ဖေ့စ်ဘုတ်မှာ Secret Conversation messenger ဖန်တီးကြမယ်



WhatsApp ကဲ့သို့ "Secret conversation" ခေါ် Messenger feature သစ်တစ်ခု ထွက်ရှိလာပါတယ်။ ဒီ feature အနေနဲ့ မက်ဆေ့ခ်ျတွေကို ကိုယ်နဲ့ တဘက်လူအတွက်သာ ရည်ရွယ်တဲ့ သတင်းအချက်အလက်ဝင်ရောက်ကြည့်ရှုခွင့် ထိန်းချုပ်စနစ် end-to-end encryption စနစ် စီစဉ်ပေးထားပါတယ်။ ဒီ secret conversation မှာ ပေးပို့သူနဲ့ လက်ခံရရှိသူနှစ်ဦးလုံးမှာ မက်ဆေ့ခ်ျတွေဝင်ကြည့်ခွင့် ထိန်းချုပ်ထားကြောင်း အတည်ပြုရန် အသုံးပြုနိုင်တဲ့ device key တစ်ခုရှိကြပါတယ်။ ဒါပေမယ့် WhatsApp နဲ့ကွဲတာက end-to-end encryption ကို အတည်မဟုတ်ဘဲ user တွေအနေနဲ့ turn on လုပ်ဖို့၊ မလုပ်ဖို့ ရွေးချယ်နိုင်တာပါ။
Secret Conversation ကို iOS ၊ Android နှစ်ခုစလုံးရဲ့ Messenger app မှာ ရရှိနေပြီဖြစ်ပါတယ်။ ဆိုတော့ Facebook chat သို့မဟုတ် messenger.com မှာ ပေါ်မှာ မဟုတ်ပါဘူး။ Secret Conversation ဖွင့်ဖို့အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
၁။ အရင်ဦးဆုံး user အနေနဲ့ friend's name ပေါ် နှိပ်ပြီး Audio call နဲ့ video call option အပေါ်နားလေးမှာ (update လုပ်ထားခဲ့မယ်ဆိုရင်) 'Secret Conversation' option တွေ့ရပါလိမ့်မယ်။
၂။ Secret Conversations ကို နှိပ်ပါ။
၃။ On ဘက် ပြောင်းပေးပါ။
၎။ Secret conversation နှိပ်တာနဲ့ "This will be the only device you can use to send and receive encrypted messages" ဆိုတာ တွေ့ရပါလိမ့်မယ်။ 
၅။ Secret Conversations ရရှိအောင် အဖွင့်ခလုတ် Turn On ကို နှိပ်ပါ။
၆။ နှစ်ဘက်လုံး အချက်အလက်ဝင်ကြည့်ခွင့်မရှိတဲ့ အပြန်အလှန် စကားပြောဆိုမှုကို အခုပဲ စတင်နိုင်ပါပြီ။
၇။ Screen ရဲ့ အောက်ခြေဘယ်ဘက်ထောင့်က နာရီပုံလေးပေါ်အောင်လည်း select လုပ်ထားနိုင်ပါတယ်။
၈။ မက်ဆေ့ခ်ျတွေ ပျောက်ကွယ်မယ့် အချိန်ကို ချိန်ညှိပါ။
၉။ လုပ်ဆောင်ချက်ကို ပယ်ဖျက်လိုရင် Cancel button လေးနှိပ်ပါ။
မှတ်ချက်။        ။ သင်မှာ update ရှိနေရင်တောင် တစ်ဘက်လူ အဲဒီ feature မရှိနိုင်သေးတာမို့ လူတိုင်းနဲ့ Secret Conversation စတင်လို့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
ဒီ Secret Conversations တွေကို စက်တစ်လုံးနဲ့ပဲ ဖတ်လို့ရမှာပါ။ မိမိစမတ်ဖုန်းနဲ့ Facebook Messenger မှာ secret chat လုပ်ထားပါက desktop မှာ မြင်ရလိမ့်မှာ မဟုတ်ပါဘူး။ အဲဒီ secret conversations တွေကို မိမိဖန်တီးခဲ့တဲ့စက်နဲ့ တစ်ဖက်က လက်ခံရရှိသူ အသုံးပြုတဲ့ စက်နဲ့သာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ကိုယ် မက်ဆေ့ခ်ျပို့တဲ့လူဟာ အပြန်အလှန်စကားပြောဆိုမှုတွေကို အခြားလူတွေနဲ့ share လုပ်နိုင်တာ (ဥပမာ - screenshot ဖြင့်)။ သတိပြုပါ။ Secret conversation မှာ group messages၊ GIF's၊ videos voice သို့မဟုတ် video calling သို့မဟုတ် payments တွေ support လုပ်မထားပါဘူး။ 
Ref: alltechbuzz 
refer - http://www.trend.com.mm/
အဆင်ပြေပါစေ..

0 comments:

Post a Comment