♪ “Xiaomi Mi 5” ♫


Xiaomi ထုတ်ကုန်များသည် ဈေးနှုန်းတန်ဖိုး အရမ်းမကြီးမားဘဲ အရည်အသွေး ကောင်းမွန်ကြပါတယ်။ လူတန်းစားမျိုးစုံ အတွက်အရည်အသွေးမျိုးစုံနှင့် တန်ဖိုးအမျိုးမျိုးရှိသောစမတ်ဖုန်းများကို ထုတ်လုပ် ရောင်းချပေးထားပါတယ်။ ထို့ကြောင့် လူအများစုကြိုက်နှစ်သက်ကြပြီး ၀ယ်လိုအားကောင်းသော အမှတ် တံဆိပ်ဖြစ်ပါတယ်။ Xiaomi ဖုန်းများထဲကမှ Mi Max ဟာ လူကြိုက်များသော ထုတ်ကုန်ဖြစ်ကာ Mi 5 သည်လည်း ထိပ်တန်းအဆင့် စမတ်ဖုန်းတစ်လုံးဖြစ်ပါ တယ်။ ၂၀၁၆ ခုနှစ် ဧပြီလက ထုတ်လုပ်ရောင်းချပေးထားခြင်းဖြစ်ပါတယ်။

ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ဟာ လေးထောင့်ကျကျတွင် ထောင့်စွန်းများ၌ အ၀န်း အ၀ိုက် ပုံစံဖြင့် စတိုင်ကျလှပပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 144.6 × 69.2 × 7.3 mm ရှိကာ အလေးချိန်သည် 130g (သို့) 140g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုး အစားပါ။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ် အရွယ်အစားကတော့ Nano SIM ပါ။ ဖုန်းကိုယ်ထည်တည်ဆောက်မှုအပိုင်းမှာ Gorilla Glass 4 Back Panel ပါရှိပါတယ်။ ဖုန်းမျက်နှာပြင်အတွက်ကိုတော့ IPS LCD Capacitive Touch Screen ကို တပ်ဆင်ပေးထားပါတယ်။

ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းဟာ 5.15 inchesရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏကတော့ 1080 × 1920 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆဟာ 428 ppi ပါ။ Xiaomi ရဲ့ Multitouch မှာတော့ MIUI 7.0 ကို သုံးစွဲနိုင်ပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် မော်ဒယ်အလိုက် အနည်းငယ်ကွဲပြားမှုရှိပါမယ်။ Pro edition အတွက် RAM ကို 4GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 128GB ပါရှိအောင် ထည့်သွင်းပေးထား ပါတယ်။ အခြား Edition များ တွင်တော့ Internal Storage တွင် 32 နှင့် 64GB ဆိုပြီး နှစ်မျိုးရှိပါမယ်။ RAM ပမာဏကတော့ 3GB ပါရှိပါတယ်။ မှတ်ဥာဏ် ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်မှာမဟုတ်ပါဘူး။

OIS (4-axis), Dual-LED (Dual Tone) Flash တို့နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် အဓိက ကင်မရာရဲ့ စွမ်းရည်မှာ 16 MP, f/2.0 ဖြစ်ပါတယ်။ ရှေ့ကင်မရာငယ် ကတော့ 4 MP, f/2.0 ပါ။ ဗီဒီယိုရိုက်ကူးနိုင်မှု စွမ်းရည်သုံးမျိုးသုံးစားရှိ ပါတယ်။ 2160p နှင့် 1080p စွမ်းရည်ဖြင့် ရိုက်ကူးပါက တစ်စက္ကန့်ကို 30frames နှုန်းရရှိမှာဖြစ်ပြီး၊ 720p ဖြင့် ရိုက်ကူးပါက တစ်စက္ကန့်ကို 120frames နှုန်းရရှိပါမယ်။ Chipset အမျိုးအစားကတော့ Qualcomm Snapdragon 820 ဖြစ်ကာ Finger Print ဆင်ဆာစနစ်လည်း ပါရှိပါတယ်။

အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Po 3000 mAh ဖြစ်ပါတယ်။ အားသွင်းမြန်ဆန်သော စနစ်ကိုလည်း အသုံးပြုနိုင်ပါမယ်။ Quick Charge 3.0 ဟာ မိနစ် ၃၀ အားသွင်းရုံဖြင့် ၈၃ ရာခိုင်နှုန်း အားပြည့်စေမှာဖြစ် ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - DC 1.8 GHz & DC 1.36 GHz
Screen - 5.15 inches
Camera - 16 MP
Bluetooth - v 4.2
Storage - 32 GB
OS - Android OS, v6.0
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment