♪ Xiaomi ရဲ့ အခန့်ညားဆုံး Concept ဖုန်းတစ်ခု (သို့မဟုတ်) Mi Mix ♫


ဒီကနေ့ ကျင်းပပြုလုပ်နေတဲ့ Event မှာ Xiaomi အနေနဲ့ Mi Note 2 နဲ့ Mi VR တို့ကို မိတ်ဆက်ပေးပြီးတဲ့ နောက်မှာတော့ ပရိသတ်တွေ ဘယ်လိုမှထင်မှတ်မထားတဲ့ အရာတစ်ခုကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဲ့ဒါကတော့ Mi Mix ပါ။ Mi Max နဲ့ တော့မမှားလိုက်ပါနဲ့။ Mi Mix ဟာ Xiaomi ထုတ်ခဲ့သမျှထဲမှာ အရွယ်အစားအကြီးမားဆုံးနဲ့ အကောင်းဆုံး Concept ဖုန်းတစ်ခုလို့ပြောရလောက်တဲ့ အရည်အသွေးတွေ နဲ့အတူ ကြည့်ရှုသူပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားရလောက်အောင် ထူးခြားဆန်းပြားမှုတွေနဲ့ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Design
===================
ဒီဇိုင်းပိုင်းကို အရင်ပြောရရင် Perfect ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည် တစ်ခုလုံးကို ခန့်ညားလှပ စေဖို့ ကြွေထည် ceramic နဲ့ပြုလုပ်ထားပြီး ၊ ကျောဘက်အဖုံး ၊ ဘောင်နဲ့ ဘေးက ခလုတ်တွေ အဆုံး ကြွေထည်နဲ့ပဲပြုလုပ်ထားတာဖြစ်ပါတယ်။ ထူးခြားတာက ဆက်ထား ၊ ကပ်ထားတာ လုံးဝမရှိပဲ သီးသန့်ကိုယ်ထည် (ဂီတာစကားနဲ့ပြောရရင် ထွင်းအိုး) နဲ့ပြုလုပ်ထားတဲ့အတွက် ခိုင်ခံမှုအပိုင်းမှာ စိတ်ကျေနပ် စရာကောင်းပါတယ်။

မျက်နှာပြင်က အစွန်းမရှိတဲ့ 6.4” edgeless display ကိုသုံးထားပြီး ဖုန်းကိုယ်ထည်ရဲ့ (၉၁.၃) ရာခိုင်နှုန်းက ဖန်သားပြင်ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အပေါ်ပိုင်းတစ်ပိုင်းလုံးကို Display ကဖုန်းလွှမ်းထားပြီး Selfie ကင်မရာက ညာဘက်အောက်ထောင့် မှာဖြစ်ပါတယ်။ ကင်မရာက အောက်ကိုရောက်သွားလို့ Selfie ရိုက်လို့အဆင်မပြေ မဖြစ်ရလေအောင် upside-down auto rotate ပေးမှာဖြစ်ပါတယ်။

Cantilever piezoelectric ceramic acoustic technology လို့ခေါ်တဲ့ နည်းပညာက ယခင် earpiece speaker နေရာမှာ အစားထိုးပါဝင်လာပြီး earpiece မပါပဲ ဖုန်းပြောဖို့ ၊ နားထောင်ဖို့အတွက် ထောက်ပံ့ပေး ထားပါတယ်။ မျက်နှာပြင်ရဲ့ အနောက်ဘက်အတွင်းပိုင်းမှာလည်း ယခင် infrared proc sensor အစား ultrasonic proximity sensor ကို အသုံးပြုထားပါတယ်။ အရှေ့ကင်မရာ ကလည်း ယခင် ကင်မရာတွေထက် ထက်ဝက်ခံ သေငယ်သွားပါတယ်။ မျက်နှာပြင်အပြည့် ဖန်သားပြင်က သုံးစွဲသူအတွက်တော့ စိတ်လှုပ်ရှားစရာအတွေ့အကြုံအသစ်တွေ ပေးစွမ်းမှာ အသေအချာပါပဲ။

Mi Mix ကို ရိုးရိုး Mi Mix အပြင် Mi Mix 18k ဆိုပြီး Luxury type version တစ်မျိုးကိုပါ ထပ်မိတ်ဆက်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းက အတူတူဖြစ်ပေမယ့် Mi Mix 18k မှာတော့ ကင်မရာနဲ့ Fingerprint sensor တို့ကို ပတ်ထားတဲ့ ရွှေကွင်းလေးတွေက ရွှေအစစ်ဖြစ်ပြီး 18k ဆိုတဲ့အတိုင်း 18 karat (၁၈ ကာရက်) ရှိတဲ့ ရွှေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

Specs တွေအနေနဲ့ကတော့
==================
- Snapdragon 821 at 2.35GHz
- 4GB LPDDR4 RAM + 128GB UFS 2.0 storage/ 6GB + 256GB (Mi Mix 18k)
- 4400mAh battery, Quick Charge 3.0
- Full NFC Functionality: Read, write, card emulation, P2P, Mi Pay ready
- HD audio quality, 192kHz / 24-bit resolution
- GPS high-precision positioning
- 16MP PDAF rear camera , 5MP front camera
- MIUI 8
- Mi MIX 18k with 18-karat gold rims around camera and fingerprint sensor; 6GB + 256GB
RAM 4GB + Storage 128GB နဲ့ ထွက်ရှိမယ့် Mi Mix ကတော့ ဒေါ်လာ (၅၂၀) ဝန်းကျင် ကျသင့်မှာဖြစ်ပြီး Mi MIX 18k ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ (၆၀၀) ဝန်းကျင် လို့သိရပါတယ်။


Credit to ==> DigitalTimes.com.mm



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment