♪ Android User တွေ Whatsapp နဲ့ Video Call စမ်းသပ်လို့ရပြီ ♫


ကမ္ဘာတစ်ဝှမ်းမှာ လူသုံးအများဆုံး messanging network တစ်ခုဖြစ်တဲ့ Whatsapp ရဲ့ Android အတွက် နောက်ဆုံးထွက်ရှိလာတဲ့ beta version မှာ video call feature ကို စမ်းသပ်တဲ့အနေနဲ့ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ Beta Version အသစ်ကတော့ 2.16.318 ဖြစ်ပြီး အခုပါဝင်လာတဲ့ Video call feature ဟာ စမ်းသပ်တဲ့ သဘောမျိုးသာဖြစ်တဲ့အတွက် အနည်းငယ်မကြည်မလင်မှုတွေရှိနိုင်တယ်လို့လည်းသိရပါတယ်။ Video Call ခေါ်ဖို့အတွက်ကတော့ ရိုးရှင်းပါတယ်။ Call icon ကိုနှိပ်ပြီး Video call ကိုရွေးချယ်ပေးရုံပါပဲ။ တိုက်ရိုက်ခေါ်ချင် ရင်တော့ option ထဲမှာ video call ကို default ပေးထားလို့ရပါတယ်။ တစ်ခုရှိတာက မိမိခေါ်ဆိုလိုတဲ့သူရဲ့ Whatsapp app ကလည်း နောက်ဆုံးထွက် Beta Version ဖြစ်ဖို့လိုအပ်ပါတယ်။ တစ်ဖက်လူက Update မလုပ်ရသေးရင်တော့ ခေါ်တဲ့အခါ Error Message ပေါ်လာမှာဖြစ်ပါတယ်။

ap_resize-1

Beta Version ဖြစ်တဲ့အပြင် Beta Tester အဖြစ်စာရင်းပေးသွင်းထားတဲ့သူတွေသာ အသုံးပြုခွင့်ပေးမှာဖြစ် တဲ့အတွက် Video Call ကို Activate လုပ်ဖို့ လုပ်ဆောင်စရာတွေရှိပါတယ်။

အဲ့ဒါတွေကတော့

  1. အရင်ဆုံး https://play.google.com/apps/testing/com.whatsapp Link မှာ beta tester အဖြစ်စာရင်းသွင်းပြီး download ရယူပါ။
  2. Chat ထားသမျှကို Backup လုပ်ထားပါ။
  3. WhatsApp app နဲ့ data တွေကို ရှင်းလင်းလိုက်ပါ။
  4. ပြီးတော့မှာ Log in ပြန်ဝင်ပါ။
WhatsApp ရဲ့ Video Calling feature က အခြားသော Video Calling App တွေလိုပဲ အပြည့်အဝလုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ ဥပမာ Mute လုပ်လို့ရတာမျိုး ၊ ရှေ့ကင်မရာနဲ့ နောက်ကင်မရာ ပြောင်းလို့ရတာမျိုး တွေဖြစ်ပါတယ်။ အသုံးပြုသူ သန်း(၁၀၀၀) လုံးအတွက် stable version ကိုတော့ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ထွက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်။ Whatsapp ရဲ့ Video Calling Feature က လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက ထွက်ရှိထားတဲ့ Google ရဲ့ Video calling app ဖြစ်တဲ့ Duo ရဲ့ ဈေးကွက်ကို ပြင်းပြင်းထန်ထန် ဂယက်ရိုက်စေနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။


Credit to ==>Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment