♪ “HP က Spectre x360 Model အသစ်ကိုမိတ်ဆက်” ♫


HP က Spectre နဲ့ Envy Laptops အသစ်များကိုမိတ်ဆက်လိုက်ပါတယ်။ Spectre x360 နဲ့ Envy 13 Laptop များမှာပိုမိုကြီးမားတဲ့ ဘက်ထရီ တပ်ဆင် ထားပြီးဒီဇိုင်းဆန်းသစ်ထားပါတယ်။ Spectre x360 ဟာမူလမော်ဒယ်လိုပဲ မျက်နှာပြင်ကို ၃၆၀ ဒီဂရီခေါက်ချိုးနိုင်တဲ့အတွက် လက်တော့ လိုရော တက်ဘလက် လိုပါ အသုံးပြုနိုင်ပါတယ်။ မော်ဒယ်အသစ်မှာမျက်နှာပြင်ရဲ့ ဘေးဘောင်များဟာ အလွန်ပါးလွှာတဲ့အတွက် လှပပါတယ်။

မူလမော်ဒယ် ထက် ပိုမိုပါးလွှာပြီး ၁၁.၈ မီလီမီတာသာအထူ ရှိပါတယ်။ တစ်ခါအားသွင်း ထားရင် ၁၅ နာရီအသုံးခံပါတယ်။ စပီကာ ၄ ခုတပ်ဆင်ထားပါတယ်။ မိနစ် ၉၀ အတွင်း ၉၀ ရာခိုင်နှုန်းအားဖြည့်ပေးနိုင်ပါတယ်။ သတ္တမမျိုးဆက် Intel Core i5 သို့မဟုတ် Core i7 များရွေးချယ်နိုင်ပါတယ်။ 16GB RAM နဲ့ 1TB SSD အထိရွေးချယ်နိုင်ပါတယ်။ Envy 13 မော်ဒယ် အသစ်မှာအလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။

Full HD သို့မဟုတ် Quad HD Display များရွေးချယ်နိုင်ပါတယ်။ ထိတွေ့မျက်နှာပြင်ကိုလည်းရွေးချယ်နိုင် ပါတယ်။ မူလမော်ဒယ်ထက် ပိုမို ကြီးမားတဲ့ ဘက်ထရီတပ်ဆင်ထားပြီးတစ်ခါအားသွင်း ထားရင် ၁၄ နာရီအသုံးခံပါတယ်။ မိနစ် ၉၀ အတွင်းမှာ ၉၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ သတ္တမမျိုးဆက် Core i5 သို့မဟုတ် i7 Processor များရွေးချယ်နိုင်ပါတယ်။ 16GB RAM နဲ့ 1TB Storage အထိရွေးချယ်နိုင် ပါတယ်။

HP Spectre x360 ကို အောက်တိုဘာလမှာရောင်းချမှာဖြစ်ပြီး တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ဒေါ်လာ ၁၁၅၉ သတ်မှတ်ထားပါတယ်။ Envy 13 ကိုတော့ ဒေါ်လာ ၈၄၉ ဖြင့် ယခုလအတွင်းရောင်းချပေး မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment