♪ ဘယ်ဖုန်းမှာမှ မမြင်ဖူးသေးတဲ့ ခရမ်းနုရောင် ဒီဇိုင်းနဲ့ မိတ်ဆက်မဲ့ Huawei Mate 9 ♫


လာမယ့် နိုဝင်ဘာလ (၃) ရက်နေ့မှာ ဂျာမနီနိုင်ငံ ၊ မြူးနစ် မှာကျင်းပမယ့် Event မှာ Huawei အနေနဲ့ ၄င်းရဲ့ နောက်ဆုံး ထွက် Flagship စမတ်ဖုန်းအဖြစ် Huawei Mate 9 ကို မိတ်ဆက်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။ Huawei အနေနဲ့ Mate 9 ကို ဘယ်ဖုန်းမှာမှ မမြင်ဖူးသေးတဲ့ ခရမ်းနုရောင် ဒီဇိုင်းပုံစံနဲ့ ထုတ်လုပ်မှာဖြစ်ပြီး Huawei ပရိသတ်တွေအတွက် အရောင်အသစ်အဆန်းတစ်ခုအဖြစ် ခံစားနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့သိရပါတယ်။

huawei-mate-9

ထွက်ပေါ်လာတဲ့ ပုံအရ Mate 9 ရဲ့ ဒီဇိုင်းပုံစံကတော့ အခြား Huawei စမတ်ဖုန်းတွေနဲ့ ဆင်တူပြီး P9 တုန်းကလို Leica ရဲ့ Dual-camera ကိုသုံးထားတာတွေ့ရပါတယ်။ Dual-camera မှာလည်း 12MP ကင်မရာ နှစ်လုံးအစား 12MP တစ်လုံး နဲ့ 20MP တစ်လုံး အသုံးပြုနိုင် ချေရှိတယ်လို့ ကောလာဟလတွေထွက်ပေါ်နေပါတယ်။ ကင်မရာပိုင်းမှာ P9 နဲ့ Honor 8 တို့ထက်ပိုကောင်းအောင် ဖန်တီးမှာဖြစ်ပြီး ပုံမှာတွေ့ရတိုင်းအတိုင်း ကင်မရာရဲ့ ဘယ်ဘက်မှာ dual flash နဲ့ ညာဘက်မှာတော့ laser auto-focus နဲ့ sensors တွေ ပါဝင်မယ်လို့ခန့်မှန်းရပါတယ်။

ကင်မရာရဲ့ အောက်မှာတော့ အရင် Huawei စမတ်ဖုန်းတွေလိုပဲ Fingerprint Sensor ပါရှိပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်ပိုင်းမှာတော့ Screen ပေါ်မှာ ဘာ ခလုတ်မှ မတွေ့ရတော့ဘဲ ပြောင်ရှင်းနေပါတယ်။ အသံအတိုးအချဲ့နဲ့ ပါဝါခလုတ်တွေကို ညာဘက်ဘေးမှာတပ်ဆင်ထားပြီး စပီကာနဲ့ USB-C အပေါက်ကို အောက်ဘက်မှာ ထားထားပါတယ်။ အပေါ်မှာကတော့ 3.5mm နားကြပ်ပေါက်တစ်ခုပဲရှိပါတယ်။

အားလုံးကိုခြုံပြောရရင်တော့ Huawei Mate 9 ရဲ့ အပြင်ပိုင်းပုံစံက လှပပြီး ပြည့်စုံပါတယ်။ တစ်ခုရှိတာက Huawei Logo မပါရင်တောင် Huawei ဖုန်းလို့သိနိုင်တဲ့ အချက်ကတော့ တီထွင်ဆန်းသစ်မှု အားနည်းတယ်လို့ ယူဆရမှာပါ။ Specs တွေအနေနဲ့ကတော့ 5.9-inch 1080 display, Kirin 960 processor ၊ RAM 4GB (or) 6GB နဲ့ storage 256GB တို့နဲ့ ထွက်ရှိလာဖွယ်ရှိတယ်လို့ သိရပါတယ်။


Credit to ==>Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



www.pyaephyo.com

0 comments:

Post a Comment