♪ “HTC One ME” ရဲ့စွမ်းဆောင်ရည်များ ♫


ပြည်တွင်းဈေးကွက်ထဲရှိ ဖုန်းကုမ္ပဏီအချို့သည် ဟန်းဆက်များစွာ ထုတ်လုပ် ရောင်းချနေသော်လည်း HTC ကတော့ လက်ရှိအချိန်တွင် စမတ်ဖုန်း အနည်းငယ် ကိုသာ ထုတ်လုပ်ရောင်းချပေးထားပါတယ်။ HTC ဟာ စမတ်ဖုန်း ဈေးကွက်တွင် အောင်မြင်မှုရရှိရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက် ပေးထားပါသေး တယ်။

 ပြည်တွင်းဈေးကွက်တွင် ရောင်းချပေးထားသော ဖုန်းများဟာ ဈေးနှုန်းအနည်းငယ်မြင့်မား ပါတယ်။ Desire 626G+ ဟာ ဈေးနှုန်းတန်ဖိုး 225,000/- ကျပ် ၀န်းကျင်ရှိပြီး မျက်နှာပြင်အကျယ်အ၀န်း ကတော့ 5inches ရှိပါတယ်။ Octa Core 1.7GHz စွမ်းရည်ရှိသော CPU ပါရှိပြီး ကင်မရာနှစ်မျိုးနှစ်စားမှာ 13MP နဲ့ 5MP စွမ်းရည်ရှိပါတယ်။ အားသွင်း အသုံးပြုရမယ့်ဘက်ထရီကတော့ Li-Po 2000mAh ဖြစ်ပါတယ်။ Desire 728G ဟာ 5.5inches မျက်နှာပြင် အကျယ် အ၀န်းရှိပြီး CPU စွမ်းရည်က တော့ Octa Core 1.3GHz ဖြစ်ပါ တယ်။ RAM ပမာဏကို 1.5GB ဖြစ်အောင် ဆောင်ရွက်ပေးထား ပြီး အဓိက ကင်မရာသည် 13MP စွမ်းရည်ရှိကာ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။

Li-Po 2800mAh ဘက် ထရီကိုအားသွင်း အသုံးပြုရမယ့် Desire 728G ရဲ့ တန်ဖိုးမှာ 265,000/- ကျပ်ဝန်းကျင်ရှိပါတယ်။ One A9 ကတော့ ဈေးနှုန်း တန်ဖိုးအမြင့်ဆုံးဖြစ် ပါတယ်။ 469,000/- ကျပ်ဝန်းကျင်ဖြစ်ပါတယ်။ 5 inches မျက်နှာပြင်တွင် 1080 x 1920 pixels ပမာဏဖြင့် ထုံမွှမ်းပေးထားပြီး မှတ်ဥာဏ်ပမာဏ ကတော့ 16GB ဖြစ်ပါတယ်။ Android Version Marshmallow ကို သုံးစွဲနိုင်မယ့် ဖုန်းဖြစ်ပါ တယ်။ Li-Ion 2150mAh ဘက်ထရီဟာ စကားပြောဆိုချိန်တွင် ၁၀ နာရီအထက်ခံနိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ One ME ကတော့ 339,000/- ကျပ်ဝန်းကျင်တန်ဖိုးရှိပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက ထုတ်လုပ်ပေးထားတဲ့ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ထောင့်စွန်းများဟာ အ၀န်း အ၀ိုက် ပုံစံရှိပြီး ဖုန်းအောက်ဘက်တွင် Home Button ဟာ ကျယ်ပြန့်တဲ့ အနေအထားရှိပါတယ်။

ဖုန်း၏အနောက်ဘက်အလယ်တည့်တည့်တွင် အဓိကကင်မရာကို အ၀ိုင်း ပုံစံတပ်ဆင်ပေးထားကာ ဘေးဘက်တွင် Flash မီးကို ထည့်သွင်းပေးထား ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G/3G/4G ဖြစ်ပါ တယ်။ ဖုန်းကိုယ် ထည်အရွယ် အစားပမာဏဟာ 151x72x9.8 mm ဖြစ်သောကြောင့် ကိုင်ဆောင်အသုံးပြုဖို့အတွက် အဆင်ပြေစေပါလိမ့်မယ်။ ဖုန်းရဲ့အလေး ချိန်မှာ 155g ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးရဲ့ အရေးပါသည့် အချက်တစ်ချက်မှာ SIM Card ထည့်သွင်းသုံးစွဲနိုင်မှုအပိုင်းဖြစ်ပြီး အခု နောက်ပိုင်းထုတ်ဖုန်းများမှာ SIM Card နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင် ကြပါတယ်။


HTC One ME တွင်လည်း SIM Card နှစ်ကတ်ထည့်သွင်း သုံးစွဲ နိုင်ပါမယ်။ အသုံးပြုရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းရဲ့ Capacitive touchscreen အကျယ်အ၀န်းပမာဏဟာ 5.2 inches ရှိပါတယ်။ 5.5 inches နှင့် 6 inches အကျယ်ပမာဏရှိသော ဖုန်းများနှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဉ်းမြောင်းသော မျက်နှာပြင်ကို ပိုင်ဆိုင်ထား တယ်လို့ ယူဆနိုင်ပါတယ်။ One ME အသုံးပြုတဲ့အခါတွင် မြင်ကွင်းစွမ်းရည် ပိုင်းကောင်းမွန်စေရန် ဖုန်း၏မျက်နှာပြင်၌ 1440x2560 pixels ပမာဏ နှင့်ဖွဲ့စည်းပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်း ဆကတော့ 565ppi ပါ။ Multitouch စနစ်တွင် HTC Sense UI 7.0 ကို သုံးစွဲနိုင်ပါမယ်။ ဓာတ်ပုံရိုက်ကူးတဲ့အခါ၌ ပုံထွက်ကောင်းစေမယ့် ဖုန်းဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် အဓိက ကင်မရာဟာ 20MP စွမ်းရည်ရှိသော ကြောင့်ပါ။ Dual LED (Dual Tone) Flash စနစ်ပါရှိပါတယ်။ ခရီးထွက်သည့် အခါ၌ One ME ကို ယူဆောင်သွားပါက ကြည်လင်သော အမှတ်တရပုံရိပ် များစွာကို သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်

ကင်မရာဆက်စပ်ပတ်သက်စနစ်များစွာလည်း ပါရှိသောကြောင့် ဓာတ်ပုံ ရိုက်ကူးမှုအတွက် အဆင်ပြေစေပါလိမ့်မယ်။ ရှေ့ကင်မရာငယ်ကတော့ 4MP, f/2.0, 2mm pixels size အမျိုးအစားဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှု စွမ်းရည် မှာ 2160p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 frames ဖြစ်ပါတယ်။ အသံ စနစ်အပိုင်းတွင် Dolby Surround Sound နှင့် Active noise cancellation with dedicated mic စနစ်ပါရှိပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားက တော့ Android ဖြစ်ပြီး Version မှာ Lollipop ဖြစ်ကာ Marshmallow သို့လည်း အဆင့်မြှင့်တင်သုံးစွဲ နိုင်ပါတယ်။ ထည့်သွင်းပေးထားသော Chipset ကတော့ Mediatek MT6795 Helio X10 ဖြစ်ကာ၊ CPU စွမ်းရည်မှာ Octa Core 2.2GHz ဖြစ်ပါတယ်။ GPU ကတော့ PowerVR G6200 အမျိုးအစားပါ။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် 32GB ပါရှိမှာဖြစ်ပြီး၊ RAM ပမာဏကိုတော့ 3GB ထည့်သွင်းပေးထားပါတယ်။


အချက်အလက်အများအပြား သိမ်းဆည်းနိုင်ဖို့ အတွက်လည်း Card Slot စနစ်ပါရှိပါတယ်။ Bluetooth Version ကတော့ 4.1 ပါ။ Fingerprint Sensor စနစ်ကိုလည်း သုံးစွဲနိုင်မယ့်ဖုန်းပါ။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 2840mAh ဖြစ်ပြီး၊ 3G Network တွင် စကားပြောဆိုဖို့ ၁၃ နာရီနီးပါး ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ လှပသော အရောင်များဖြင့်လည်း ဖုန်းကို ထုတ်လုပ်ပေးထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment