အနားသတ်မဲ့ ရုပ်ထွက်သုံးထားသည့် Mi MIX ကို Xiaomi ကြေညာ



Samsung, LG နှင့် Apple တို့ဟာ အနားသပ်မဲ့ မျက်နှာပြင်တစ်ခုလုံး ရုပ်ထွက် သုံးထားတဲ့ အဆင့်မြင့် စမတ်ဖုန်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ ကြာပါပြီ။ ဒါပေမယ့် တကယ်တမ်းမှာ သူတို့ဆီက အနားသပ်မဲ့ စမတ်ဖုန်း မထွက်လာဘဲ Xiaomi က လက်ဦးမှုရယူကာ ထုတ်လုပ်လာပြီ ဖြစ်ပါတယ်။
Xiaomi ဟာ Mi Note 2 ဖုန်းနှင့်အတူ မျက်နှာပြင် တစ်ခုလုံး နီးပါး ရုပ်ထွက်သုံးထားတဲ့ Mi MIX ကို ကြေညာလာခဲ့ပါတယ်။




Mi MIX ဖုန်းက မျက်နှာပြင် ၆.၄ လက်မရှိပြီး 2040×1080 P ရုပ်ထွက် သုံးထားပါတယ်။ ရုပ်ထွက်က မျက်နှာပြင်ရဲ့ ၉၁.၃ ရာခိုင်နှုန်းအထိ ရယူထားပါတယ်။ ရုပ်ထွက်နှင့် ဘောင်နဲ့အကြား အင်မတန်ပါးလွှာလှတာကြောင့် အနားမဲ့ရုပ်ထွက်လို့တောင် ပြောလို့ရပါတယ်။ ဖုန်းမျက်နှာပြင် အောက်ဘက်မှာ ရှေ့စပီကာနှင့် ကင်မရာတို့ကို မြင်တွေ့ကြ ပါမယ်။ Mi MIX မှာ ခလုတ်မပါဝင်ပါဘူး။ Xiaomi က ထုတ်လုပ်တဲ့ ဖုန်းတွေထဲမှာ ပထမဆုံး မျက်နှာပြင်ကနေ ထိန်းချုပ်တဲ့ စနစ်သုံးဖုန်းလည်း ဖြစ်ပါတယ်။ အောက်ဘက်မှာ နေရာလွတ်သေးသေးလည်းပဲ ထည့်သွင်းထားပြီး အသေးစိတ် ကြည့်ရှုရင် ညာဖက်ထောင့်မှာ Selfie ကင်မရာကို မြင်တွေ့ကြရပါမယ်။



Xiaomi Mi MIX ကို Snapdragon 821 နှင့် အထိုင်ချထားပါတယ်။ 4400 mAh ဘက်ထရီသုံးထားပြီး Qualcomm ရဲ့ Quick Charge 3.0 ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 16MP ဖြစ်ပြီး PDAF စနစ်ပါဝင်ပြီး ဗီဒီယိုရိုက်ကူးမှုကို 4K ဖြင့် ပြုလုပ်နိုင်ပါမယ်။ Selfie ကင်မရာက 5MP ဖြစ်ပါတယ်။
Xiaomi ဟာ ဒီဖုန်းကို လာမယ့်နိုဝင်ဘာလ ၄ ရက်နေ့မှာ ရောင်းချသွားမှာ ဖြစ်ပြီး အမျိုးအစားနှစ်မျိုးခွဲကာ ရောင်းချသွား ပါမယ်။ တစ်မျိုးက RAM6GB/ROM128GB ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၄၂၀ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ၁၈ ကာရက်ရှိ ရွှေ ဖောင်းကြွပါဝင်ပါတယ်။ နောက်တစ်မျိုးကတော့ ROM256GB အမျိုးအစားဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၄၈၀ ဖြစ်ပါတယ်။




တကယ်တော့ Xiaomi Mi MIX က ကမ္ဘာ့ပထမဆုံး အနားသပ်မဲ့ စမတ်ဖုန်းမဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက Sharp က အနားသပ်မဲ့ Aquos Crystal ကို ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်













0 comments:

Post a Comment