♪ “Huawei က Media Pad 2 ကိုမိတ်ဆက်” ♫


Huawei က ၈ လက်မအရွယ်အစားရှိတဲ့ Media Pad 2 တက်ဘလက်နဲ့ Watch S1 စမတ်နာရီတို့ကို မိတ်ဆက်လိုက်ပါတယ်။ တက်ဘလက်နဲ့စမတ်နာရီတို့ကိုတရုတ်တွင် အောက်တိုဘာလမှာရောင်းချပေး မှာဖြစ်ပါတယ်။ 

Huawei Media Pad 2 မှာ ၈ လက်မ IPS ( 1920x1200 Pixels ) Display တပ်ဆင်ထားပါ တယ်။ Qualcomm Snapdragon 616 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Snapdragon 616 SoCဟာOcta-Core Cortex-A53 Processor ပါတဲ့ စွမ်းဆောင်ရည်သင့် အမျိုးအစားဖြစ်ပါတယ်။ 3GB RAM, Adreno 405 GPU တပ်ဆင်ထားပါတယ်။ 16 or 32GB Storage Model များကိုထုတ်လုပ်ပေး ထားပါတယ်။ အနောက်ဘက် မှာ 8MP Camera ကို LED Flash ဖြင့် တွဲဖက် ထားပါတယ်။ အရှေ့ဘက်မှာ 2MP Camera ပါရှိပါတယ်။ 4800 mAh Battery တပ်ဆင်ထားပါတယ်။ SIM Card ထည့်သွင်းနိုင်တဲ့ မော်ဒယ်မှာ 4G LTE ကိုအသုံးပြုနိုင်ပြီး ဖုန်း ပြောနိုင်ပါတယ်။ Android Marshmallow ကို Emotion 4.1 Launcher ဖြင့် ပေါင်းစပ်ထားတဲ့ ဆော့ဝဲ ထည့်သွင်းထားပါတယ်။

ရွှေနဲ့ အဖြူရောင်များထုတ်လုပ်ပေးထားပြီးအောက်တိုဘာလ ၂၅ ရက်နေ့မှာ တရုတ်တွင် ရောင်းချပေးမှာပါ။ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကြိုတင် မှာယူ နိုင်ပါတယ်။ 16GB WiFi Model ကိုဒေါ်လာ ၁၄၉၊ 32GB WiFi Model ကိုဒေါ်လာ ၁၉၃၊ 32GB LTE Model ကိုဒေါ်လာ ၂၂၂ သတ်မှတ်ထားပါတယ်။ Honor Watch S1 ဟာ ၃၅ ဂရမ် အလေးချိန်ရှိပြီးမျက်နှာပြင်ဝိုင်း တပ်ဆင် ထားပါတယ်။ ရေအနက် ၅၀ မီတာ အထိ ၀တ်ဆင်နိုင်ပါတယ်။


 နှလုံးခုန်နှုန်း တိုင်းတာခြင်း အပါအ၀င် ကိုယ်လက်လှုပ်ရှားမှု တိုင်းတာဖို့ နာရီကိုပုံစံ ထုတ်ထားပါတယ်။ ၆ ရက်ကြာအသုံးခံတဲ့ ဘက်ထရီပါပါတယ်။ အောက်တိုဘာ လ ၂၅ ရက်နေ့မှာ ၁၀၃ ဒေါ်လာဖြင့် ရောင်းပေး မှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment