အင်ဒိုနီးရှားမှ အသက် ၂၄ နှစ်အရွယ် အိုင်တီ ပညာရှင်တစ်ယောက်
အဖမ်းခံလိုက်ရပါတယ်။ သူက Electronic Billboard ကို Hack ပြီး ဂျပန်
ညစ်ညမ်းကား ပြသခဲ့လို့ ဖြစ်ပါတယ်။
ညစ်ညမ်းကား ဖွင့်လိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ အာဏာပိုင်များက မီးအား ဖြတ်တောက်ခဲ့ တယ်လို့ Jakarta Post က ရေးသားထားပါတယ်။ အဲဒီ ညစ်ညမ်းကား ဖွင့်ထားတဲ့ Billboard ဓါတ်ပုံဟာ လူမှုကွန်ရက်များ အကြား ရေပန်းစားခဲ့ပါတယ်။ Billboard မှာ မတော်တဆ ပေါ်လာတဲ့ Username နဲ့ Password ကို တွေ့မြင်ပြီးနောက် ယခုလို Hack နိုင်ခဲ့တာ ဖြစ်တယ်လို့ Jakarta Post က ပြောပါတယ်။
အင်ဒိုနီးရှားဟာ ညစ်ညမ်း ကားများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ညစ်ညမ်းကား ကြည့်သူဟာ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ၁ ဘီလီယမ် ရူပီယာ ( ဒေါ်လာ ၇၆ ၈၂၅ ) အထိ အပြစ်ပေးခံရနိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal
www.pyaephyo.com
0 comments:
Post a Comment