
Windows ကို version တစ်ခုထက်တစ်ခု အရည်အသွေးပိုကောင်းအောင်
တည်ဆောက်လာသည်ဖြစ်ရာ Windows 10 အရောက်တွင် အသုံးပိုစုံလာပြီး
လုံခြုံမှုလည်း ပိုကောင်းလာပါသည်။ သို့သော် Windows ထဲတွင်
ထည့်သွင်းပေးလိုက်သော tool အချို့မှာ အရည်အသွေးလိုအပ်ချက်
ရှိနေဆဲဖြစ်ပါသည်။ ယင်းတို့အစား Third party app များသုံးခြင်းက
ပို၍ကောင်းမွန်ပါလိမ့်မယ်။ အပြည့်အ၀ယုံကြည်စိတ်ချထား၍ မရသော Windows tool
များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
* Windows Defender *
Windows သုံးစွဲသူအတော်များများမှာ malware နှင့်ပတ်သက်လာလျှင်
ပေါ့ပေါ့တန်တန် သဘောထားကြပါသည်။ ထို့ကြောင့် မကြာခဏ
လုံခြုံရေးကျိုးပေါက်ပြီး အရေးကြီး data များ ဟက်ကာလက်သို့ ပါလေ့ရှိသည်။
ထို့ကြောင့် Microsoft သည် Windows 8 မှစပြီး ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်ကို
တစ်ပါတည်းထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါ ဗိုင်းရပ်စ်
ကာကွယ်ရေးစနစ်ကို တာဝန်ယူသော app သည် Windows Defender ဖြစ်ပါသည်။
Windows Defender သည် အသုံးပြုရာတွင် ပေါ့ပါးသည်။ အခြားသော security
software များကဲ့သို့ system performance ကို မထိခိုက်စေပါ။ အခြား
application များကိုလည်း အနှောက်အယှက်မပေးပါ။ သို့သော်
ကွန်ပျူတာလုံခြုံရေးစနစ် ကျွမ်းကျင်သူအများစု၏ အကဲဖြတ်ချက်အရမူ Windows
Defender သည် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လုံလောက်သောစွမ်းရည်မရှိဟု
ဆိုပါသည်။ Malware နှင့် ပတ်သက်လျှင် အခြေခံကာကွယ်မှုကိုသာပေးနိုင်ပြီး
အဆင့်မြင့် malware တို့၏ ထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်နိုင်ခြင်းမရှိပါ။
ကွန်ပျူတာလုံခြုံရေးနှင့်ပတ်သက်ပြီး လွတ်လပ်သော စစ်ဆေးရေးအဖွဲ့ဖြစ်သည့် AV Test (www.av-test.org)
၏ စစ်ဆေးချက်အရ ဗိုင်းရပ်စ်ကာကွယ်ရေးတွင် Windows Defender
၏အကဲဖြတ်ချက်သည် ပေးမှတ် ကြယ်ပွင့် ၆ ပွင့်အနက် ၃ ပွင့်သာရရှိခဲ့ပါသည်။
Windows Defender သည် တရားဝင်ထုတ်လုပ်သော app များအား malware အဖြစ်
မှားယွင်းအကဲဖြတ်မှုရှိပါသည်။ Zero Day attack ကိုကာကွယ်ရာတွင်ရှိ
သင့်ရှိထိုက်သော ပျမ်းမျှအဆင့်အောက်များစွာ နိမ့်ကျပါသည်။ ထို့ကြောင့်
အခြား antivirus software များထက်စာလျှင် ရမှန်နိမ့်ကျခြင်း ဖြစ်ပါသည်။
အကယ်၍ ကွန်ပျူတာလုံခြုံရေးကို မလွဲမသွေ အလေးထားစဉ်းစားရမည် ဆိုပါက Windows
Defender အစား ယင်းထက်ပိုမိုအစွမ်းထက်သော antivirus တစ်မျိုးမျိုးကို
အစားထိုးသုံးစွဲသင့်ပါသည်။ အခမဲ့ရနိုင်သော antivirus ကိုသာ
အသုံးပြုမည်ဟုဆိုပါက Avast Free Antivirus 2016 ကိုအသုံးပြုနိုင်ပါသည်။
ယင်းကို www.snipca.com/20807
မှ download ဆွဲချပြီး အသုံးပြုနိုင်သည်။ အခမဲ့ရနိုင်သော antivirus
များအား AV test က စစ်ဆေးရာတွင် Avast က ထိပ်ဆုံးတန်း၌ ပါဝင်ပါသည်။ အခပေး
antivirus ကို အသုံးပြုလိုသည်ဟုဆိုပါက Kaspersky internet security
ကိုသုံးနိုင်ပါသည်။ ယင်းအတွက်တန်ဖိုးမှာ ဒေါ်လာသုံးဆယ်ကျော်ဖြစ်ပါသည်။ အခပေး
security software များ တန်းစီဇယားတွင် ထိပ်ဆုံးအဆင့်ရခဲ့သော Software
တစ်ခုဖြစ်ပါသည်။
* Uninstaller *
Windows
နှင့်တွဲဖက်အသုံးပြုရန် ထည့်သွင်းလိုက်သော software တို့တွင်
အဆင်မပြေသည်လည်းရှိသည်။ အဆင်ပြေသော်လည်း version အမြင့်
ပြောင်းသုံးလိုသဖြင့် မလိုအပ်တော့သည်လည်းရှိသည်။ ထိုအခါမျိုးတွင် တင်ထားသော
app ကို uninstall ပြန်လုပ်ရပါသည်။ Windows အစဉ်အဆက်တွင် Uninstaller ကို
တစ်ပါတည်းထည့်သွင်းပေးထားပြီး ဖြစ်သည်။ သို့ရာတွင် Windows uninstaller သည်
ထုတ်ပယ်ပစ်သင့်သော app အစိတ်အပိုင်းမှန်သမျှကို ပြောင်စင်အောင်
ဖယ်ထုတ်မပေးနိုင်ပါ။ ထို့ကြောင့် software တစ်ခုကို uninstall လုပ်သည့်အခါ
အစိတ်အပိုင်းများစွာ hard drive ပေါ်တွင် ပြန့်ကျဲပြီးကျန်ခဲ့ပါသည်။
ကျန်ခဲ့သော အစိတ်အပိုင်းများတွင် registry ရှိအပိုင်းအစများနှင့် orphan
file များလည်းပါဝင်ပါသည်။
အိုင်တီကျွမ်းကျင်သူများက
အဆိုပါဖိုင်တို့ကို Junk file ဟုခေါ်ပါသည်။ Junk file သည် OS အလုပ်လုပ်မှုကို
ထိခိုက်စေသော သဘောရှိပါသည်။ ထို့ကြောင့် Windows တွင် အသင့်ပါဝင်သော
uninstaller အစား ယင်းထက်ပိုမိုကောင်းမွန်သော uninstaller
တစ်ခုနှင့်အစားထိုးအသုံးပြုရန် စဉ်းစားသင့်ပါသည်။ ထိုကိစ္စအတွက်
အခမဲ့ရနိုင်သော software ကောင်းတစ်ခုမှာ IO bit Uninstaller ဖြစ်သည်။ www.snipca.com/20810
မှ download ချပြီး အသုံးပြုနိုင်ပါသည်။ အခမဲ့ရနိုင်သော software ဖြစ်သော်
လည်း ယင်းထဲတွင်အလွန်အသုံးဝင်သော clean up Residual tool လည်းပါဝင်သည်။
ယင်း tool က Hard drive ပေါ်တွင် ကျန်ခဲ့သော ဖိုင်အပိုင်းအစများကိုသာမက
shortcut များကိုပါ ဖယ်ရှားပေးနိုင်ပါသည်။ ထို့ပြင် လိုအပ်တော့မည်မဟုတ်သည့်
installer များနှင့် ဖိုင်အစအနများကိုပါ ရှင်းလင်းပေးပါသည်။ IO bit ကို
သုံးရာတွင် သတိထားရန် တစ်ခုသာရှိပါသည်။ ယင်းကို install လုပ်ရာတွင် Install
Advanced System Care ကို အမှန် ခြစ်ဖြုတ်ရန် လိုအပ်ပါသည်။ Installation
လုပ်ငန်းစဉ်တွင် မိမိမလိုချင်သော software များ မပါဝင်သွားစေရန် ဖြစ်ပါသည်။
" Task Manager "
သာမန်အခြေအနေတွင် Task manager ၏အသုံးဝင်မှုကိုကွန်ပျူတာ သုံးစွဲသူများ
သဘောပေါက်ခဲ့သည်။ သို့သော် app clash ဖြစ်သည့်အခါတွင် Task manager သည်
မရှိမဖြစ် အရေးပါလာပါသည်။ ctrl+ Alt+ del နှိပ်ပြီး Task manager
ကိုခေါ်နိုင်သည်။ Clash ဖြစ်နေသော app ကိုအလုပ်လုပ်ခြင်းမှ ရပ်ပစ်နိုင်သည်။
သို့ဖြင့်ကွန်ပျူတာကို ပုံမှန်ပြန်၍ အလုပ်လုပ်နိုင်စေသည်။ ကွန်ပျူတာအတွင်း
ဗိုင်းရပ်စ်ဝင်သည်ဟု သံသယရှိသည့်အခါတွင်လည်း Task manager ကိုခေါ်တင်၍
process များ အလုပ်လုပ်နေပုံကိုကြည့်ကာ မှန်းဆ နိုင်သည်။
Task
Manager သည် Windows 10 အရောက်တွင် ပို၍ ပြည့်စုံလာပါသေးသည်။ Task Manager
ကိုခေါ်၍ မိမိ၏ကွန်ပျူတာ မည်သို့မည်ပုံအလုပ်လုပ်နေသည်ကို ကြည့်နိုင်သည်။
မည်သည့် process များ အလုပ်လုပ် နေသည်ကိုလည်းကြည့်နိုင်သည်။
တုံ့ပြန်မှုမရှိသော Program နှင့် Process များကိုလည်းရပ်တန့်နိုင်သည်။
Windows 10 တွင်မူ Task Manager ကိုခေါ်၍ မိမိမလိုသော Start up item
များကို disable လုပ်နိုင်သော စွမ်းရည်လည်းရှိလာပါသည်။ သို့သော် Windows
ရှိ Task manager သည် အခြေခံအဆင့်အလုပ်များ လိုသလောက်ကိုသာ
လုပ်နိုင်ကြောင်း Microsoft ကိုယ်တိုင်က သဘောပေါက်ပုံရပါသည်။ အဘယ်ကြောင့်
ဆိုသော် ကုမ္ပဏီက ဖွဲ့စည်းပေးထားသော Sysinternals tearn သည် Task manager
အစားသုံးနိုင်သော Process Explorer ကို ထပ်မံတီထွင်ခဲ့သောကြောင့်
ဖြစ်ပါသည်။
နောက်ဆုံးထွက်ရှိထားသည့် Process Explorer သည် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် update လုပ်ထား ခြင်းဖြစ်ပြီး www.snipca.com/20812
မှနေ၍ အခမဲ့ download ချကာ အသုံးပြုနိုင်ပါသည်။ Process Explorer သည်
Windwos ထဲတွင် Install လုပ်ထားသော Program များ၊ နောက်ကွယ်မှ
အလုပ်လုပ်ပေးနေသော Process များနှင့်ပတ်သက်ပြီး
ပိုမိုပြည့်စုံသောသတင်းအချက်အလက်များကို ထောက်ပံ့ပေးနိုင်သည်။
ထိုမျှသာမကသေးဘဲ ယင်း program, process တို့နှင့် နှီးနွယ်နေသော ဖိုင်များ၊
driver များနှင့် ဖိုင်များလိုပင်ညွှန်ပြနိုင်ပါသေးသည်။
ယင်းစွမ်းဆောင်ချက်ကြောင့် Task များအားစီမံခန့်ခွဲရာတွင် Process Explorer
သည် Task Manager ထက် များစွာအစွမ်းထက်သွားရပါသည်။ ထို့ပြင် Lock
ကျနေသောဖိုင်များနှင့် ပတ်သက်၍လည်း ယင်းဖိုင်တို့အား မည်သည့် program များက
အသုံးပြုနေသည်ကို သိနိုင်ခြင်းကြောင့် ပြဿနာအရင်းအမြစ်ကို
ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူရစေပါသည်။
ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
www.pyaephyo.com






0 comments:
Post a Comment