♪ “Anti-virus ဒုက္ခပေးသည့်အခါ” ♫


ကွန်ပျူတာတစ်လုံးအတွက် Anti-virus က မရှိမဖြစ်ဆိုရလောက်အောင် အရေးပါသည်။ သို့သော် ယင်းကြောင့် ဒုက္ခ ရောက်ရသည့်အဖြစ် များလည်း ရှိပါသည်။ Pirated software များတင်သည့်အခါ crack file, Patch file များကို Anti-virus က malware ဟုသတ်မှတ်ပြီး သုံးခွင့်မပေးခြင်းမျိုးဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် Third party software တစ်ခုသည် security software နှင့်အဆင်မပြေ။ ပမာဆိုရသော် ကွန်ပျူတာထဲက firewall ကပိတ်ဆို့ထား သဖြင့် အင်တာနက်ချိတ်၍မရခြင်းမျိုး ဖြစ်ပါသည်။ထိုသို့အဖြစ်မျိုးရှိလာသည့် အခါ Software တစ်ခုခုအား ဖယ်ဖို့စဉ်းစားရပါမည်။ သို့သော် သာမန် ကွန်ပျူတာ အသုံးပြုသူ တစ်ဦးအနေဖြင့် Software တစ်ခုအား ဖယ်သင့်၊ မဖယ်သင့်ဆုံးဖြတ်ရန်မလွယ်ပါ။ ထိုကိစ္စမျိုးအတွက် should IRemove It Software ကိုအသုံးပြုနိုင်ပါသည်။ ယင်းကို www.shouldiremoveit.com မှ download ချပြီး အသုံးပြုနိုင်ပါသည်။ ယင်းသည် လွယ်လင့်တကူအသုံးပြု နိုင်သော Tool တစ်ခုဖြစ်ပြီး ကွန်ပျူတာထဲရှိ install လုပ်ထားသော Program အားလုံးကို စစ်ဆေးပေး ပါသည်။ ပြီးလျှင် ယင်းတို့၏ အန္တရာယ်ပေးနိုင်မှု အလိုက် ကြီးစဉ်ငယ်လိုက် စီပေးပါသည်။

အနီရောင်အလံထိုးပြထားသော Program တို့သည် လုံခြုံရေးအရ အန္တရာယ် အရှိဆုံး Program များဖြစ်ပါသည်။ ယင်း Program တို့ကို ချက်ချင်းဖယ်ရှား ပစ်သင့်ပါသည်။ ပြထားသော Program စာရင်းထဲမှတစ်ခုကိုရွေးပြီး ယင်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ကြည့်နိုင်သည်။ အင်တာနက် ချိတ်ပြီး Should I Remove It website သို့ဝင်ကြည့်မည်ဆိုလျှင် သက်ဆိုင်ရာ Program နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိနိုင်ပါ မည်။ ထို့ပြင် ယင်း Program ကို လူဦးရေမည်မျှက ဖယ်ရှားပစ်ခဲ့ကြကြောင်း ကိုပါ တွေ့နိုင်ပါမည်။ Should I Remove It website အတွင်းရှိ uninstall button ကိုနှိပ်ပြီး သက်ဆိုင်ရာ Program အားဖယ်ရှားနိုင်သည်။ အင်တာနက် သာ လိုင်းကောင်းမည်ဟုဆိုပါက အဆိုပါလမ်းကြောင်း သည် windows ၏ control panel မှဝင်၍ ဖယ်ရှားသည်ထက်ပို၍မြန်ပါသည်။မိမိအား ဒုက္ခပေး နေသော Program တစ်ခုသည် malware ဟုတ် မဟုတ် အွန်လိုင်း malware database တွင်ဝင်ပြီး စစ်ဆေးနိုင်သည်။ security software ထုတ်လုပ်သော ကုမ္ပဏီကြီးများသည် malware ဟု အသေအချာသိထားသောအရာများ ကို စေ့စုံစွာစုစည်း၍ database အဖြစ် အွန်လိုင်းတွင် စုစည်းထားပါသည်။ ယင်း database အတွင်း ၀င်ကြည့်လျှင် up-to-date ဖြစ်သော malware အစစ် အမှန် တို့ကိုတွေ့ရပါသည်။ အကြီးမားဆုံးသော အွန်လိုင်း malware database တစ်ခုမှာ Symantec's security Response ဖြစ်သည်။ လိပ်စာမှာ www. symantec.com/security-response ဖြစ်သည်။ ယင်းသည် ၀င်ရောက်ကြည့်ရှုရန်လည်း အလွန်လွယ်ပါသည်။

webpage သည် တွေ့ထားသော malware တို့အား Threats, Risks Vulnerabilities ဟူ၍ အစိတ်အပိုင်းသုံးခု ခွဲခြား၍ ဖော်ပြပေးပါသည်။
Risk tab သည် install လုပ်သူက အလိုမရှိဘဲအတင်ခံလိုက်ရသော Program (Potentially unwanted Programs) ဖြစ်ပါသည်။ ယင်းထဲတွင် adaware များပါဝင်သလို နာမည်တခြားအသုံးတခြားဖြစ်သော app များလည်း ပါဝင်ပါ သည်။ Threat tab အောက်တွင်မူ Trojans, Ransomware နှင့်အခြား malware များကိုတွေ့ရပါမည်။ Tab တစ်ခုစီရှိ စာရင်းဝင် malware တို့အား ရက်စွဲအလိုက်တန်းစီ၍ ပြသပေးထားပါသည်။ လောလောလတ်လတ်တွေ့ရှိ ထားသော malware တို့က စာရင်း၏ ထိပ်ဆုံးပိုင်းတွင်ရှိပါမည်။ အမည် အလိုက် ကြည့်လိုသည်ဟုဆိုပါက A-Z tab ကို ကလစ်နှိပ်ပြီးကြည့်နိုင်ပါသည်။ မိမိသံသယရှိ သော ဖိုင်၏ အမည်အား search box တွင် ရိုက်ထည့်ပြီးလည်း ရှာဖွေကြည့်ရှုနိုင်ပါသည်။Software တစ်ခုသည် malware တစ်ခုမဟုတ်သည် မှာ သေချာသော်လည်း anti-virus က malware အဖြစ် မှားယွင်း သတ်မှတ် သည်လည်းရှိပါသည်။ ယင်းကို false positive ဟုခေါ်သည်။ ဤသို့မှားယွင်းပြီး သတ်မှတ်ရခြင်းမှာ အမြဲတစေစာရင်း တိုးမြှင့်နေသော malware database နှင့်တိုက်ဆိုင်ပြီး စစ်ဆေးခြင်းကြောင့်ဖြစ်သည်။ အကောင်းဆုံး anti-virus program တို့သည် Virus နှင့်ဆင်သော အပြုအမူမျိုးပြုမူတတ်သည့် Software တို့အား ရှာဖွေလေ့ရှိပါသည်။ တရားဝင်စစ်ဆေးပြီး malware စာရင်းထဲသို့ မပို့သေးသောအရာပင်ဖြစ်စေကာမူထူးဆန်းပြီး virus ဆန်သောအမူအကျင့် ရှိသည့် Software တို့ကို လတ်တလော malware အဖြစ် သတ်မှတ်ပါသည်။

ထို့ကြောင့် တရားဝင်ထုတ်ဝေပြီး တရားဝင်ရယူသုံးစွဲထားသော Program ပင်ဖြစ်စေကာမူ Anti-virus က malware ဟု မှားယွင်းပြီးသတ်မှတ်မိသည် မျိုးရှိပါသည်။Anti-virus ရှု့ထောင့်မှကြည့်ပြီး သံသယရှိပါက ယင်း Software သည် malware စာရင်းပင် မ၀င်သော်လည်း behaviour အရ malware ဟု သတ်မှတ်ခံရခြင်းရှိပါမည်။ virus signature တစ်ခုရှိ code pattern နှင့် Software တစ်ခု ပါဝင်သော Code pattern တို့သည် တိုက်ဆိုင်စွာတူညီနေ ပါက malware ဟုသတ်မှတ်ခံရသော သဘောဖြစ်ပါသည်။ သံသယဖြစ်ဖွယ် Software တစ်ခုအား အမှတ်တမဲ့လွှတ်ပေးမိခြင်းထက် False positive သတ်မှတ်မိခြင်းက လုံခြုံမှုအတွက်ပို၍ ကောင်းမွန်သည်ကို လက်ခံရပါမည်။ ကွန်ပျူတာကို မွှေမည့် malware တစ်ခုလွတ်ထွက်သွားခြင်းထက် တရားဝင် ထုတ်လုပ်သော Software တစ်ခုအား block လုပ်မိခြင်းကို ခွင့်လွှတ်ရပါမည်။
တရားဝင် Software တစ်ခုအား anti-virus က quarantine လုပ်လိုက်ပြီဟု ဆိုလျှင် သုံး၍ရအောင် တစ်နည်းတစ်ဖုံ ကြံစည်ရပါတော့မည်။ သို့သော် မလွှဲသာမှကြံစည်သင့်ပါသည်။ anti-virus က တားဆီး ပိတ်ဆို့လိုက်သည် ဆိုကတည်းက သံသယရှိစရာအကြောင်းရှိနေသောကြောင့်ဖြစ်သည်။ anti-virus ကို(၀ယ်၍ဖြစ်စေ/အခမဲ့ဖြစ်စေ) တရားဝင် ရယူသုံးစွဲခြင်းဖြစ်ပါက သက်ဆိုင်ရာ website သို့ဆက်သွယ်ပြီးအကြံဥာဏ်တောင်းခံသင့်သည်။

သို့မှသာ ယင်း Software အား run မကြည့် ခင်ကျွမ်းကျင်သူတို့၏ အတည်ပြု ဆုံးဖြတ်မှုကို လိုက်နာနိုင်မည်ဖြစ်သည်။သံသယရှိသော Software တစ်ခုအား ကျွမ်းကျင်သူ၏ အကြံဥာဏ်ရသည်အထိမစောင့်ဘဲ run ကြည့်ချင်သည်ဟု ဆိုပါက ယင်းအား Sandbox ထဲတွင် run နိုင်သည်။ Sandbox သည် malware လွတ်ထွက်မလာရအောင် သေချာစွာကာရံ ထားသော hard drive ပေါ်မှ နေရာလွတ်တစ်ခုဖြစ်သည်။ ထို့ကြောင့် သံသယရှိဖွယ် program တစ်ခုအား sandbox ထဲတွင် စိတ်ချ၊ လက်ချ install လုပ်ကြည့်နိုင်သည်။ ဖွင့်ပြီး သုံးကြည့်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ကွန်ပျူတာအား လုံးဝ ထိခိုက် မည်မဟုတ်ပါ။ ဤကိစ္စအတွက် အသုံးပြုနိုင်သော Software တစ်ခုမှာ sandboxie ဖြစ်သည်။ www.sandboxie.com မှ www.sandboxie.com ချပြီးအသုံးပြုနိုင်သည်။ ဤ software ကို အသုံးပြုလာသည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ။ သို့သော်ယနေ့အထိ အကောင်းဆုံး software တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါသည်။

Sandboxie သည် အခမဲ့အသုံးပြုနိုင်သော software တစ်ခုဖြစ်သည်။ သို့သော် အသုံးပြုမှုရက်သုံးဆယ်ကြာပြီးနောက် လိုင်စင်ကြေးဒေါ်လာ (၂၀)မပေးပါက ကြော်ငြာများ၊ သတိပေးချက်များတောက်လျှောက် ထိုးပါမည်။ သည်းခံနိုင်ကသုံးပါ။ Sandboxie ကို install လုပ်ပြီးသည့် နောက် Program တစ်ခုအား run လိုသည်ဟုဆိုလျှင် installation ဖိုင် (exe ဖိုင်)အား ညာကလစ် ထောက်ပြီး ပေါ်လာသောအကွက်ထဲမှ Run sandboxed ကိုရွေးပါ။ ယင်း နောက် Default Box ကိုဆက်၍ ရွေးချယ် ပါ။ ယင်း software အား ဆက်၍ sandbox ထဲတွင်အသုံးမပြုလိုတော့ဟုဆိုပါက notification area ရှိ sandboxie icon ပေါ် တွင် ညာကလစ်ထောက်ပါ။ ပြီးလျှင် Default Box ကိုရွေးချယ်ပါ။ ပြီးလျှင် Box ထဲရှိ content များကို Delete လုပ်လိုက်ပါ။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment