းရဲ့
မျက်နှာပြင်ဟာ5.5 inches အကျယ်အ၀န်းရှိတာကြောင့် ပုံရိပ်များကို ကြည့်ရှု
ခံစားတဲ့အခါတွင် အားပါးတရမြင်တွေ့ရပါတယ်။
မြင်ကွင်းစွမ်းရည်ကြည်လင်
စေဖို့အတွက်လည်း720× 1280 Pixels ပမာဏဖြင့် ထောက်ပံ့ပေးထား ပါတယ်။
ဖုန်းရဲ့မျက်နှာပြင် ဘေးဘောင်များတွင် နေရာအလွတ်သိပ်မရှိဘဲ
အပေါ်နှင့်အောက်ဘက် တွင်သာနေရာလွတ်အနည်းငယ်ရှိပါမယ်။
ဖုန်း ကိုယ်ထည်၏
ဘေးဘက်တစ်ချက်မှာတော့ ပါဝါခလုတ်နှင့် အသံအတိုးအချဲ့ ခလုတ်
တို့ကနေရာယူထားပါတယ်။ ဆင်းကတ်ထည့်သွင်းနိုင်မှုအပိုင်းတွင်
သုံးစွဲသူများအကြိုက်တွေ့စေရန် လည်းဆောင်ရွက်ပေးထားပါတယ်။ ဆင်းကတ်နှစ်ကတ်
ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီးထည့်သွင်းရမယ့် ဆင်းကတ်အမျိုးအစားကတော့
Micro Simပါ။ ဖုန်းရဲ့ Home Button နှင့် အခြားButton နှစ်ခုသည် Touch
Screen ပေါ်တွင်သာနေရာယူထားပါတယ်။ အသုံးပြုနိုင်မယ့် Network
အမျိုးအစားကတော့ 2G/3G/4G ဖြစ်ပါတယ်။
ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 150×77.2×8.8 mm ဖြစ်ပါ တယ်။
ကင်မရာရိုက်ကူးသည့်အခါတွင်လည်းပုံရိပ်ကောင်းများကိုပေးစွမ်း
နိုင်မယ့်ဖုန်းဖြစ်ပါတယ်။ အဓိကကင်မရာသည် 13MPစွမ်းရည်ရှိပြီးရှေ့
ကင်မရာငယ်ကတော့ 5MPစွမ်းရည်ရှိပါတယ်။ ဒါကြောင့် အနေအထားမျိုးစုံမှ
ဓာတ်ပုံရိုက်ကူးသည့်အခါတွင် အရည်အသွေးကောင်းမွန်သောပုံများကိုရရှိပါ မယ်။
ROM နှင့် RAM ပမာဏများပြားစွာပါရှိမှသာဖုန်းအသုံးပြုရတဲ့အခါတွင်
အဆင်ပြေစေပါလိမ့်မယ်။ ယခုဖုန်းတွင်တော့ RAMပမာဏဟာ1GB ပါရှိ ပြီးInternal
Storage အတွက်ကိုတော့ 16GBထောက်ပံ့ပေးထားပါတယ်။
<Specification>
Network - GSM/HSPA
Processor - Quad Core 1 GHz
Screen - 5.5 inches
Camera - 13 MP
Storage - 16GB
OS - Android OS, v 5.1
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com






0 comments:
Post a Comment