♪ လာမည့်နှစ်တွင် Apple က iPhone သုံးမျိုး မိတ်ဆက်မည်ဟုဆို ♫


iPhone 7 နှင့် 7 Plus ကို စတင်ရောင်းချချိန်မှာ တစ်လကျော်ခန့်သာ ရှိသေးသော်လည်း အသစ်ထွက်မည့် စမတ်ဖုန်းအတွက် ကောလာဟလ သတင်းများ ဆက်လက်ထွက်ပေါ်လာခဲ့သည်။

Nikkei Asian Review ၏ အဆိုအရ Apple သည် ကုမ္ပဏီ၏ အထင်ကရထုတ်ကုန်ကို စတင်ရောင်းချသည့် ၁၀ နှစ်ပြည့်နှစ်ပတ်လည်နှင့် တိုက်ဆိုင်သော ၂၀၁၇ ခုနှစ်တွင် iPhone မော်ဒယ် သုံးမျိုးကို မိတ်ဆက်သွားမည်ဟု သိရသည်။ အဆိုပါ iPhone သုံးမျိုးတွင် ၄.၇ လက်မ၊ ၅ လက်မနှင့် ၅.၅ လက်မ touchscreen များ အသီးသီးပါဝင်ပြီး ကျောဘက်တွင် မှန်ထည်ကို အသုံးပြုထားကြောင်း ဆိုသည်။

Apple သည် အစောပိုင်း iPhone မော်ဒယ်များတွင် ကျောဘက်၌ မှန်ကို အသုံးပြုခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် iPhone 5 ကို မိတ်ဆက်သည့်အခါ အလူမီနီယံကို ပြောင်းလဲအသုံးပြုခဲ့သည်။

Apple ၏ စတုတ္ထသုံးလပတ် iPhone တင်ပို့ရောင်းချမှုသည် ၄၅.၅ သန်းရှိခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်ကထက် ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။


Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment