♪ " Recycle Bin အကြောင်း သိကောင်းစရာ " ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ) ♫


Recycle Bin ကို ကွန်ပျူတာသုံးသူများ မသိသူရှိမည်မထင်။ Windows တင်ပြီးသောအခါတွင် desktop ပေါ်၌ ပထမဆုံးပေါ်လာသည်မှာ recycle bin.My computer ကိုသာ send to သုံးပြီး desktop ပေါ် ပို့ကောင်းပို့ရမည်။ Recycle Bin အား ထိုသို့ပို့စရာမလို။ သို့ဆိုသဖြင့် Recycle Bin က များများစားစား သုံးကြသလားဟု မေးစရာရှိသည်။ မနူးမနပ် ကွန်ပျူတာသမားဘဝတွင် delete လုပ်လိုက်သမျှ ဖိုင်များ Recycle Bin သို့ ရောက်သွားသည်ကို သဘောကျမိကောင်း ကျမိပါလိမ့်မည်။ မှား၍ မတော်တဆဖျက်မိသော ဖိုင်များကို ပြန်ဆယ်တင်နိုင်သောကြောင့်ဖြစ်သည်။ ကွန်ပျူတာသမားအပါးဝလာသည့်အခါ Shift + Del ကို သုံးပြီး ဖိုင်များကိုဖျက်သောကြောင့်ဖိုင်များသည် Recycle Bin သို့ မဝင်။

ထို့ကြောင့် Recycle Bin သည် အသုံးမဝင်လှသလိုဖြစ်လာသည်။ ထိုသို့ကား မဟုတ်ပါ။ သုံးတတ်သူများ လိုသလိုအသုံးချနိုင်ရန် Recycle Bin အတွက် အသုံးပြုနည်းများရှိပါသည်။ ပထမဦးစွာ Recycle Bin ၏ အကြီးမားဆုံးအရွယ်အစားအား ပြောင်းလဲနည်းကို လေ့လာကြည့်ကြပါမည်။ 


သာမန်အတိုင်းထားမည်ဆိုလျှင် Recycle Bin သည် သူ့အထဲရောက်သည့်ဖိုင် များလျှင်များသလို နေရာလွတ်အလွန်ယူသည်။ ထိုအခါ hard drive ပေါ်တွင် အသုံးချနိုင်သည့် နေရာလွတ်လျော့သွားမည်။ Install တင်နိုင်သည် app အရေအတွက် လျော့သွားနိုင်သည်။ OS ရှိသော drive တွင် နေရာလွတ် ၁၅ ရာခိုင်နှုန်းထက် နည်းလျှင် defrag လုပ်မပေးနိုင်ပါ။ ထို့ကြောင့် Recycle Bin က ယူ သောနေရာလွတ်ပမာဏကို ကန့်သတ်ကြပါမည်။
Desktop ပေါ်တွင် Recycle Bin တစ်လုံးသာ မြင်နေရသော်လည်း ကွန်ပျူတာထဲတွင်ွRecycle Bin တစ်လုံးမက ရှိနေပါသည်။ ပထမ Recylce Bin မှာ My Document folder မှ ဖျက်ထုတ်လိုက်သောဖိုင်များကို ယာယီလက်ခံသိမ်းဆည်းပေးမည့် Recycel Bin ဖြစ်သည်။ ဒုတိယ Recycle Bin တစ်လုံးမှာ drive C မှ ဖျက်ထုတ်မိသောဖိုင်များကို လက်ခံသိမ်းဆည်းပေးသည့် Recycle Bin ဖြစ်သည်။ Recycle Bin ၏အရွယ် အစားကို ပြောင်းလဲနိုင်ရန် ဦးစွာ desktop ပေါ်ရှိ Recycle Bin icon ပေါ်တွင် ညာကလစ်ထောက်ပါ။ ပေါ်လာ သောအကွက်ထဲမှ properties ကို ရွေးပါ။ 


ထိုအခါ Recycle Bin ၏တည်နေရာကို တွေ့လာရပါမည်။ စာရင်းထဲအောက်တွင် Recycle Bin လေးလုံးကို တွေ့ရပါမည်။ စာရင်းထဲအောက်တွင် Recycle Bin လေးလုံးကို တွေ့ရပါမည်။ ယင်းတို့မှာ Desktop ၊ Favourites ၊ Local disk (C:) နှင့် My Document တို့ဖြစ်သည်။ ဦးစွာ မိမိရွေးလိုသည့် Recycle Bin တစ်ခုကို ရွေးပါ။ ပြီးလျှင် အောက်ဖက်ရှိ Setting for selected location နေရာတွင် ပြထားသော Maximum size ကို ကြည့်ပါ။ ပထမဦးဆုံးအဆင့်တွင် ယင်းနေရာအရွယ်အစားတို့ ထက်ဝက်လျှော့ချရန် ကြိုးစားပါ။ Recycle Bin ၏ အရွယ်အစားသစ်ကို အတည်ပြုလိုက်သည့်အခါ ယင်းထဲသို့ အစောဆုံးရောက်လာသည့် သက်တမ်းရှည်ဖိုင်များကို ဖျက်ပစ်လိုက်ပါလိမ့်မည်။ လိုအပ်မည်ဟုထင်လျှင် Recycle Bin တစ်ခုချင်းစီ၏အရွယ်အစားကို စမ်းသပ်ပြင်ဆင်နိုင်ပါသည်။


Recycle Bin ကို ဒုတိယအဆင့်အနေဖြင့် taskbar ပေါ်တွင် Pin လုပ်နိုင်ရန် ကြိုးစားကြပါမည်။ တကယ် တမ်းတွင် desktop ပေါ်၌ Recycle Bin ရှိသော်လည်း ယင်းမှာ ကလစ်နှစ်ချက်နှိပ်မှပွင့်သည်။ ကလစ်တစ်ချက် ဖြင့် ပွင့်အောင်စီစဉ်နိုင်သော်လည်း ရှုပ်ထွေးမှုများ ရှိနိုင်သည်။ Taskbar ပေါ်တွင် တင်ထားခြင်းဖြင့် ယင်း icon ကို ကလစ်တစ်ချက်နှိပ်ပြီး ဖွင့် နိုင်သည်။ Recycle Bin နှင့် ဆိုင်သော Windows ကို Taskbar ၏ Recycle Bin ပေါ် mouse ဖြတ်တင်ရုံဖြင့် မြင်နိုင်သည်။ ထို့ကြောင့် အသုံးပြုရာတွင် ပို၍အဆင်ပြေပါသည်။ 


Recycle Bin အား Taskbar ပေါ်သို့ပို့ပြီး pin လုပ်ခြင်းတွင် ယင်းထက် ပို၍လေးနက်သောအကြောင်းများ လည်းရှိသည်။ ကောင်းကျိုးမှာ ဖွင့်ထားသော Recycle Bin Window အား minimize လုပ်စရာမလိုဘဲ Recycle Bin အား empty လုပ်နိုင်ခြင်းနှင့် Recycle Bin ထဲမှ ဖိုင်များအား restore လုပ်နိုင်ခြင်းဖြစ်သည်။ သမားရိုးကျနည်းလမ်းမှာလို desktop ပေါ်ရှိ icon သို့ ကူးချည်သန်းချည် လုပ်စရာမလိုခြင်းကလည်း အားသာ ချက်ဖြစ်သည်။ သို့သော် Recycle Bin အား taskbar ပေါ်သို့ အလွယ်ကူဆုံး ပို့ဆောင်နိုင်ရန် pin to taskbar option ပေးမထားပါ။ ထိုသို့သော စွမ်းဆောင်ချက်ကို အခြားသော tool များအားလုံးအတွက် ရနိုင်သည်။ သို့ဖြစ်၍ လမ်းရိုးအတိုင်း Recycle Bin ကို taskbar ပေါ်သို့ မပို့နိုင်လျှင် အခြားနည်းလမ်းတစ်ခုသုံးပြီး taskbar ပေါ်သို့ ပို့ကြပါမည်။


ပထမဦး taskbar ပေါ်တွင် ညာကလစ်ထောက်ပါ။ ပေါ်လာသော option များထဲမူlock the taskbar ဘေးရှိ အမှန်ခြစ်ကို ဖြုတ်ပါမည်။ ထိုအခါ taskbar ကို လွယ်ကူစွာရွှေ့၍ ရသွားပါမည်။ ထိုအချိန်တွင် taskbar ပေါ်၌ ထပ်မံ၍ ညာကလစ်ထောက်ပါမည်။ ပြီးလျှင်ပေါ်လာသော option ထဲမှ New toolbar ကို ရွေးပါမည်။ ယင်းနောက် choose a folder windows opens ပွင့်လာသောအခါ % app data % \Microsoft \ internet explorer\ Quick launch စာသားကို address bar တွင် ရိုက်ထည့်ပါမည်။ ပြီးလျှင် Select folder နေရာတွင် ကလစ်နှိပ်ပါမည်။


ထိုအခါမိမိ၏ taskbar တွင် Quick launch menu ထပ်ပေါင်းထည့်သည်ကို တွေ့ရပါမည်။ ယင်းနေရာတွင် ညာကလစ်ထောက်ပါ။ ယင်းနောက် menu ထဲရှိ Show text နှင့် Show title တို့ရှိ အမှန်ခြစ်ပျောက်အောင် ဖြုတ်ပါမည်။ ယင်းနောက် menu နေရာတွင် ညာကလစ်ထပ်ထောက်ပါမည်။ ပြီးလျှင် ပေါ်လာသည့်အကွက် ထဲမှ view ကို ကလစ်ထောက်ကာ large icons ကို ရွေးပါမည်။ ယခုအချိန်တွင် desktop ပေါ်ရှိ Recycle Bin shortcut ကို drag ဆွဲပြီး မိမိဖန်တီးထားသော Quick launch Menu ထဲသို့ ထည့်နိုင်ပါပြီ။ 


ယင်းနောက် quick launch menu တွင်ပါဝင်သော အခြား icon များကို ဖယ်ရှားရပါမည်။ ထိုကိစ္စအတွက် ယင်းနေရာတွင်ရှိသော icon တို့ပေါ် တွင် ညာကလစ်ထောက်ကာ ပေါ်လာသောအကွက်ထဲမှ Delete ကို ရွေး ပေးရပါမည်။ ယင်း icon တို့ကို တစ်ခုချင်း ဖယ်ရှားရပါမည်။ ယင်းသို့ ဖယ်ရှားရင်း နောက်ဆုံးတွင် Quick launch menu ထဲ၌ Recycle Bin icon တစ်ခုသာ ကျန်ပါမည်။ ယင်းကို drag ဆွဲပြီး ဘယ်ဘက် သို့မဟုတ် ညာဘက်ကို ပြန်လည်နေရာချနိုင်သည်။ ယင်းနောက် taskbar ပေါ်တွင် ညာကလစ်ထောက်ပြီး ပေါ်လာသော အကွက်ထဲမှ lock the taskbar ကို ပြန်ရွေးပေးရပါမည်။


Recycle Bin နှင့် ပတ်သက်ပြီး သတိထားရမည့်အချက်မှာ ယင်းထဲမှ ဖိုင်များအား empty လုပ်ပြီး ဖယ်ရှားရာတွင် အထူးသတိထားရန်ဖြစ်သည်။ empty လုပ်ခြင်းသည် ယင်းဖိုင်များအား အပြီး Delete လုပ်သည့် သဘောဖြစ်သည်။ သို့သော် empty လုပ်လိုက်မိသော ဖိုင်များအား ပြန်လည်ဆယ်တင်ရန် ဖြစ်နိုင်ပါသည်။ ထိုကိစ္စအတွက် အခမဲ့ရနိုင်သည့် recovery tool ဖြစ်သော Recuva ကို www.snipca.com/20430 မှ download ဆွဲချပြီး သုံးနိုင်သည်။ ယင်း tool download ဆွဲချပြီး install လုပ်ပါ။ ပြီးလျှင် ယင်း tool ကို ဖွင့်ပါ။ ထိုအခါ Recuve Wizard ကို တွေ့ရမည်။ ယင်းနောက် Next ကို နှိပ်ပါ။ မိမိဆယ်တင်လိုသော file type ကို ရွေးပေးရပါမည်။ မည်သည့်ဖိုင်ကို ဆယ်တင်ရမည်ဟု မသိပါက All Files ကို ရွေးရပါမည်။


နောက်ထပ်ပေါ်လာသော screen တွင် မိမိဖျက်ခဲ့မိသော ဖိုင်၏ location ကို ရွေးပေးရပါမည်။ Recycle Bin မှ empty လုပ်ပြီး ဖယ်မိခြင်းဖြစ်သဖြင့် Location မှာ Recycle Bin ဖြစ်ပါသည်။ ယင်းနောက် Next ကို နှိပ်ပြီး Enable deep scan box ကို ရွေးရပါမည်။ ပြီးလျှင် start ကို နှိပ်ပါ။ Recuva သည် hard drive ကို scan လုပ်ပါမည်။ အချိန်နှစ်နာရီမှ သုံးနာရီ အထိကြာပါမည်။ Scan လုပ်၍ အောင်မြင်လျှင် recover လုပ်နိုင်သော ဖိုင်များကို လာပြပါမည်။ ထိုအခါ ဖိုင်ဘေးရှိအကွက်ကို အမှန်ခြစ်ပေါ်အောင်လုပ်ပြီး Recoverbuttom ကို ကလစ်နှိပ်ရပါမည်။ Save လုပ်ရမည့် နေရာကို folder ရွေးပေးရပါမည်။ ပြီးလျှင် OK ကို နှိပ်ပါ။ Recycle Bin ကို empty လုပ်ပြီးသည်နှင့် မကြာခင်မှာ recover လုပ်နိုင်လျှင် ဖျက်မိသောဖိုင်များ ပြန်ရရန် အခွင့်အလမ်းများပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment