♪ Mi Note 2 မှာ Curved Display ကိုအသုံးပြုထားကြောင်း Xioami အတည်ပြု ♫


လာမယ့် အောက်တိုဘာ (၂၅) ရက်နေ့မှာ ပေကျင်းမှာ ကျင်းပပြုလုပ်မယ့် Xioami Event မှာ Mi Note 2 ကို မိတ်ဆက်သွားမှာဖြစ်ပြီး Mi Note 2 မှာ Curved Display ကို အသုံးပြုထားကြောင်း Xioami က အတည်ပြု ပြောကြားလိုက်ပါတယ်။

xiaomi-mi-note-22

နောက်ဆုံးထွက်ပေါ်ထားတဲ့ ကောလာဟလတွေမှာတော့ Mi Note 2 ဟာ Mi Note (အပေါ်ပုံ) တုန်းကလို flat, edge-to-edge display နဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ သတင်းပျံ့နှံ့လျက်ရှိပေမယ့် အခုအခါမှာတော့ dual-curve design ပုံစံနဲ့ ထွက်ရှိလာမှာဖြစ်ကြောင်း အတည်ပြုထားတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့အပြင် Mi Note 2 နဲ့ ပတ်သတ်တဲ့ key specs တွေကိုလည်း ကြေညာချက်ထဲမှာပြောကြားလိုက်ပါတယ်။
  • 5.7-inch QHD Super AMOLED display with Force Touch technology
  • Snapdragon 821 chipset with Adreno 530 GPU
  • Dual 23 MP / 12 MP rear-facing cameras and 8 MP front facing camera
  • 4GB RAM/64GB ROM and 6GB RAM/128GB ROM variants
  • 4,100 mAh battery with quick-charge
  • Iris scanner
  • NFC
Mi Note 2 ရဲ့ RAM 4GB version က့ (၄၁၅) ဒေါ်လာကျသင့်မှာဖြစ်ပြီး RAM 6GB version ကတော့ (၄၄၅) ဒေါ်လာကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။


Credit to  ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment