
စမတ်ဖုန်းအသုံးပြုပြီး
အလှဓာတ်ပုံတွေရိုက်တတ်တဲ့ အသုံးပြုသူတိုင်း မိမိတို့ရဲ့ပုံတွေကို
နဂိုပုံထက် ပိုမိုလှပသွားအောင် အမျိုးမျိုးပြုပြင်တာတွေ ပြုလုပ်တတ်ကြပါတယ်။
ပုံတစ်ပုံကို ရိုက်လိုက်ပြီးပါက အဲဒီပုံထဲက လူပုံကို လှပနေအောင်
ပြုပြင်တာတွေရှိသလို ပုံနဲ့လိုက်ဖက်အောင် နောက်ခံတွေ အမျိုးမျိုးထည့်သွင်းပြီး ပြုပြင်တာမျိုးတွေလည်း လုပ်တတ်ကြပါတယ်။
ဒီတစ်ခါမှာတော့ ထူးထူးခြားခြားအနေနဲ့ လူပုံကို ပိုပြီးထင်ရှားလှပသွားအောင်လုပ်ဖို့အတွက်
အသုံးပြုနိုင်မယ့် photo editing app ဖြစ်ပါတယ်။ Pic Eraser Free ထဲမှာ
ပုံတစ်ပုံရဲ့နောက်ခံ background မှာ ဘာမှမရှိဘဲ လုံးဝရှင်းလင်းသွားအောင်
ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ လူပုံလေးပဲကွက်ပြီးချန်ကာ ရှုပ်ယှက်ခတ်နေတဲ့
နောက်ခံတွေအားလုံးကို ဖျက်ပစ်နိုင်တာပဲဖြစ်ပါတယ်။
အခြားဓာတ်ပုံတည်းဖြတ် app တွေနဲ့မတူဘဲ ထူးခြားတဲ့ရသတစ်မျိုးကို
ပေးစွမ်းနိုင်ပါတယ်။ ရုတ်တရက်ရိုက်ယူလိုက်တဲ့ ဓာတ်ပုံထဲမှာ လူပုံက
လှပနေပြီးတော့ နောက်ခံတွေက မလှတဲ့အခါ (ဒါမှမဟုတ်) မလိုအပ်တဲ့
နောက်ခံ background တစ်ခုခုပါလာတဲ့အခါ ပုံက နှမြောစရာ ကောင်းပါတယ်။
ဒီလိုအခါမျိုးမှာ အဲဒီနောက်ခံ background တွေအားလုံးကို ဖျက်ပစ်ဖို့အတွက်
ဒီ app က အလွန်အသုံးတည့်ပါတယ်။ နောက်ခံ background ကို စိတ်ကြိုက်ဖြစ်အောင်
ဖျက်ပစ်ပြီးတော့ ပြီးပြည့်စုံတဲ့ ပုံတစ်ပုံဖြစ်အောင် ပြုပြင်နိုင်မှာပါ။
အသုံးပြုရတာလည်း လွယ်ကူပါတယ်။ အဆင့်အနည်းငယ်လုပ်လိုက်ရုံနဲ့
ဓာတ်ပုံရဲ့နောက်ခံကို ဖျက်ပစ်နိုင်ပါတယ်။ ဖျက်တဲ့အခါမှာ Eraser brush tool
က အရွယ်အစား ပြုပြင်အသုံးပြုနိုင်ပြီး အပျော့အမာ ၂
မျိုးအသုံးပြုနိုင်တဲ့အပြင် zoom ချုံ့တာ၊ ချဲ့တာနဲ့ ဘရပ်ရှ်လှည့်တာတို့ကို လွတ်လပ်စွာလုပ်ဆောင်နိုင်ပါ တယ်။
ဒါကြောင့် ပုံထဲကထောင့်တွေ၊ အပေါက်တွေလို ဖျက်ရခက်တဲ့ နေရာတွေအားလုံးကို အလွယ်တကူ ဖျက်ပစ်နိုင်ပါတယ်။ Undo function အသုံးပြုနိုင်တဲ့အတွက် တစ်စုံတစ်ရာမှားပြီးဖျက်မိပါက နဂိုအတိုင်း ပြန်လုပ်နိုင်ပါတယ်။ ပုံကိုလည်း နှစ်သက်တဲ့အရွယ်အစားရရှိအော င် ပြင်နိုင်ပါတယ်။
ဓာတ်ပုံတွေကိုပြင်တဲ့အခါမှာ photo album ထဲက ပုံတွေကို ယူပြီးပြင်နိုင်သလို ကင်မရာနဲ့ ချက်ချင်းရိုက်လိုက်တဲ့ပုံကိုလည်း တန်းပြီးတော့ ပြင်နိုင်ပါတယ်။ Pic Eraser Free ကို iOS 5.1.1 နဲ့ အထက်တွေမှာ အသုံးပြုနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
https://web.facebook.com/ officialnetguidejournal
NetGuide Journal (Every Wednesday)
https://web.facebook.com/
www.pyaephyo.com






0 comments:
Post a Comment