♪ “Meizu MX6” ♫


လက်ရှိပြည်တွင်းဈေးကွက်ကို ကြည့်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံထုတ် ဖုန်းအများစုပုံစံဒီဇိုင်းမျိုးစုံနဲ့ ၀င်ရောက်လာ နေတာကို တွေ့ရပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ မိုဘိုင်းဖုန်း ရောင်းချသူတွေထဲမှာ Meizu လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကုမ္ပဏီက ထုတ်လုပ်တဲ့စမတ်ဖုန်းအားလုံး နီးပါး လောက်ကို ၀ယ်ယူနိုင်ခွင့်ရှိနေပြီး ဈေးနှုန်းအမျိုးမျိုးနဲ့ဖြစ်ပါတယ်။ MX6 လို တန်းမြင့်စမတ်ဖုန်းမျိုးကစလို့ ဈေးနှုန်း သက်သာပြီး စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ M2 လို ဖုန်းမျိုးကအစ ၀ယ်ယူနိုင်ပါတယ်။

Meizu အနေနဲ့ Pro6 ကို အရင် ထွက်ခဲ့တဲ့ဗားရှင်းနဲ့ ကွဲပြားအောင်လို့ မျက်နှာပြင်ပုံစံက စလို့ ပြောင်းလဲလိုက်ပါတယ်။ Meizu မှအသစ်ထပ်မံထွက်ရှိထားသည့် Meizu MX6 ဟာ ကိုယ်ထည်တစ်ခုလုံးကို အရည်အသွေးကောင်းမွန်တဲ့ သတ္တုဖြင့် အကွေးပုံစံ ဒီဇိုင်းနဲ့ လှပသေသပ်စွာ ပုံဖော်ပေးထားပါတယ်။ ထူးခြားမှု များမှာတော့ CPU ပိုင်းတွင် Core (၁၀) လုံးကို ပေါင်းစပ်ဖွဲ့စည်း ထားသော 2.3GHz Deca Core ကို အသုံးပြုပေးထားသဖြင့်လုပ်ဆောင်ချက်ပိုင်းတွင် ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ အချက် အလက်များ လျင်မြန်စွာကူးပြောင်းရန် RAM 4GB ကို အသုံးပြုပေးထားပါတယ်။

Meizu ရဲ့စမတ်ဖုန်းအသစ်မှာမျက်နှာပြင်ပိုင်းအတွက် ၅.၅ လက်မဖြစ်ပြီး display ပိုင်းအတွက်တော့ sharp TDDI ကို သုံးထားပါတယ်။ ၅.၅ လက်မ ရှိတဲ့မျက်နှာပြင်ဟာ Full HD ဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပြီး PPI ကလည်း အတော် ကောင်းလာပါတယ်။ 403ppi နဲ့ဖြစ်တာကြောင့် မြင်ကွင်းပိုင်းမှာ ပိုမိုရှင်းလင်း ပြတ်သားလာမှာဖြစ်ပါတယ်။ Resolution (1920x1080) IPS Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဆော့ဝဲတွေသုံးတဲ့အခါမှာ ကွဲပြားတဲ့လုပ်ဆောင်ချက်တွေနဲ့ အသုံးချ နိုင်ပါလိမ့်မယ်။ ပြီးတော့ ဘေးဘောင် အနားသတ်လိုင်းတွေကလည်း ကျစ်လျစ်သပ်ရပ်တဲ့ မျက်နှာပြင် မှာ ပိုမိုကျဉ်းမြောင်းလာပြီး 0.25mm လောက်ကွာသွားပါလိမ့်မယ်။ သတ္တု ကိုယ်ထည်ဒီဇိုင်းကိုအပြည့်အ၀ခံစားရမှာဖြစ်ပြီး ဈေးကွက်ထဲမှာရှိတဲ့ Meizu ရဲ့ MX စမတ်ဖုန်းတွေထဲမှာ deca-core နဲ့ သုံးနိုင်မယ့် စမတ်ဖုန်းပါ။


 ဆော့ဝဲပိုင်း နဲ့ပတ်သက်ရင်တော့ Meizu ဟာ သူတို့ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ flyme 5.6 ကို သုံးနိုင်ပါလိမ့်မယ်။ android OS အနေနဲ့ကြည့်လိုက်မယ်ဆိုရင်တော့ 6.0 (marshmallow) ဖြစ်ပါ တယ်။ အွန်လိုင်း Website တွေရဲ့ စမ်းသပ်ချက် တွေအရတော့ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ app တွေစီမံခန့်ခွဲ မှုတွေ မှာ ပိုသွက်လက်လာတယ်လို့ ဆိုတယ်။ လက်ဗွေဖတ်စနစ်ကလည်း ခြုံငုံဖတ်ရှုမှုအပိုင်းမှာ ၀.၂ စက္ကန့်လောက်အတွင်း ဖွင့်လှစ် ပေးမယ်လို့ဆိုပါ တယ်။ လက်ဗွေစနစ်ကို သိမ်းဆည်းနိုင်တဲ့အပိုင်းမှာလည်း လက်တစ်ပြင်လုံး အစိတ်အပိုင်းကို တိကျစွာ မှတ်သားသိမ်းဆည်းနိုင်ပါလိမ့်မယ်။ Flyme account ကို စတင်ဖွင့်သုံးတဲ့သူတွေအတွက်ကတော့ ဂရုတစိုက်ရှိဖို့ လိုအပ်ပါ လိမ့်မယ်။

ဘာကြောင့်လဲဆိုရင် Meizu အနေနဲ့ မိုဘိုင်းဖုန်းသုံးတဲ့ သူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံစေဖို့ အသေးစိတ်ဂရုစိုက်ထားလို့ပါ။

 
ဖုန်းတစ်ခုလုံးရဲ့သွက်လက်မြန်ဆန်တဲ့လုပ်ဆောင်ချက်တွေကို အလိုက်သင့် ထိန်းချုပ်မောင်းနှင်နိုင်စေဖို့အတွက်ကတော့ ပရိုဆက်ဆာပိုင်းမှာဈေး သက်သာ တယ်လို့ သတ်မှတ်နိုင်တဲ့ Mediatek ကို သုံးထားပါတယ်။ လက်ရှိ နောက်ဆုံးပေါ် စမတ်ဖုန်း တွေမှာကိုယ်ပိုင် ပရိုဆက်ဆာတွေအသုံးပြုနေ တဲ့အပြင်၊ ကိုယ်ပိုင်မသုံးတဲ့ကုမ္ပဏီတွေအနေနဲ့ကတော့ Snapdragon လို chip တွေကိုသုံးကြပါတယ်။ MediatekHelio X20 ရဲ့ ပေါင်းစပ်ပေးထားမှုဟာ 2.3GHz Deca-core (2x2.3 GHz Cortex-A72, 4x1.9GHz Cortex-A53, 4x1.4GHz Cortex-A53) ကို သုံးပေးထားသဖြင့် လုပ်ဆောင်ချက်ပိုင်းတွင် မြန်ဆန်စေမှာပါ။


ဒါကြောင့် အပူစွန့်ထုတ်နိုင်မှုအပိုင်းကိုတော့ အသေးစိတ် ဂရုစိုက်ရပါလိမ့်မယ်။ အချက်အလက် သိုလှောင် သိမ်းဆည်းမှုအပိုင်း အတွက် ကတော့ 4GB LPDDR3 RAM နဲ့ဖြစ်ပြီး၊ storage ပိုင်းမှာတော့ 32GB တစ်မျိုး တည်းကိုသာ ရနိုင်ပါလိမ့်မယ်။ ဂရပ်ဖစ် ပိုင်းမှာတော့ ရုပ်ထွက်မြင့်ဂိမ်းနဲ့ ရုပ်ရှင်တွေကို အဆင်ပြေပြေကြည့်နိုင်စေမယ့် Mail-T880 MPU GPU ကို သုံးထားပါတယ်။ အချက်အလက်တွေကို ထပ်မံတိုးချဲ့ ထည့်သွင်းနိုင်စွမ်း အတွက် SD card ကိုတော့ အထောက်အပံ့လုပ်မှာမဟုတ်ပါဘူး။ ကြီးမားတဲ့ ပရိုဆက်ဆာတွေကို မျှတတဲ့ စွမ်းရည်ရစေဖို့အတွက် ဘက်ထရီကတော့ 3060mAh စွမ်းအားနဲ့ဖြစ်ပါတယ်။

ဘက်ထရီကို အားသွင်းမြန်စေဖို့နည်းလမ်း တွေကိုလည်းသုံးစွဲနိုင်မှာဖြစ်ပြီး ဘက်ထရီဟာ ၁၀ မိနစ် အားသွင်းမယ်ဆိုရင် ၂၆ ရာခိုင်နှုန်း၊ ၇၅မိနစ် အားသွင်းမယ် ဆိုရင် စွမ်းအားအပြည့် ၁၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာ 12MP ကို အသုံးပြုပေးထားပြီး 10 LED (dual tone) Flash ကိုအသုံးပြုပေးထားတဲ့အတွက် ပုံရိပ် ဖမ်းယူမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မှာဖြစ်သည့်အပြင် ပုံထွက်အရည်အသွေးမှာလည်းသဘာဝ အတိုင်းနီးပါး ရိုက်ကူး နိုင်မှာဖြစ်ပါတယ်။


Sony ရဲ့ IMX386 sensor ဟာ ပုံရိပ်တွေ ရိုက်ကူးတဲ့အခါမှာ ရှင်းလင်းပြတ်သားတဲ့ ရုပ်ထွက်ရဖို့အတွက် ကူညီပေးပါလိမ့်မယ်။ Autofocus ရဲ့ သွက်လက်တဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ပုံရိပ်ကို ချက်ချင်းဖတ်ရှုနိုင်စွမ်းဟာ ၀.၀၇ စက္ကန့်သာ ကြာမြင့်မှာဖြစ်ပါတယ်။ 10-led ring flash ကလည်း အမှောင်ထဲမှာရိုက်ကူးတဲ့ပုံတွေကို ရှင်းလင်း ပြတ်သားမှု ရှိစေအောင် ထောက်ပံ့ပေးမယ့်အပြင် object နဲ့ ဖုန်းကို ၂ မီတာ အဝေးလောက်ကနေ ရိုက်ရင်တောင်ပုံထွက်ကောင်းပါလိမ့်မယ်။ အရှေ့ဘက် ကင်မရာမှာတော့ 5MP,f/2.0 နဲ့ဖြစ်ပြီး 1080p ဗီဒီယိုတွေကိုတောင် ရိုက်ကူး နိုင်ပါလိမ့်မယ်။ Flash ရဲ့လုပ်ဆောင်နိုင်စွမ်း ဟာ ပုံမှန်ထက် ၁၀ ဆ ပိုမို ကောင်းမွန်ပါလိမ့်မယ်။ ပုံတွေရိုက်ကူးနေရင်းနဲ့ အလင်းအမှောင်ချိန် ညှိနိုင် မယ့်အပြင် ဆုံချက် တစ်ခုချင်းစီအတွက်လည်း ပိုမိုပုံရိပ်ဖမ်းယူနိုင်စေဖို့အတွက် လေဆာဆုံချက်လိုလုပ်ဆောင်ချက်တွေကို သုံးနိုင်ဦးမှာဖြစ်ပါတယ်။

ဖုန်းကိုအားသွင်းတာနဲ့ ဒေတာလွှဲပြောင်းတာ မြန်ဆန်စေဖို့အတွက် USB type-C အမျိုးအစားဖြစ်ပါတယ်။ ဖုန်းအသုံးပြု နေတဲ့အချိန်မှာ အပူချိန်မလွန်ဖို့နဲ့ ဆားကစ်ရှော့မဖြစ်စေဖို့ အတွက်ကိုလည်း ဂရုစိုက်ထားပါတယ်။ ဘက်ထရီ ရဲ့အားပြန်လည် ဖြည့်သွင်းနိုင်စွမ်း အတွက်ကိုလည်း နောက်ဆုံးပေါ်ဖုန်း တွေမှာသုံးတဲ့ နည်းပညာမျိုးတွေ သုံးထားပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment