မြန်မာ့အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် Viber က အာဇာနည်နေ့ အခမဲ့ စတေကာ အသစ်များဖြင့် ဂုဏ်ပြု
Viber က မြန်မာနိုင်ငံ၏ အမျိုးသားရေး ဂုဏ်ကျက်သရေကို မြှင့်တင်ရန် အခမဲ့ အသုံးပြုနိုင်မည့် “အာဇာနည်နေ့” စတေကာများကို Viber ၏ မြန်မာနိုင်ငံရှိ၂၆ သန်းရှိ စာရင်သွင်း အသုံးပြုသူများအတွက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

အဆိုပါ စတေကာများကို
ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်၍ Viberအက်ပလီကေးရှင်း၏ စတေကာ စတိုးမှ
အခမဲ့ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ အသစ်ဖြန့်ချိလိုက်သည့် “အာဇာနည်နေ့”
စတေကာများတွင် စတေကာ ၂၁ ခုပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားရေး
ဗိသုကာကြီးဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည်
ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ပုံများ၊ အာဇာနည်ကြီးများ၏ ဂူဗိမာန် တွင်
မြန်မာနိုင်ငံတော် အလံကို တဝက်လွှင့်ထူ ထားသည့်ပုံ၊ တစ်နိုင်ငံလုံး၏
အရိုအသေပေးမှုကို ပြသရန် ဓလေ့ထုံးစံအတိုင်း ဇူလိုင်လ ၁၉ ရက်နေ့ ၁၀ နာရီ ၃၇
မိနစ်အချိန်တွင် တစ်မိနစ်ကြာ ငြိမ်သက်ပေးရန် သတိပေးသည့် ပုံတို့ ပါဝင်မည်
ဖြစ်သည်။ အဆိုပါ စတေကာများထဲတွင် မြန်မာလူမျိုး အများစု အသုံးပြုလေ့ရှိသည့်
စကားလုံးများဖြစ်သည့် “အလေးပြု”၊ “မြန်မြန်လာ”၊ “တွေ့ချင်လိုက်တာ”၊
“လာနေပြီလား” နှင့် “ကြိုးစားထား” အစရှိသဖြင့် မြန်မာပြည်မှ Viber
အသုံးပြုသူများ၏ နေ့စဉ် ပြောစကားများကို ပိုမို ထောက်ပံ့ပေးနိုင်မည့်
စတေကာများလည်း ပါဝင်မည်ဖြစ်သည်။

“Viber အနေနဲ့ မြန်မာပြည်နဲ့ မြန်မာပြည်သူတွေကို အာဇာနည်နေ့လို နေ့ထူးနေ့ရက်မှာ အထူးဂုဏ်ပြုချင်ပါတယ်။ ကျွန်မတို့ ဝန်ဆောင်မှုကို သုံးစွဲနေတဲ့ ၂၆ သန်းသော စာရင်းသွင်း အသုံးပြုသူ တွေရဲ့ ကြီးမားတဲ့ အားပေးထောက်ပံ့မှုကို တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် Viber ကို မြန်မာ ပြည်သူတွေ ဘဝကို ပိုမိုတိုးတက်အောင် ထောက်ပံ့ပေးနိုင်တဲ့ အလွယ်ကူ အကောင်းမွန်ဆုံး ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခု ဖြစ်လာစေဖို့ လည်း သန္နိဌာန်ချ လုပ်ဆောင်နေပါတယ်” ဟုViber ၏ အရှေ့တောင်အာရှဆိုင်ရာ ဌာနေမန်နေဂျာ Crystal Lee က ပြောသည်။

မြန်မာ့အာဇာနည်နေ့ စတေကာများကို ဒေါင်းလုပ် ပြုလုပ်ရန် Viber အက်ပလီကေးရှင်း၏ စတေကာ ဈေးကွက်သို့ လွယ်ကူစွာ သွားရောက်၍ အခမဲ့ ခေါင်းစဉ်အောက်ရှိ “မြန်မာ့အာဇာနည်နေ့” ကို ရွေးချယ်၍ ရယူနိုင်သည်။
Itizen Weekly

0 comments:
Post a Comment