♪ Player တွေကိုပြန်လည်ဆွဲဆောင်လိုက်တဲ့ Pokemon Go ရဲ့ Holloween in-game event ♫


ကမ္ဘာတစ်ဝှမ်းမှာ လူစိတ်ဝင်စားမှု လျော့နည်းသွားတဲ့ Pokemon Go အနေနဲ့ Player တွေကို ပြန်ဆွဲဆောင်ဖို့ အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ Holloween အထိမ်းအမှတ် in-game event တစ်ခုကိုပြုလုပ်လိုက်ပါတယ်။ Pokemon Go ကစားသူတိုင်း ဒီ event ကို ဆင်နွှဲခွင့်ရမှာဖြစ်ပြီး event ကာလကတော့ အောက်တိုဘာ(၂၆) ရက်နေ့ကနေ နိုဝင်ဘာ(၁) ရက်နေ့ထိဖြစ်ပါတယ်။

Event ကာလထဲမှာရရှိနိုင်မယ့် စိတ်လှုပ်ရှားစရာတွေကတော့ Zubat နဲ့ Golbat တို့အပါအဝင် ရှားပါးတဲ့ Ghost နဲ့ Psychic Pokemon တွေဖြစ်တဲ့ Drowzee, Gastly, Gengar, Haunter, Hypno တို့ကို ပေါပေါများများ ဖမ်းယူ ရရှိနိုင်မှာဖြစ်ပြီး ဖမ်းမိတဲ့အခါ ၊ Buddy Training ပြည့်တဲ့အခါနဲ့ Transfer လုပ်တဲ့အခါတွေမှာ Candy တွေကို သာမန်ထက်ပိုရမှာဖြစ်ပါတယ်။

Holloween ရဲ့ အထိမ်းအမှတ်အဖြစ် သရဲ ပိုကီမွန်တွေကို ပေါပေါများများ ဖမ်းမိအောင် ပြုလုပ်ပေးထား တာဖြစ်ပြီး Candy Bonus တွေအနေနဲ့ကတော့ ဖမ်းမိတဲ့အခါ (၆) လုံး၊ Transfer လုပ်တဲ့အခါ (၂) လုံးနဲ့ ၊ Buddy Level-up တဲ့အခါ (၄) လုံး ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

Pokemon Go အနေနဲ့ ကမ္ဘာအနှံ့က Player တွေ ပြန်လည် စိတ်ပါဝင်စားလာစေဖို့ အခု Event ကို ဖန်တီးခဲ့တာ ဖြစ်ပြီး ဒီ event က player တွေကို ဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲ ဆိုတာကတော့ စောင့်ကြည်ရမှာပဲဖြစ်ပါတယ်။






Credit to ==>Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment