အင်္ဂလန်ဆေးပညာဂျာနယ်တစ်ခုက ညဘက်မအိပ်မီ အိပ်ယာထဲမှာ ဖုန်းသုံးခြင်းက အမြင်အာရုံကို ယာယီပျောက်ကွယ်စေနိုင်တယ်လို့ ဖော်ပြလာပါတယ်။
အသက်
၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ရုတ်တရက် ညာဘက်မျက်စိ
မမြင်ရတော့တာကြောင့် ဆရာဝန်တွေထံပြသခဲ့ရာမှာ အကြောင်းရင်းကို တိတိကျကျ
မသိရပဲ ဖြစ်နေခဲ့ပါတယ်။ သူမကရဲ့အမြင်အာရုံက ညဘက်မှာသာပျောက်ဆုံးနေတာပါ။
နောက်ထပ် ဖြစ်ရပ်တစ်ခုကတော့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဟာ
မနက်အိပ်ယာနိုးနိုးချင်း ၁၅ မိနစ်ခန့် ဘာကိုမှမမြင်ရတော့ဘူးလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နှစ်ခုရဲ့ အကြောင်းရင်းကို
သေသေချာချာလေ့လာပြီးတဲ့နောက်မှာတော့ အဆိုပါအမျိုးသမီးနှစ်ဦး လုံးဟာ
ညမအိပ်မီ အိပ်ယာထဲမှာ မိနစ်ပေါင်းများစွာတိုင်
ဖုန်းသုံးနေခဲ့ကြတာကိုတွေ့ရှိခဲ့ရပါတယ်။ ညဘက်အမှောင်ထုထဲမှာ
ဖုန်းကိုအချိန်ကြာကြာကြည့်မိခြင်းကြောင့်
အမြင်အာရုံပျောက်ကွယ်ခဲ့ ရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
Source : Women Health
www.pyaephyo.com






0 comments:
Post a Comment