♪ ဈေးကွက်တွင်းဝင်ရောက်ပြီးဖြစ်တဲ့ RAM 6GB ပါ Android စမတ်ဖုန်း (၁၀) မျိုး ♫


Android စမတ်ဖုန်းတွေ စထွက်လာတုန်းက RAM က 512MB လောက်သာပါခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ RAM 1GB ၊ 2GB ၊ 4GB ကနေ အခုဆို နောက်ဆုံး RAM 6GB ပါတဲ့ စမတ်ဖုန်းတွေတောင် ထွက်ရှိလာတာ တွေ့ရပါတယ်။

Android စနစ် အဆင့်ပိုမြင့်လာတာ၊ app တွေရဲ့ RAM တောင်းဆိုမှုများလာတာတွေနဲ့အတူ RAM လိုအပ်ချက်ကလည်း စမတ်ဖုန်းတွေမှာ အနည်းငယ်များလာတယ်လို့ ဆိုရမှာပါ။ ဒီ့အပြင် Android စနစ်ပေါ်မှာ စမတ်ဖုန်းထုတ်လုပ်သူ (OEM) တွေ ပြင်ဆင်ဖြည့်စွက်ထားတဲ့ custom UI တွေကလည်း RAM သုံးစွဲမှုများတာကြောင့်၊ အခုအချိန်မှာ RAM ပမာဏ 2GB လောက်က သုံးစွဲဖို့အသင့်တော်ဆုံးအနေအထား ဖြစ်လာခဲ့ပါတယ်။

(ဒါပေမယ့် မမ်မိုရီထိန်းချုပ်မှုပိုင်းမှာ စနစ်တစ်ခုနဲ့တစ်ခု မတူနိုင်တာကြောင့် RAM များလာတိုင်း စမတ်ဖုန်းစွမ်းဆောင်ရည်ပိုကောင်းလာမယ်လို့ မမှတ်ယူထားစေချင်ပါဘူး။)

RAM 6GB ပါဝင်တဲ့ စမတ်ဖုန်းတွေထဲမှာ နောက်ဆုံးထွက်ရှိလာတဲ့ စမတ်ဖုန်းကတော့ Xiaomi ရဲ့ Mi Note 2 နဲ့ Mi MIX စမတ်ဖုန်းတွေဖြစ်ပါတယ်။ ဒါဆို ဒီလို RAM 6GB ပါတဲ့ ဖုန်းတွေ ဈေးကွက်ထဲ ဘယ်နှစ်လုံးလောက် ဝင်ပြီးပြီလဲဆိုတာ ကြည့်ကြည့်ရအောင်။

(၁) One Plus 3

oneplus-3-images-768x590
Android စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ ဈေးနှုန်းအသင့်တင့်ဆုံးစမတ်ဖုန်းတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ One Plus 3 စမတ်ဖုန်းဖြစ်ပါတယ်။ ၅.၅ လက်မအကျယ် Full HD Optic AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး၊ Snapdragon 820 ပရိုဆက်ဆာ၊ RAM 6GB နဲ့ Adreno 530 GPU တို့ကို အသုံးပြုထားပါတယ်။ ရှေ့ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာပါရှိပြီး၊ USB Type-C ၊ NFC စနစ် အကုန်ပါဝင်ပါတယ်။ Android 6.0.1 စနစ်အခြေခံ OxygenOS ကို အသုံးပြုထားပြီး၊ 3000mAh ဘက်ထရီနဲ့ ဖြစ်ကာ၊ Dash Charge နည်းပညာနဲ့ အားအမြန်သွင်းနိုင်မှာပါ။
One Plus 3 ရဲ့ 16MP ကျောကင်မရာမှာ Sony IMX298 ဆန်ဆာကို အသုံးပြုထားသလို၊ OIS ၊ EIS ၊ PDAF စနစ်အကုန်ပါဝင်တာကြောင့် အကောင်းဆုံးကင်မရာအရည်အသွေးပေးစွမ်းမယ့်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေ ငါးသိန်းခွဲဝန်းကျင်ရှိပါတယ်။

(၂) Xiaomi Mi Note 2

xiaomi-mi-note-2-with-curved-display

မကြာသေးခင်က ထွက်ရှိလာတဲ့ Xiaomi Mi Note 2 စမတ်ဖုန်းဟာ ဒီဇိုင်းပိုင်းက လှပကျော့ရှင်းသလို၊ သုံးစွဲထားတဲ့ပစ္စည်းတွေကလည်း တကယ့်အမြင့်စားတွေချည်းဖြစ်ပါတယ်။ ၅.၇ လက်မအကျယ် flexible OLED မျက်နှာပြင်၊ Snapdragon 821 ပရိုဆက်ဆာ၊ Adreno 530GPU တို့နဲ့အတူ RAM ပမာဏ 6GB အထိပါဝင်ပါတယ်။ ကင်မရာပိုင်းမှာလည်း ကျောကင်မရာက 22.56MP ဖြစ်ပြီး၊ ရှေ့ကင်မရာက 8MP autofocus ကင်မရာဆိုတော့ ဓာတ်ပုံရိုက်ဝါသနာပါသူတွေအကြိုက်တွေ့မယ့် စမတ်ဖုန်းကောင်းတစ်လုံးပါ။

(၃) Xiaomi Mi MIX

xiaomi-mi-mix-review-1

Xiaomi ရဲ့ Mi MIX ကတော့ ယခုတစ်ပတ်အတွင်း လူပြောအများဆုံးစမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ သူ့ရဲ့ မျက်နှာပြင်အပြည့်၊ ထူးခြားတဲ့ဘောင်မဲ့ဒီဇိုင်းက Android ဖုန်းပရိတ်သတ်တွေကို ရင်ခုန်စေခဲ့ပါတယ်။
Mi MIX ဖုန်းမှာ 2.3GHz Snapdragon 821 ပရိုဆက်ဆာ၊ 6GB RAM တို့ပါဝင်ပြီး၊ ထွက်ရှိရှိချင်းမှာ Android 6.0 နဲ့ ဆိုပေမယ့်၊ မကြာမီ Android 7.0 Nougat OS ကို update ရရှိမယ်လို့ ခန့်မှန်းထားရပါတယ်။ ကင်မရာအနေနဲ့ 16MP ကျောကင်မရာနဲ့ 5MP ရှေ့ကင်မရာတို့ပါဝင်ပါတယ်။ မျက်နှာပြင်က ၆.၄ လက်မအကျယ်ရှိတဲ့ Super HD AMOLED မျက်နှာပြင်ဆိုတော့ ဘက်ထရီကလည်း 4400mAh ဘက်ထရီကြီးကြီးပါဝင်မှာပါ။

(၄) Samsung Galaxy C9 Pro

samsung_galaxy_c9_pro_1477130544182
Samsung ဖုန်းတွေထဲမှာ RAM 6GB ပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်ပြီး၊ ၆ လက်မအကျယ် Super AMOLED full HD မျက်နှာပြင်ပါရှိပါတယ်။ 1.95GHz octa-core Snapdragon 653 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ Adreno 510 GPU ၊ RAM 6GB တို့နဲ့ဖြစ်ပါတယ်။ ကင်မရာက ရှေ့ကောနောက်ကော 16MP ကင်မရာတွေပဲဖြစ်ပြီး၊ ဘက်ထရီက 4000mAh ဘက်ထရီပါဝင်မှာပါ။ ဈေးနှုန်းကတော့ အနည်းဆုံး ဒေါ်လာ ၄၈၀ ဝန်းကျင်ရှိပါမယ်။

(၅)  Oppo R9s Plus

oppo-r9s-plus-images-specs-review-1
ယခုအောက်တိုဘာလအတွင်း Oppo က အသစ်မိတ်ဆက်ခဲ့တဲ့ မျက်နှာပြင်အကျယ် ၆ လက်မရှိ၊ ဖက်ဘလက်အမျိုးအစား စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီဖုန်းမှာ 1.9GHz Snapdragon 653 octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 6GB နဲ့ Adreno 510 GPU တို့ ပါဝင်ပါတယ်။ ဖုန်းရုပ်ထွက်အရည်အသွေးက full-HD ဖြစ်ပြီး၊ Galaxy C9 Pro နည်းတူ ရှေ့ကင်မရာကော၊ နောက်ကင်မရာပါ 16MP ကင်မရာတွေဖြစ်ပါတယ်။ ဘက်ထရီကလည်း 4000mAh ဘက်ထရီဖြစ်ပြီး၊ Oppo ရဲ့ နာမည်ကျော် VOOC အားအမြန်သွင်းနည်းစနစ်ပါဝင်ပါတယ်။

(၆) LeEco Le Max 2

maxresdefault
ယခုနှစ်ဂျွန်လလောက်က ထွက်ရှိထားတဲ့စမတ်ဖုန်းဖြစ်ပြီး၊ LeMax 2 မှာ ၅.၇ လက်မအကျယ် QHD (1440×2560 pixels) မျက်နှာပြင်၊ Snapdragon 820 ချစ်ပ်နဲ့ RAM 6GB တို့ ပါဝင်ပြီး၊ ဖုန်းတွင်း storage ကတော့ 64GB ဖြစ်ပါတယ်။ ကျောကင်မရာက 21-MP ကင်မရာဖြစ်ကာ၊ ရှေ့ကင်မရာကတော့ 8-MP ကင်မရာပါပဲ။ 3100mAh ဘက်ထရီမှာ Quick Charge 2.0 အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။ ဒီဖုန်းကတော့ လက်ရှိ မြန်မာငွေ လေးသိန်းနှစ်သောင်းဈေးရှိပါတယ်။
LeEco မှာ နောက်ထပ် RAM 6GB ပါတဲ့စမတ်ဖုန်းတစ်လုံးရှိပါသေးတယ်။ ဒါကတော့ မကြာသေးခင်က အမေရိကန်နိုင်ငံမှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ဖုန်း LeECo Le Pro 3 စတ်ဖုန်းဖြစ်ပြီး၊ ယခုလင့်ခ်ကနေ အသေးစိတ်အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၇)  Xiaomi Mi 5s Plus

xiaomi-mi-5s-plus
Xiaomi ရဲ့ နောက်ထပ် RAM 6GB ပါ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ Mi 5s ဖုန်းနဲ့အတူတူ မိတ်ဆက်ခဲ့တဲ့ဖုန်းပါ။ အသေးစိတ်အချက်အလက်ကို ယခုနေရာကနေ ကြည့်ရှုနိုင်ပါတယ်။

(၈) ZTE Nubia Z11

zte-nubia-z11-review
ZTE ကနေ မကြာသေးမီက မိတ်ဆက်ပေးခဲ့တဲ့စမတ်ဖုန်းဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါတယ်။ ဈေးနှုန်းက ၅၂၇ ဒေါ်လာဝန်းကျင်ရှိကာ၊ ၅.၅ လက်မအကျယ် full-HD မျက်နှာပြင်၊ Snapdragon 820 ပရိုဆက်ဆာ၊ 6GB RAM နဲ့ 128GB storage တို့ ပါရှိပါတယ်။ ဘက်ထရီကတော့ 3000mAh ဘက်ထရီဖြစ်ပြီး၊ ကျောကင်မရာက 16MP ကင်မရာဖြစ်ကာ၊ ရှေ့ကင်မရာကတော့ 8MP ကင်မရာနဲ့ဖြစ်ပါတယ်။

(၉) Asus Zenfone 3 Deluxe (Zs570KL)

asus-zenfone-3-deluxe
Asus ရဲ့ နာမည်ကျော် Zenfone 3 Deluxe မော်ဒယ်အသစ်ဖြစ်ပြီး၊ RAM 6GB အထိပါဝင်လာပါတယ်။ ၅.၇ လက်မအကျယ် HD မျက်နှာပြင် ၊ Snapdragon 820 ပရိုဆက်ဆာတို့ ပါဝင်ပြီး၊ ကျောကင်မရာက 23-megapixel ကင်မရာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ခန့်ရှိပြီး၊ 3000mAh ဘက်ထရီပါဝင်ပါတယ်။

(၁၀) Vivo xPlay 5 Elite

6gb-ram-phones
RAM 6GB စမတ်ဖုန်းတွေအကြောင်းပြောရင် ကမ္ဘာ့ပထမဆုံး RAM 6GB ပါ Vivo xPlay 5 Elite ဖုန်းကို ထုတ်ခဲ့တဲ့ Vivo ကို ချန်လှပ်ထားလို့ရမှာမဟုတ်ပါဘူး။
ဒီဖုန်းမှာ ၅.၄၃ လက်မအကျယ် dual-curved Super AMOLED မျက်နှာပြင်ပါရှိပြီး၊ Quad HD resolution အထိရှိပါတယ်။ Snapdragon 820 ပရိုဆက်ဆာ၊ 6GB RAM တို့အပြင် internal storage လည်း 128GB အထိ ပါဝင်ပါတယ်။ ကျောကင်မရာကတော့ 16MP ကင်မရာဖြစ်ပြီး၊ ရှေ့ကတော့ 8MP ကင်မရာပါ။ ဘက်ထရီအနေနဲ့ 3600mAh ဘက်ထရီကို အသုံးပြုထားပြီး၊ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀ ကျော်ရှိမှာပါ။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment