♪ " Huawei P9 (Rose Gold) " ♫


Huawei ရဲ့နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Huawei P9 ကို ထုတ်လုပ်ဖြန့်ချိပေးခဲ့ပြီး အခုတစ်ခါမှာ ၄င်းရဲ့ Rose Gold version အနေနဲ့ ထပ်မံထုတ်လုပ်ပေးထားတာကို တွေ့ရပါတယ်။ အရင်ထုတ်ထားတဲ့အရောင်တွေက Ceramic White, Haze Gold, Titanium Grey, Mystic Silver, Prestige Gold, Red နဲ့ Blue ဆိုတဲ့ အရောင်တွေပဲဖြစ်ပြီး အခုနောက်ဆုံးထုတ်ပေးထားတဲ့ Rose Gold version မှာ အရင်ဖုန်းတွေထက် Internal Memory နဲ့ RAM ကို ပိုမိုထောက်ပံ့ပေးထားပါတယ်။ 

ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ဘာမှသိပ်မပြောင်းလဲပါဘူး။ ဒီ Huawei P9 Rose Gold ကိုင်တွယ်သုံးစွဲ ရတာဟာ ကိုယ့်လက်ထဲမှာ တန်ဖိုးကြီးရတနာပစ္စည်းကို ဝတ်ဆင်ထားရသလိုပါပဲဟု ပြောကြပါတယ်။ ၄င်းရဲ့အားသာချက်တွေက အနောက်ဘက်မှာ ပင်မကင်မရာ ၂ လုံးပါရှိခြင်း၊ ဘက်ထရီ စွမ်းအားကောင်းမွန်ခြင်း၊ ပါးလွှာတဲ့ဒီဇိုင်းဖြစ်တာကြောင့် ကိုင်တွယ်သုံးစွဲရတာ ပိုမိုအဆင်ပြေခြင်း တို့ဖြစ်ပြီး အားနည်းချက်အနေနဲ့ကတော့ မျက်နှာပြင်မှာ ထောက်ပံ့ပေးထားတဲ့ မြင်ကွင်းစွမ်းအား လျှော့နည်းခြင်းပါပဲ။ ၄င်းရဲ့ပေးရတဲ့ဈေးနှုန်းအရဆိုရင် ဒီထက်ပိုမိုမြင့်မားတဲ့ မြင်ကွင်းစွမ်းအားတွေကို ထောက်ပံ့ပေး သင့်ပါတယ်။ ဈေးနှုန်းက Samsung Galaxy S7 လောက်ပေးရပြီး S7 လို ရေစိုခံနိုင်မှုလည်း မရှိပါဘူး။ ဒါပေမဲ့ တခြားအချက်အလက်တွေကတော့ ပြောစရာမလိုအောင် ကောင်းမွန်မှုရှိတာကို တွေ့ရပါတယ်။

ကင်မရာအရည်အသွေးပိုင်းက အထူးအဆင့်မြင့်ပြီး အနောက်ဘက်က ပင်မကင်မရာ ၂ လုံးက တစ်လုံးစီမှာ 12MP resolution ပါရှိပြီး တစ်ခုက ဓာတ်ပုံကို သဘာဝကျတဲ့အရောင်တွေကိုပေးစွမ်းကာ နောက်တစ်ခုက အဖြူအမည်းဓာတ်ပုံတွေကို ပံ့ပိုးပေးနိုင်ပါတယ်။ ဗီဒီယိုတွေကို 60fps မှာ 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပြီး လှပတဲ့ selfie ဓာတ်ပုံတွေကိုလည်း ရိုက်ယူနိုင်တဲ့ အရှေ့ကင်မရာလည်း ပါရှိပါတယ်။ ဖုန်းကျောဘက် အနောက်ကင်မရာနားမှာပဲ fingerprint sensor ကိုထည့်သွင်းပေးထားပြီး ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ သင့်ရဲ့လက်ခလယ်လက်ချောင်းက ၄င်း sensor ကို ထိမိနေမှာပါ။ Sensor ကို set up လုပ်ရတာ အလွန်လွယ်ကူပြီး တိကျလျင်မြန်စွာ သင့်ရဲ့လက်ချောင်းကို scan ဖတ်ပေးနိုင်ပါတယ်။


GSM, HSPA, LTE network တွေမှာ အဆင်ပြေပြေအသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM version ၂ မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် SIM card ကတော့ Nano SIM ပါ။ မျက်နှာပြင်အကျယ်က အနေတော်အရွယ်အစားရှိပြီး full HD မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်အလင်းရောင်က အခန်းအတွင်းမှာ အသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေပေမယ့် အလင်းရောင် အရမ်းအားကောင်းတဲ့ အပြင်ဘက် နေပူထဲမှာ သုံးတဲ့အခါ အနည်းငယ် အခက်တွေ့ပါလိမ့်မယ်။


မတော်တဆပြုတ်ကျမှုတွေဖြစ်တဲ့အခါ တစ်ခုခုနဲ့ ခြစ်မိတာတွေဖြစ်တဲ့အခါမှာ မှန်ကို တိုက်ရိုက်မထိမိအောင် Corning Gorilla Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကိုလည်း သုံးစွဲနိုင်တာကြောင့် အလွန်အဆင်ပြေပါတယ်။ Data တွေကို သိမ်းဆည်းဖို့အတွက် Internal Memory 64GB ပါရှိတဲ့အပြင် micro SD card ကို 256GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပါသေးတယ်။ ယာယီမှတ်ဉာဏ်စွမ်းအား RAM ကတော့ 4GB ပါရှိပါတယ်။ ဒါကြောင့် အရင် version တွေထက် RAM 1GB နဲ့ internal memory 32GB ပိုများတာကို တွေ့ရပါတယ်။ 


Huawei P9 Rose Gold မှာ Non-removable Li-Ion 3000mAh battery ကို ထည့်သွင်းပေးထားတာကြောင့် တော်ရုံတန်ရုံဖုန်း အသုံးပြုတဲ့သူတွေအနေနဲ့ တစ်ခါအားအပြည့်သွင်းထားတာနဲ့ ၂ ရက်လောက် သုံးစွဲနိုင်ပြီး ဗီဒီယိုတွေ၊ ဂိမ်းကစားတဲ့သူတွေဆိုရင်လည်း ၁ ရက်လုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအားပြန်သွင်းတဲ့အခါမှာလည်း fast battery charging စနစ်ကြောင့် အချိန်မိနစ် ၃ဝ အတွင်းမှာ ၄၄ ရာခိုင်နှုန်းလောက်ကို ပြန်လည်အားဖြည့်တင်းပေးနိုင်ပါတယ်။

* Battery Life *

Huawei P9 Rose Gold မှာ Non-removable Li-Ion 3000mAh Battery က rating အားဖြင့် 75h လောက်ကိုရရှိထားပြီး ပြန်လည်အားသွင်းနှုန်း မြန်ဆန်မှုရှိအောင် fast battery charging စနစ်ပါရှိတာကြောင့် သုံးစွဲရတာ အလွန်အဆင်ပြေပါတယ်။

* Design *

ဖုန်းအရွယ်အစားက 145 x 70.9 x 7 mm ရှိပြီး 144g အလေးချိန်သာ ရှိတာကြောင့် အလွန်ပါးလွှာပေါ့ပါးတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ တစ်ကိုယ်လုံးကို သတ္တုနဲ့ပြုလုပ်ပေးထားပြီး ဒီဇိုင်းပုံစံလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိတာကို တွေ့ရပါတယ်။ အရောင်ကလည်း လူကြိုက်များတဲ့ အရောင်ပါပဲ။

* Processor *

၎င်းမှာ Octa-core (4x2.5GHz Cortex-A72 & 4x1.8GHz Cortex-A53) processor ကို အသုံးပြုပေးထားပြီး Mali-T880MP4 Graphic Card ကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်မြင့်မား လုပ်ဆောင်ချက်တွေကိုရရှိနိုင်ပြီး အလွန်လေးလံတဲ့ဂိမ်းကြီးတွေကိုလည်း အဆင်ပြေပြေကစားလို့ရပါတယ်။

* Display and Camera *

မျက်နှာပြင်အကျယ်က 5.2-inch ကျယ်ပြီး 1080 x 1920 pixels ပမာဏရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ၁ လက်မ အတိုင်းအတာအရဆိုရင် ~423 ppi pixels သိပ်သည်းဆပမာဏကို ပေးစွမ်းနိုင်ပါတယ်။ ကင်မရာပိုင်းမှာလည်း 12MP ရှိတဲ့ အနောက်ကင်မရာ ၂ လုံး နဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာတို့ကို ပံ့ပိုးပေးထားပါတယ်။

* Verdict *

ဒီ Huawei P9 Rose Gold မှာ အရည်အသွေးမြင့် စမတ်ဖုန်းတစ်လုံးမှာ ရှိရမယ့်အချက်တွေ တော်တော်များများပါရှိပြီး သုံးစွဲသူတွေကို ဆွဲဆောင်နိုင်မယ့် dual camera စနစ်ပါရှိသလို ဖုန်းလုံခြုံမှုရှိဖို့ အလွန်အရေးကြီးတဲ့ fingerprint စနစ်လည်း ထည့်သွင်းပေးထားပါတယ်။

Specification
» Network : GSM/HSPA/LTE (Nano-SIM)
» Weight : 144 g
» Display : 5.2", IPS-NEO LCD capacitive touchscreen
» Dimensions : 5.71 x 2.79 x 0.28 inch
» Memory : 32GB, 3GB RAM, microSD, up to 256GB
» Camera : Dual 12 Megapixel, Front : 8 Megapixel f/2.2, Leica Optics, dual-LED (dual tone) flash, phase detection autofocus, Geo-tagging, touch focus, face/smile detection, panorama, HDR
» Connectivity : GPS, WLAN, Bluetooth v4.2, USB Type-C
» OS : Android OS, v 6.0 (Marshmallow)
» Chipset : HiSilicon Kirin 955
» GPU : Mali-T8880 MP4
» Protection : Corning Gorilla Glass, Emotion UI 4.1

Contact Phone - 01-9000900 ( Huawei Mobile Myanmar )

Price - 559,000 Ks ၀န်းကျင်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment