♪ OLED ‘Touch Bar’ နဲ့ Touch ID တို့ ပါဝင်လာတဲ့ Macbook Pro အသစ်ကို Apple မိတ်ဆက် ♫



Macbook ပရိတ်သတ်တွေ စောင့်မျှော်လင့်နေတဲ့ Macbook Pro မော်ဒယ်အသစ်ကတော့ တရားဝင်ထွက်ရှိလို့ လာပါပြီ။
ကောလဟာလတွေအတိုင်း OLED ‘Touch Bar’ ၊ Touch ID လက်ဗွေရာဆန်ဆာတို့ ပါဝင်လာတာကို တွေ့ရပြီး၊ အရင် Macbook Pro မော်ဒယ်ထက်လည်း ပိုမိုပါးသွားတာကို တွေ့ရပါတယ်။
Macbook Pro အသစ်ကို ၁၃ လက်မနဲ့ ၁၅ လက်မမော်ဒယ်နှစ်မျိုးရရှိမှာဖြစ်သလို၊ ‘Touch Bar’ မပါတဲ့ ၁၃ လက်မမော်ဒယ်ဆိုပြီးလည်း သက်သက်ဝယ်ယူရရှိနိုင်မှာပါ။ အရောင်ကတော့ နှစ်ရောင်ပဲ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
2016mbp-2016-spgry-family-onwhite-pr-00-0008-227-v1-mr-s-pri-1
၁၃ လက်မ Macbook Pro ရဲ့ အထူက ၁၄.၉ မီလီမီတာသာရှိပြီး၊ အရင်မော်ဒယ်ထက် ၁၇ ရာခိုင်နှုန်းလောက် ပိုပါးသွားပါတယ်။ အလေးချိန်ကလည်း သုံးပေါင်သာရှိပါတယ်။ ၁၅ လက်မ မော်ဒယ်ကတော့ ၁၅.၅ မီလီမီတာ ထူပြီး အရင်မော်ဒယ်ထက် ၂၀ ရာခိုင်နှုန်းလောက် ပိုပါးသွားတာတွေ့ရပါတယ်။ ဒီမော်ဒယ်ကတော့ အလေးချိန် လေးပေါင်ရှိမှာဖြစ်ပါတယ်။

Macbook Pro အသစ်ရဲ့ အထူးခြားဆုံးအရာတစ်ခုဖြစ်တဲ့ OLED Touch Bar ကို အရင်ပြောရမယ်ဆိုရင်၊ ဒီ ဘားလေးဟာ ဖန်ရှင်ကီးတွေနေရာမှာ အစားဝင်လာတဲ့ Touch လုပ်နိုင်တဲ့ display ဘားလေးတစ်ခုဖြစ်ပြီး၊ အလင်းအမှောင်ချိန်တဲ့ computer settings တွေအပြင် App တစ်ခုချင်းစီအလိုက် လိုအပ်တဲ့ shortcut ခလုတ်တွေကို Touch Bar မှာတင် အလွယ်တကူ သုံးနိုင်မှာဖြစ်ပါတယ်။ Touch Bar မှာ ကိုယ်သုံးချင်တဲ့ shortcut ခလုတ်ကိုလည်း ကွန်ပြူတာစခရင်ကနေ Touch Bar ဆီ အလွယ်တကူ drag ဆွဲပြီး ထည့်သုံးနိုင်ပါတယ်။

keyboard_gallery1_large
ဒီ Touch Bar အတွက် API ကို developer တွေအတွက် ထုတ်ပေးမှာလည်းဖြစ်တာကြောင့် developer တွေအနေနဲ့ မိမိတို့ရဲ့ apps တွေမှာ Touch Bar လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးနိုင်မှာပါ။
နောက်တစ်ခုကတော့ Macbook Pro မော်ဒယ်သစ်မှာ ဖန်ရှင်ကီးတန်းနဲ့အတူ Esc ကိုပါ ခလုတ်သက်သက်အနေနဲ့ မထည့်သွင်းတော့ဘဲ၊ Touch Bar မှာပဲ ထည့်ထားတာတွေ့ရပါတယ်။
Macbook Pro အသစ်ရဲ့ နောက်ထပ်ထူးခြားချက်ကတော့ Touch Bar ပေးမှာ လက်ဗွေရာဆန်ဆာပါဝင်တဲ့ Touch ID ပါဝင်လာတာဖြစ်ပါတယ်။ Macbook တွေထဲမှာ ပထမဆုံးလက်ဗွေရာဆန်ဆာပါတဲ့ လက်ပ်တော့လို့ ဆိုရမှာပါ။
touch-id
အသစ်ပါဝင်လာတွေအပြင် အရင်က Retina display ကိုလည်း အရည်အသွေးပိုမိုမြှင့်တင်ထားပြီး၊ အရင်ကထက် ၆၇ ရာခိုင်နှုန်း တောက်ပမှုပိုများလာကာ၊ အရင်မော်ဒယ်ကထက် ကာလာစုံဖော်ပြနိုင်မှု ၂၅ ရာခိုင်နှုန်းပိုများလာပါတယ်။
display_large

MacBook Pro အသစ်ရဲ့ ပြောင်းလဲမှုတွေကိုကြည့်မယ်ဆိုရင် Force Touch trackpad က အရင်မော်ဒယ်ထက် ၄၆ ရာခိုင်နှုန်းအထိ ပိုကြီးလာတာတွေ့ရပါတယ်။ ကီးဘုတ်နဲ့ စပီကာပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားပြီး၊ နောက်ဆုံး macOS အသစ် Sierra တပါတည်း ပါဝင်လာမှာဖြစ်ပါတယ်။ Touch ID နဲ့ တွဲဖက်သုံးနိုင်မယ့် Apple Pay စနစ်အပြင် ပရိုဖက်ရှင်နယ်သမားတွေအတွက် နာမည်ကြီး Apps တွေပါ Macbook Pro မော်ဒယ်အသစ်မှာ အဆင်သင့်ပါဝင်လာမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းတွေကတော့ Touch ID နဲ့ Touch Bar မပါဝင်တဲ့ ၁၃လက်မ MacBook Pro က ကန်ဒေါ်လာ ၁၄၉၉ ရှိပြီး၊ 2.0 GHz dual-core Intel Core i5 ပရိုဆက်ဆာ၊ 8GB မမ်မိုရီ နဲ့ 256GB SSD storage တို့ ပါဝင်မှာဖြစ်ပါတယ်။ Intel Iris Graphics 540 ၊ Force Touch trackpad နဲ့ Thunderbolt 3 USB-C နှစ်ပေါက်ပါဝင်မှာပါ။

Touch Bar နဲ့ Touch ID ပါဝင်တဲ့ ၁၃ လက်မ Macbook Pro ကတော့ ၁၇၉၉ ဒေါ်လာအထိရှိမှာပါ။ Turbo Boost speed 3.3 GHz အထိရနိုင်တဲ့ 2.9 GHz dual-core Intel Core i5 ပရိုဆက်ဆာ၊ 8GB 2133MHz မမ်မိုရီနဲ့ 256 GB SSD တို့ပါဝင်မှာပါ။ Force Touch ပါ trackpad လည်း ပါဝင်ပြီး၊ Thunberbolt 3 USB-C လေးပေါက်အထိ ပါဝင်မှာဖြစ်ပါတယ်။

Touch Bar နဲ့ Touch ID ပါဝင်တဲ့ ၁၅ လက်မ Macbook Pro က ၂၇၉၉ ဒေါ်လာအထိ ကျသင့်မှာပါ။ ဒီမော်ဒယ်မှာတော့ Turbo Boost 3.5 GHz အထိရနိုင်တဲ့ 2.6GHz quad-core Intel Core i7 ပရိုဆက်ဆာ၊ 256GB SSD တို့ပါဝင်ပြီး၊ မမ်မိုရီက 16GB 2133Mhz မမ်မိုရီပါရှိမှာဖြစ်ပါတယ်။ ဒီမော်ဒယ်ရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ဂရပ်ဖစ်ကတ်သက်သက်ပါဝင်လာတာတွေ့ရပြီး၊ AMD ရဲ့ 2GB Radeon Pro 450 ဂရပ်ဖစ်ကတ်ဖြစ်ပါတယ်။ Force Touch trackpad နဲ့ Thunderbolt 3 USB-C လေးပေါက်ပါဝင်မှာပါ။




Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment