♪ " Huawei Honor Note 8 VS Xiaomi Mi 5s Plus " ♫


Huawei Honor Note 8 ဟာ ဖုန်းမျက်နှာပြင်ကျယ်ကျယ်နဲ့ Display Resolution ကောင်းကောင်းကို လိုချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်ပြီး display အကျယ် 6.6-inch ရှိတဲ့ phablet ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ Xiaomi Mi 5s Plus ကတော့ ကင်မရာပိုင်းမှာ အားကောင်းတာကိုတွေ့ရပြီး မျက်နှာပြင်အကျယ် 5.7-inch ရှိတာကြောင့် မျက်နှာပြင်ကျယ်တဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

Honor Note 8 မှာ ထူးခြားချက်အနေနဲ့ 12MP ရှိတဲ့ အနောက်ကင်မရာ ၂ လုံးကို တွေ့ရပြီး အရှေ့ကင်မရာက 4MP ရှိပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာကို Huawei Honor Note 8 မှာ ထောက်ပံ့ပေးထားပြီး အရှေ့ကင်မရာကတော့ 4MP ပါရှိပါတယ်။ Honor Note 8 ရဲ့ မျက်နှာပြင်က Mi 5s Plus ပိုမိုမြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း အနည်းငယ်သာပါတယ်။ Honor Note 8 က Li-Po 4500mAh battery ပါရှိပြီး Mi 5s Plus မှာတော့ 3800mAh သာ ပါရှိတဲ့အတွက် ဘက်ထရီစွမ်းအားပိုင်းမှာဆိုရင်လည်း Honor Note 8 က ပိုကောင်းမွန်ပါတယ်။ ဖုန်း ၂ ခုစလုံးကတော့ Non- removable ဘက်ထရီအမျိုးအစားတွေချည်းပဲ ဖြစ်ပါတယ်။

* Design *

1. Huawei Honor Note 8
Honor Note 8 ကို အဖြူ၊ မီးခိုးနဲ့ ရွှေရောင်ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်ပေးထားပါတယ်။ ဘေးဘက်နှစ်ဘက်က ဘောင်ပျောက်ပုံစံမျိုးဖြစ်ပြီး အနောက်ဘက်က အခုံးလေးပါ။ အနောက်ကင်မရာက ဘေးဘက်မှာ တည်ရှိတာကို တွေ့ရပါတယ်။

2. Xiaomi Mi 5s Plus
Xiaomi Mi 5s Plus ရဲ့ ငွေရောင်၊ ရွှေရောင် ၂ မျိုးနဲ့ မီးခိုးရောင်ဆိုတဲ့ အရောင် ၄ မျိုးကို ရွေးချယ်နိုင်ပြီး ခန့်ညားထည်ဝါတဲ့ဒီဇိုင်းပုံစံ ရှိပါတယ်။ အလေးချိန်က 168g သာရှိတာကြောင့် Note 8 ထက် ပေါ့ပါးပေမယ့် အနည်းငယ် ပူထူပါတယ်။

* Processor *

1. Huawei Honor Note 8
၎င်းမှာ Octa-core (4 x 2.5GHz Cortex-A72 & 4 x 1.8GHz Cortex-A53) နဲ့ HiSilicon Kirin 955 chipset တို့ကို ထည့်သွင်းပေးထားပြီး Mali-T880 MP4 Graphic Card ကို ထောက်ပံ့ပေးထားပါတယ်။ Run ထားတဲ့ OS ကတော့ Android OS, v6.0.1 (Marshmallow) ပါ။

2. Xiaomi Mi 5s Plus
Mi 5s Plus မှာ Quad-core MSM8996 Snapdragon 821 Chipset နဲ့ Quad-core (2 x 2.35GHz Kryo & 2 x 1.6GHz Kryo) တို့ရဲ့ ဟန်ချက်ညီတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြုံခံစားနိုင်ပြီး Adreno 530 Graphic Card ကိုထည့်ထားပါတယ်။ Run ထားတဲ့ OS ကတော့ သိပ်မကွာပါဘူး။

* Display *

1. Huawei Honor Note 8
6.6-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို Super AMOLED capacitive touchscreen နဲ့ ပြုလုပ်ထားပြီး 1440 x 2560 pixels ရှိတဲ့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် EMUI 4.1 နဲ့ multitouch စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

2. Xiaomi Mi 5s Plus
Mi 5s Plus က 5.7-inch ရှိတဲ့ IPS LCD Capacitive touchscreen ကို ထောက်ပံ့ပေးနိုင်ပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းတွေနဲ့ ~386 ppi pixels ရှိတဲ့ ၁ လက်မ သိပ်သည်းဆကို ပေးစွမ်းနိုင်ပါတယ်။ ၄င်းမှာလည်း multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Huawei Honor Note 8
အားလုံးခြုံကြည့်မယ်ဆိုရင် Honor Note 8 မှာ ပိုမိုမြင့်မားတဲ့ အားသာချက်တွေကို တွေ့နိုင်ပြီး Data သိမ်းဆည်းမှုပိုင်းမှာလည်း Internal Memory 32GB, 64GB နဲ့ 128GB တို့ကို အသီးသီး ထောက်ပံ့ပေးထားနိုင်တဲ့အပြင် micro SD card ကိုလည်း 256GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်မှာပဲ ဖြစ်ပါတယ်။

2. Xiaomi Mi 5s Plus
Mi 5s Plus က ပိုမိုကိုင်တွယ် သုံးစွဲလို့ကောင်းတဲ့ ဒီဇိုင်းပုံစံ၊ အရွယ်အစားရှိပေမယ့် စွမ်းအားပိုင်းမှာတော့ အနည်းငယ် လျော့နည်းပါတယ်။ Internal memory 64GB နဲ့ 128GB ဆိုတဲ့ version ၂ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပေမယ့် ၂ ခုစလုံးမှာ micro SD card ကို ထပ်မံစိုက်ထည့်လို့ရမှာ မဟုတ်ပါဘူး။


 

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment