♪ မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာဆိုတာ ♫


(မန္တလေးမြို့ မိုဘိုင်းဖုန်းပြုပြင်နည်းတန်းခွဲသစ်များ – နိုဝင်ဘာ ၂၁ ရက်နေ့ဖွင့်လှစ်မည်)
မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာသည် အချိန်တိုတွင်းသင်ကြားလေ့လာသင်ယူနိုင်ပြီး ၀င်ငွေကောင်းမွန်သည့်အတတ်ပညာတစ်ခုလည်းဖြစ်သည်။ ယနေ့ခေတ်သည် မိုဘိုင်းဖုန်းအသုံးပြုသူဦးရေပမာဏသည် မြန်မာပြည်တွင်ပင် သန်းဆယ်ချီရှိနေသောကြောင့် ယင်းမိုဘိုင်းဖုန်းများရဲ့ချို့ယွင်းပျက်စီးမှုများသည်လည်း မြန်မာနိုင်ငံ၏ မြို့အသီးသီး ၊ နယ်အသီးသီးတွင် နေ့စဉ်နှင့်အမျှရှိနေပါသည်။ ယခင်ကမူ မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာများကို ပြည်တွင်းတွင်သင်ယူရန်မလွယ်ကူသလိုသင်ယူစရိတ် အားဖြင့်လည်း အလွန်မြင့်မားပေးသည်။ ယခုအခါတွင်မူ မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာသည် ခေတ်နှင့်လျော်ညီပြီး အချိန်တိုတွင်းလေ့လာသင်ကြားနိုင်ကာ အမှန်တကယ်လေ့လာသင်ကြားတတ်မြောက်သူတိုင်းအတွက်ဝင်ငွေကောင်းမွန်သည့်အတတ်ပညာ တစ်ခုဖြစ်တာကြောင့် လူကြီးလူငယ်အများစုစိတ်ပါဝင်စားလာကြသည့်အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုဖြစ်ပါတယ်။
မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာကိုသင်ဖို့ဘာပညာအရည်အချင်းတွေလိုအပ်လဲ?
———————————————————————
မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာကိုသင်ကြားဖို့ အခြေခံပညာအထက်အတန်းအဆင့်လောက်အနည်းဆုံးပြီးထားဖို့လိုအပ်ပါတယ်။ ကွန်ပျူတာအခြေခံလောက်အသုံးပြုတတ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီပညာတွေကိုသင်ကြားပြီးနောက်ပိုင်းလက်တွေ့နယ်ပယ်ထဲရောက်သွားရင်လည်း ပညာအသစ်အသစ်တွေကို မိမိဘာသာဆက်လက်လေ့လာဆည်းပူးဖြည့်တင်းနေဖို့လည်းလိုအပ်ပါတယ်။ ဒီလိုလေ့လာဖို့ရာအတွက် အင်တာနက်ကတော့အဓိကပါပဲ။ အင်တာနက်ကနေ ကိုယ့်ပညာနဲ့ပတ်သက်တဲ့ Tutorial တွေ ၊ File တွေ ၊ဗဟုသုတတွေ ၊ ဗီဒီယိုဖိုင်တွေကိုရှာဖွေဖတ်ရှုရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ နောက်ပြီး ကိုယ်အသုံးပြုနေတဲ့ဖုန်းကိုနေ့စဉ်ထိတွေ့ကိုင်တွယ်ကျွမ်းကျင်စွာအသုံးပြုနေသူဖြစ်ရပါမယ်။ အခြားသူတွေရဲ့ဖုန်းတွေ ၊ ဒါမှမဟုတ် ဖုန်းနဲ့ပတ်သက်တဲ့သတင်းတွေကိုအမြဲစိတ်ပါဝင်စားနေရပါမယ်။ ဒါကိုထည့်ပြောရတဲ့အကြောင်းအရင်းကတော့ ဒီပညာနဲ့အသက်မွေးဝမ်းကျောင်းပြုမယ့်သူဟာ ဖုန်းတွေနဲ့ပတ်သက်တာတွေကိုအမြဲတစေစိတ်ပါဝင်စားမှုရှိနေသင့်တယ်ဆိုတာကိုပြောချင်တာပါ။ ဒီလိုစိတ်ပါဝင်စားမှုရှိပြီး လေ့လာချင်စိတ်ရှိသူမှသာ အောင်မြင်တဲ့ Mobile Phone Service Technician တစ်ယောက်အဖြစ်ရပ်တည်နိုင်မှာပါ။
ဒီပညာနဲ့ဘယ်လိုပြန်လည်လုပ်ကိုင်နိုင်လဲ ?
————————————
မိုဘိုင်းဖုန်းပြုပြင်တဲ့အတတ်ပညာကိုစနစ်တကျလေ့လာသင်ကြားတတ်မြောက်ပြီးပြီဆိုရင်တော့ ဖုန်းအရောင်းဆိုင်တွေနဲ့ဖုန်းပြုပြင်ရေးလုပ်ငန်းတွေ ၊ ပြည်တွင်းရှိမိုဘိုင်းဖုန်း Company ကြီးများမှာ Service Technician အဖြစ် ပြန်လည်လုပ်ကိုင်နိုင်ခြင်း ၊ ကိုယ်ပိုင်ဖုန်းပြုပြင်ရေးလုပ်ငန်းဖွင့်လှစ်လုပ်ကိုင်နိုင်ခြင်း ၊ မိမိပတ်ဝန်းကျင်က မိသားစု မိတ်ဆွေတွေရဲ့ဖုန်းတွေမှာဖြစ်တဲ့ပြဿနာပိုင်းတွေကို ကိုယ်တတ်တဲ့ပညာဖြင့်ကူညီဖြေရှင်းပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိမှာပါ။ ကိုယ့်ဘက်ကသာ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားတယ် ၊ ပညာတွေသင်ထားပြီးနောက်ပိုင်းမှာလည်းဆက်လေ့လာမှုရှိနေတယ် ၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပြနိုင်တယ်ဆိုရင် အလုပ်အကိုင်ပေါလွန်းလှပါတယ်။ လူတိုင်းဖုန်းကိုင်နေတာကြောင့် လူကြီးလူငယ်တိုင်းသိထားတတ်ထားသင့်တဲ့အတတ်ပညာလည်းဖြစ်ပါတယ်။
မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာ ဘယ်နှမျိုးရှိသလဲ ?
—————————————————————
မိုဘိုင်းဖုန်းပြုပြင်သည့်အတတ်ပညာ ၂ မျိုးရှိပါတယ်။ ဘာတွေလဲဆိုတော့
– ဖုန်းတစ်လုံးရဲ့ Software System ပိုင်းဆိုင်ရာစစ်ဆေးပြုပြင်ခြင်း – Mobile Software System Repairing Course
-ဖုန်းတစ်လုံးရဲ့ ကိုယ်ထည်အစိတ်အပိုင်းများဆိုင်ရာစစ်ဆေးပြုပြင်ခြင်း – Mobile Hardware System Repairing Course
ဒီ ၂ မျိုးအကြောင်းကိုလည်းအကျဉ်းချုပ်ရှင်းပြချင်ပါတယ်။ Mobile Software System Repairing Course ဆိုတာကတော့ ဖုန်းတစ်လုံးရဲ့ Software System ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့ Error တွေကိုဖြေရှင်းနည်း ၊ တွေးခေါ်စဉ်းစားနည်း ၊ System ပိုင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို စနစ်တကျသင်ပေးတဲ့အပိုင်းပါ။ ဖုန်းတစ်လုံးရဲ့ Software System ဆားဗစ်ပိုင်းနဲ့ပတ်သက်ပြီး မြန်မာပြည်ကဖုန်းဆိုင်တွေမှာအများဆုံးဆားဗစ်လုပ်ပေးရတာတွေကို ဥပမာပြောရရင် မြန်မာစာထည့်တာ ၊ Root လုပ်တာ ၊ Jailbreak လုပ်တာ ၊ ဆော့ဝဲသွင်း ဂိမ်းသွင်း ၊ Firmware တင်တာ ၊ Network Lock ဖြည်တာ ၊ Pattern/Password Lock ဖြည်တာ ၊ FRP Lock ကျော်တာ ၊ ဖုန်းတစ်လုံးရဲ့ကိုယ်ထည်အစိတ်အပိုင်းများအားလုံးကောင်းသော်လည်း System ပိုင်းမှာတစ်ခုခုပျက်ယွင်းသွားလို့ ဖုန်း ကလုံးဝပွင့်မလာတော့ Dead နေခြင်းကို Software ပိုင်းနည်းနဲ့ ပြန်လည်အသက်ဝင်လာအောင်ပြုပြင်ပေးတာ (ဆားဗစ်အခေါ်အဝေါ်ကတော့ Deadboot နှိုးတယ်ပေါ့) ၊ သာမန် Software Error ပိုင်းမဟုတ်တော့တဲ့ဖုန်းတွေကိုပြုပြင်ဖြေရှင်းဖို့ထုတ်ပေးထားတဲ့ Software Repairing Toolkitပစ္စည်းတွေဖြစ်တဲ့ Box,Dongle အသုံးပြုပြီးဖြေရှင်းတာစတာတွေကို အများဆုံးလုပ်ပေးရလေ့ရှိပါတယ်။ ဒါကြောင့် ဒီပညာဟာ Mobile Service Technician တစ်ယောက်အဖြစ်ရပ်တည်မည့်သူတွေအနေနဲ့မဖြစ်မနေတတ်သင့်တတ်အပ်တဲ့ပညာရပ်ပိုင်းတစ်ခုပါပဲ။
Mobile Hardware System Repairing Course ဆိုတာကတော့ ဖုန်းတစ်လုံးရဲ့ကိုယ်ထည်အစိတ်အပိုင်းတွေရဲ့ချို့ယွင်းပျက်စီးမှုပြစ်ချက်တွေကို ပြုပြင်ဖြေရှင်းပေးခြင်းကို စနစ်တကျသင်ပေးတဲ့အပိုင်းပါ။ ဖုန်းတစ်လုံးရဲ့ Hardware ဆားဗစ်ပိုင်းနဲ့ပတ်သက်ပြီး မြန်မာပြည်ကဖုန်းဆိုင်တွေမှာအများဆုံးဆားဗစ်လုပ်ပေးရတာတွေကိုဥပမာပြော ရရင် Ring Speaker/Ear Speaker/Mic ပျက်ခြင်းကိုပြုပြင်ပေးခြင်း ၊ ဖုန်းရဲ့ Touch Screen/LCD သုံးမရတော့ခြင်း/ကွဲခြင်းကိုအစားထိုးလဲလှယ်ပေးခြင်း ၊ Power dead ပါဝါသေနေတဲ့ဖုန်းတွေကိုပြုပြင်ပေးခြင်း ၊ SIM Card မသိ/Network မတက်ဖြစ်နေတဲ့ဖုန်းတွေကိုပြုပြင်ပေးခြင်း ၊ Battery အားမ၀င်ခြင်း ၊ Dead Boot/Boot သေခြင်း ၊ Emmc/Memory IC/Flash IC ပျက်ခြင်း ၊ Power IC ပျက်ခြင်း ၊ ရေ၀င်ခြင်း ၊ ပြုတ်ကျခြင်း ၊ ရှော့ဖြစ်ခြင်း စသည့် ဖုန်း Hardware ပိုင်း Error များကိုအများဆုံးပြုပြင်ဖြေရှင်းပေးရလေ့ရှိပါတယ်။ ဒါကြောင့် Hardware Service ပိုင်းဟာလည်း Mobile Service Technician တစ်ယောက်အဖြစ်ရပ်တည်မည့်သူတွေအနေနဲ့တတ်သင့်တတ်အပ်တဲ့ပညာရပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာ ကိုတွေ့ရမှာပါ။
ဒီပညာတွေကိုသင်ယူနိုင်တဲ့ သင်တန်းကျောင်းရော ရှိလား ?
—————————————————————
မိုဘိုင်းဖုန်းနည်းပညာပိုင်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ ၊ Tutorial တွေကိုတင်ဆက်ပေးနေတဲ့ မြန်မာနိုင်ငံရဲ့နံပါတ် ၁ မိုဘိုင်းနည်းပညာ Website ကြီးဖြစ်တဲ့ “Myanmar Mobile App (www.myanmarmobileapp.com) ” ရဲ့ မိုဘိုင်းဆားဗစ်ပညာရှင်များက မန္တလေးမြို့မှာ MMAS မိုဘိုင်းနည်းပညာသင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မိုဘိုင်းဖုန်းပြုပြင်တဲ့အတတ်ပညာတွေကိုသင်ကြားပေးနေကြပါတယ်။ MMAS ဟာ မြန်မာပြည်ရဲ့အကောင်းဆုံးမိုဘိုင်းနည်းပညာသင်တန်းကျောင်းလည်းဖြစ်ပါတယ်။

MMAS မှာ Mobile Software System Repairing Course ၊ Mobile Hardware System Repairing Course စတဲ့ဘာသာရပ်နှစ်မျိုးလုံးကိုတက်ရောက်သင်ကြားနိုင်ပါတယ်။


တက်ရောက်သင်ကြားရာမှာ ဘာသာရပ် ၂ ခုစလုံးကို တစ်ပြိုင်တည်းတက်လို့ရသလို Mobile Software Repairing (သို့) Hardware Repairing Course တစ်ခုခုကိုပဲရွေးချယ်တက်ရောက်လို့လည်းရပါတယ် ။ ဖုန်းပြုပြင်တဲ့အတတ်ပညာတွေအပြင် စီးပွားရေးအသိအမြင်တွေ ၊ စာရင်းဇယားဆွဲနည်းတွေပါထည့်သွင်းသင်ကြားပေးမယ့် Business Management Course ကိုပါအခမဲ့သင်ကြားပေးနေပါတယ်။
MMAS မှာ Course တစ်ခုချင်းစီ (သို့) Course ၂ မျိုးပေါင်းအတွက် သင်တန်းကြေးကရော ?
———————————————————————
ဘာသာရပ်တစ်ခုချင်းတက်မယ်ဆိုရင်တော့ သင်တန်းကြေးအနေနဲ့
Mobile Software System Repairing Course – 170000 ကျပ်
Mobile Hardware System Repairing Course – 170000 ကျပ် ဖြစ်ပါတယ်။
(သင်တန်းဖွင့်ရက်မတိုင်မှီအစောဆုံးအပ်နှံသူတွေအတွက် 5% Discount လျှော့ပေးမယ့်အစီအစဉ်လည်းရှိပါတယ်။)
ယင်းပညာရပ်နှစ်မျိုးလုံးကိုတစ်ပြိုင်နက်တက်ရောက်သင်ကြားလိုသူများအတွက် ဆင်းရဲချမ်းသာမရွေးတက်ရောက်နိုင်ရန် သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ Package တွေနဲ့စီစဉ်ပေးထားပါတယ် ။ Package အစီအစဉ်နဲ့တက်လိုသူတွေအနေနဲ့လည်း မိမိနှစ်သက်ရာ ၊ မိမိအဆင်ပြေမည့် Package ကို ရွေးချယ်တက်ရောက်နိုင်မှာပါ။
ဘာသာရပ် ၂ ခုလုံးတက်ရောက်လိုသူတွေအတွက် အသင့်တော်ဆုံး Professional Package အမျိုးအစားများကတော့
*Gold Package – ၃၀၀၀၀၀ ကျပ် (Mobile Software System Repairing Course+ Mobile Hardware System Repairing Course + အဆောင်စီစဉ်ပေးခြင်း)
*Platinum Package – ၃၅၀၀၀၀ ကျပ် (Mobile Software System Repairing Course+ Mobile Hardware System Repairing Course+ Business Management & Accounting Course + 5% Discount + အဆောင်စီစဉ်ပေးခြင်း)
*Diamond Package – ၆၅၀၀၀၀ ကျပ် (Software System Repairing (Special) +Hardware System Repairing (Special) + Business Management & Accounting + Mobile Repairing Service On Job Training + အဆောင်စီစဉ်ပေးခြင်း)
*Friend Package – အထက်ပါ package တစ်ခုခုကို သူငယ်ချင်း ၃ ယောက်စုတက်ပါက တခြားသူငယ်ချင်းတစ်ယောက် အခမဲ့တက်ရောက်သင်ကြားခွင့်ရမည့် အစီအစဉ်ဖြစ်ပါသည်။
Package များတွင်ပါဝင်မှာတွေကတော့
-မိုဘိုင်းဖုန်းတစ်လုံးရဲ့ System ပိုင်းဆိုင်ရာချို့ယွင်းမှုများကိုစစ်ဆေးပြုပြင်သည့် Mobile Software System Repairing အတတ်ပညာ
-မိုဘိုင်းဖုန်းတစ်လုံးရဲ့ Hardware ကိုယ်ထည်အစိတ်အပိုင်းတစ်ခုချင်းစီအလိုက်ချို့ယွင်းမှုများကိုစစ်ဆေးဖြုတ်တပ်လဲလှယ်ပြုပြင်သည့်အတတ် ပညာ
-မိုဘိုင်းဖုန်းအရောင်းဆိုင် ၊ မိုဘိုင်းဖုန်းပြုပြင်ရေးလုပ်ငန်းဖွင့်လှစ်မည့်သူများ/၎င်းလုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်မည့်သူများအတွက် “ဆိုင်စီမံခန့်ခွဲမှု ၊ နေ့စဉ်ဝင်ငွေ/ထွက်ငွေနှင့် လစဉ်အရှုံးအမြတ်စာရင်းရှင်းတမ်းများစနစ်တကျတိကျမှန်ကန်စွာသိရှိနိုင်ရန်အတွက် “မိုဘိုင်းဖုန်းအရောင်းဆိုင် (သို့) မိုဘိုင်းဖုန်းပြုပြင်ရေးလုပ်ငန်းသုံး စာရင်းဇယားရေးဆွဲခြင်း ” ၊ အမြတ်များများရအောင် ၊ Customer အရေအတွက်တက်လာအောင်ဘယ်လိုလုပ်ရမလဲ စသည့်စီးပွားရေးနည်းဗျူဟာများကိုသင်ကြားပေးမည့် Business Mangement & Accounting Course
– အခြားမြို့များမှလာရောက် သင်ကြားမည့်သူများအတွက်အဆောင်စီစဉ်ချိတ်ဆက်ပေးခြင်း
စသည့် ဝန်ဆောင်မှုများပါဝင်မှာဖြစ်ပါတယ်။
သင်တန်းကာလက ဘယ်လောက်ကြာမလဲ ?
————————————————————
သင်တန်းကာလကတော့ ၂ လ (စာတွေ့+လက်တွေ့) ကြာမြင့်မှာဖြစ်ပါတယ်။ ဒီပညာကို စနစ်တကျလေ့လာသင်ယူရာမှာ အချိန် ၂ လလောက်အနည်းဆုံးပေးရပါတယ်။
သင်တန်းကာလအတွင်းအရည်အချင်းစစ်စာမေးပွဲများလည်းအပတ်စဉ်လစဉ်ပြုလုပ်ပေးနေပြီးသင်တန်း ကာလပြီးဆုံးပါက မြန်မာနိုင်ငံ၏နံပါတ် ၁ မိုဘိုင်းနှင့်နည်းပညာ Website ဖြစ်သော Myanmar Mobile App မိုဘိုင်းနည်းပညာအဖွဲ့အစည်းမှချီးမြှင့်သည့် Certificate in Mobile Phone Repairing Technology ကိုရရှိမည်ဖြစ်ပါသည်။
MMAS မိုဘိုင်းနည်းပညာသင်တန်းကျောင်းမှာတက်သင့်တဲ့အချက်တွေက
——————————————————————
Myanmar Mobile App မှဖွင့်လှစ်သင်ကြားပေးနေတဲ့ MMAS မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာသင်တန်းကျောင်းမှာတက်ရောက်သင်ကြားသင့်တဲ့အချက်တွေ ကတော့
*** ယနေ့ခေတ်မှာ မိုဘိုင်းဖုန်း/Tablet များအသုံးပြုမှုအလွန်များပြားလာသလို ၊ ယင်း ဖုန်း/Tablet များရဲ့ချွတ်ယွင်းပျက်စီးမှုများကို ပြင်ဆင်ပြုပြင်ဆောင်ရွက်ပေးမည့် ကျွမ်းကျင်ပညာရှင်များကို မြန်မာနိုင်ငံရဲ့အမြို့မြို့အနယ်နယ်မှာ လိုအပ်မှုများပြားခြင်း
*** MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှသင်ကြားပေးနေတဲ့ မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဟာ ၀င်ငွေကောင်းမွန်သော အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ပြီး ဘ၀အတွက်အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုအဖြစ်သင်ယူထားသင့်ခြင်း
*** MMAS မိုဘိုင်းဖုန်းပြုပြင်ရေးအတတ်ပညာဆိုင်ရာသင်တန်းကျောင်းဟာ မြန်မာနိုင်ငံနဲ့ မန္တလေးမြို့မှာ နာမည်ကြီးမိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာသင်တန်းကျောင်းဖြစ်ပြီး မန္တလေးမြို့သို့ မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာကိုလာရောက်သင်ယူကြသူအများစု ရွေးချယ်တက်ရောက်ကြသည့် မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာသင်တန်းကျောင်းကြီးဖြစ်ခြင်း ။
***သင်တန်းကြေးအားဖြင့် မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာကိုသင်ယူလိုသူတိုင်းနီးပါး သင်ယူနိုင်စေရန် သင်တန်းကြေးအားဖြင့် ၁၆၀၀၀၀ ကျပ်သာသတ်မှတ်ထားခြင်း။ သင်တန်းဖွင့်လှစ်မည့်ကာလမတိုင်မီအစောဆုံး သင်တန်းလာရောက်အပ်နှံသူများအတွက် Special Discount အစီအစဉ်များလည်းရှိပါတယ်။
*** သင်ကြားမှုပိုင်းတွင် သင်ကြားရေးဆရာများအပြင် သင်တန်းသားများအားအနီးကပ်လေ့ကျင့်သင်ကြားပေးမည့် Guide ဆရာများထားရှိပေးခြင်း ၊ သင်ထောက်ကူပစ္စည်းအစုံအလင် ၊ လက်တွေ့စမ်းသပ်လေ့ကျင့်ရန် မိုဘိုင်းဖုန်း နှင့်ဆားကစ်ဘုတ်များအစုံအလင်ထားရှိပေးပြီး ကျွမ်းကျင်တတ်မြောက်မှုဆိုင်ရာ စာတွေ့လက်တွေ့စစ်ဆေးမှုများအား သင်တန်းသားတစ်ဦးချင်းစီအလိုက် အပတ်စဉ်စစ်ဆေးခြင်း စာတွေ့လက်တွေ့သင်ကြားမှုပိုင်းတွင် ၁၀၀ ရာခိုင်နှုန်းအာမခံပေးနိုင်ခြင်း ။


*** နယ်မြို့များမှလာရောက်ပညာသင်ကြားမည့် သင်တန်းသားများအတွက်နေထိုင်ရန်အဆောင်များကို သင်တန်းကျောင်းမှစီစဉ်ဆောင်ရွက်ချိတ်ဆက်ပေးခြင်း ။
***မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာကို MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှာအခြေခံအားဖြင့် ၂ လခွဲခန့်လေ့လာသင်ယူပြီးပါက လက်တွေ့လုပ်ငန်းခွင်များတွင် စတင်ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း (ပိုမိုကျွမ်းကျင်သော Professional အဆင့်သို့ရောက်ရန်မူ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာလက်တွေ့လုပ်ငန်းခွင်မှာအသစ်အသစ်များကိုအမြဲမပြတ်ဆက်လက်လေ့လာ ဆည်းပူးသွားရန်လည်းလိုပါတယ်)
*** MMAS မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာသင်တန်းကျောင်းမှာ သင်ကြားနေတဲ့ သင်ကြားရေးဆရာများဟာ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာနယ်ပယ်မှာ နာမည်ကြီးဝါရင့်မိုဘိုင်းဖုန်းဆားဗစ်ပညာရှင်များဖြစ်ခြင်း ၊ ပညာသင်ယူသူများအား မိမိတို့သင်ပေးနေသည်များကိုနားလည်တတ်ကျွမ်းစေရန်အကောင်းဆုံးသင်ပြပေးနိုင်ခြင်း။

*** MMAS မှသင်တန်းတက်ရောက်ပြီးသူများအတွက် နောက်ပိုင်းကာလများတွင် အသစ်ထွက်နည်းပညာများအတွက် MMAS မှအခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးမည့် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာမွမ်းမံသင်တန်းများတွင် သင်တန်းသားဟောင်းများအနေဖြင့်သင်တန်းကြေးထပ်မံပေးသွင်းရန်မလိုဘဲ တက်ရောက်နိုင်ခြင်း
*** MMAS သင်တန်းသားများ နဲ့ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာအတတ်ပညာကိုလေ့လာလိုသူတွေအတွက် အဝေးသင်ပညာသင်ကြားမှုစနစ်အနေဖြင့် Myanmar Mobile App (http://www.myanmarmobileapp.com) Website ကိုပြုလုပ်ပေးထားပြီး ယင်း Website မှတဆင့် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ ပညာရပ်အသစ်များ ၊ မိုဘိုင်းဖုန်းပြုပြင်ရာတွင်လိုအပ်သည့် Toolkit များ ၊ မိုဘိုင်းဖုန်းဆိုင်ရာသတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီသိရှိရယူနိုင်မည်ဖြစ်သည်။
*** သင်တန်းကာလပြီးသွားသောအခါ မိုဘိုင်းဖုန်းပြုပြင်ရာတွင်လိုအပ်သည့် Software/Data များကိုတစ်ပါတည်းပေးအပ်ခြင်း ၊ နောက်ပိုင်းတွင်လည်း သင်တန်းကျောင်းတွင် အသစ်ထွက် data update များအားအချိန်မရွေးလာရောက်ရယူနိုင်ခြင်း ။
*** မြန်မာနိုင်ငံရှိမြို့အသီးသီးမှလာရောက်သင်ကြားသူများအား မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာအတတ်ပညာရှင်များအဖြစ် MMAS မှမွေးထုတ်ပေးနေပြီး MMAS မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာဆိုင်ရာသင်တန်းကျောင်းမှ သင်တန်းဆင်းအများစုဟာ မိမိတို့ရဲ့မြို့များမှာ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းခွင်အသီးသီးတွင် Technician အဖြစ်ဝင်ရောက်လုပ်ကိုင်နေကြခြင်း ၊ ကိုယ်ပိုင် ဖုန်းဆိုင်/မိုဘိုင်းဖုန်းပြုပြင်ရေးဆိုင်များဖွင့်လှစ်လုပ်ကိုင်နိုင်ကြခြင်း စသည်ဖြင့် MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းကြီး၏အရည်အသွေးကိုများစွာသက်သေပြခဲ့ပြီးဖြစ်သည်။


*** MMAS မှာတက်ရောက်သင့်တဲ့ နောက်ထပ်အရေးကြီးတစ်ချက်ကတော့ MMAS ရဲ့သင်တန်းသားတွေအတွက် မိုဘိုင်းဖုန်းပြုပြင်ရာမှာလိုအပ်တဲ့ ဖုန်းအပိုပစ္စည်းတွေ ၊ ဖုန်းပြုပြင်ကရိယာတွေကို ဈေးသက်သာစွာနဲ့ဝယ်ယူရရှိနိုင်မယ့် Mobile Spareparts အရောင်းဆိုင်ကိုပါဖွင့်လှစ်ပေးထားခြင်းပါပဲ။
ဒီပညာရပ်နဲ့အမှန်တကယ်ပြန်လည်လုပ်ကိုင်မယ်ဆိုရင်တော့ Mobile Software System Repairing Course ရော Hardware System Repairing Course ရော ၂ မျိုးစလုံးကိုတက်ရောက်ထားဖို့အကြံပြုလိုပါသည်။ ငွေပြန်ရှာပေးမယ့်အတတ်ပညာရပ်အတွက် ပညာသင်စရိတ်ကိုမနှမြောပါနှင့်။ မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာအတတ်ပညာကိုစိတ်ပါဝင်စားနေသူ “သင့်” အတွက်လိုအပ်နေတဲ့အတတ်ပညာတွေကို MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှာ လာရောက်သင်ကြားလိုက်ပါ။ ကျွန်တော်တို့ရဲ့သင်ကြားမှုပိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအာမခံချက်ပေးနိုင်ပြီး သင်ယူသူဘက်ကလည်း ၀င်ငွေကောင်းမွန်တဲ့အသက်မွေးဝမ်းကျောင်းအတတ်ပညာကိုအမှန်တကယ်တတ်မြောက်ဖို့ သင်တန်းကာလ ၂လအတွင်းမှာ အစွမ်းကုန်လိုက်ပါကြိုးစားပေးဖို့လိုပါတယ်။
သင်တန်း တန်းခွဲသစ်တွေကို ဘယ်နေ့မှာဖွင့်မလဲ ?
———————————————————
လစဉ်လတိုင်း တန်းခွဲသစ်များဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ အခုအချိန်နဲ့အနီးစပ်ဆုံးဆိုရင်တော့ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ တန်းခွဲသစ်တွေဖွင့်လှစ်ဖို့ရှိပါတယ်။
တန်းခွဲသစ်ဖွင့်လှစ်မည့်ရက် – 21.11.2016 ( ၂၀၁၆ နိုဝင်ဘာလ ၂၁ ရက်နေ့)
မြန်မာပြည်ရဲ့နာမည်အကြီးဆုံးနဲ့အကောင်းဆုံးမိုဘိုင်းနည်းပညာသင်တန်းကျောင်းဖြစ်တဲ့ MMAS ရဲ့မိုဘိုင်းဖုန်းပြုပြင်ရေးတန်းခွဲတိုင်းဟာ သင်တန်းမဖွင့်ခင်လူပြည့်လေ့ရှိတာမို့ တက်ရောက်လိုတယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်များသို့အမြန်ဆုံးဆက်သွယ်စာရင်းပေးထားဖို့လို မယ်နော်။
တက်ရောက်လိုသူများဆက်သွယ်ရန် – ၀၉၉၁၀၃၃၁၃၄ ၊ ၀၉၇၉၇၂၄၈၄၈၈
MMAS မိုဘိုင်းနည်းပညာသင်တန်းကျောင်း
၇၃ လမ်း ၊ ဗန်းမော်တိုက်လမ်းကြား ၊ ဗန်းမော်ကျောင်းတိုက်အနီး ၊ မန္တလေးမြို့
ဖုန်း – ၀၉၉၁၀၃၃၁၃၄ ၊ ၀၉၇၉၇၂၄၈၄၈၈




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment