♪ “အကောင်းဆုံး အခမဲ့ Android VPNs” ♫


VPNs ဆိုတာက Virtual Private Network ကို ခေါ်တာဖြစ်ပါတယ်။ အင်တာနက်ဆီကို ကိုယ်တိုင်ရွေးချယ်ပြီး သွားတဲ့လမ်းပေါ့။ မြင်သာအောင် ပြောရရင် လှည်းတန်းကနေ ရန်ကုန်ထဲရောက်အောင် ဘာကားစီးလို့ရသလဲ။ တစ်ချက် ကြည့်ရအောင်။ ရွေးစရာကားလိုင်းတွေက အများကြီး။ ဒါပေမယ့် ဘယ်လမ်းကြောင်းနဲ့ ရန်ကုန်ထဲရောက်ချင်သလဲဆိုတာရှိမယ်။ ရန်ကုန်ထဲကို အပေါ်လမ်းကသွားမှာလား။ အောက်လမ်းက သွားမှာလား။ ကြည့်မြင်တိုင်က ပတ်မှာလား။ မြေနီကုန်းက ပတ်မှာ လား။ ကိုယ့်စိတ်ကြိုက် လမ်းကြောင်းနဲ့ ကိုက်ညီတဲ့ ကားနံပါတ်ရွေးပြီး စီးရမှာပေါ့။ VPN လည်း ဒီအတိုင်းပါပဲ။

မြန်မာအင်တာနက်က ခါတိုင်းလိုအတားအဆီးအပိတ်အဆို့မှ မရှိတော့တာ။ VPN က လိုဦးမှာလား။ ဟုတ်ကဲ့။ မလိုဘူး ပြောလို့ ရပါတယ်။ အရင်ကဆို website တွေကို နည်းအမျိုးမျိုးနဲ့ပိတ်တော့ server လမ်းကြောင်းအမျိုးမျိုးက နေ ကွေ့ပတ်ပြီး သွားခဲ့ရတယ်။ Browser ထဲမှာ proxy server ပြောင်းပြီး သွားကြတယ်။ အခုကကြိုက်တဲ့ website သွား။ အပိတ်အဆို့မရှိ ပကတိ။ ဒါပေမယ့် open သွားတဲ့အခါမှာ ဘယ် IP Address ဟာ ဘယ်အချိန်က ဘယ်နေရာကိုဝင်တယ်ဆိုတာ စောင့်ကြည့်တဲ့ လူတွေရှိတယ်။ခင်ဗျားတို့ ပိုက်ဆံကို ကြားဖြတ်သုတ်မဲ့လူဖြစ်နိုင်သလို၊ website အတုတစ်ခုဆီ ပုံမှားရိုက် ခေါ်ပြီး password ခိုးမဲ့လူ လည်းဖြစ်နိုင်တယ်။ လုပ်မှားကိုင်မှားတစ်ခုခုကို စောင့်ကြည့်ထောင်ဖမ်းပြီး အမှုလုပ်မယ့်လူလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် လုံခြုံရေးအတွက် VPN လိုပါတယ်။ လက်တွေ့စမ်းသပ်ချက်အရ VPN ကတစ်ဆင့် မိုဘိုင်းအင်တာနက်သုံးတဲ့အခါ မတန်တဆ ပိုက်ဆံအဖြတ်မခံ ရဘူးဆိုတာ ပါပဲ။

ဒါကြောင့် Android စနစ်မှာ VPN သုံးကြည့်ချင်သူတွေအတွက် အကောင်းဆုံး VPN တွေကို မိတ်ဆက်ပေးချင်ပါတယ်။အကောင်းဆုံးအဆင့် သတ်မှတ်ခံရ တာ ကတော့ Cyber Ghost VPN ဖြစ်ပါတယ်။ သူ့ကို www.bit.ly/cyberghost405 ကနေ download ချပြီး သုံးနိုင်ပါတယ်။ CyberGhost ကို ထိပ်ဆုံးရောက်စေတဲ့ အကြောင်းထဲမှာ data usage ကန့်သတ်ချက်ချ မထားတာ ပါတယ်။ Server Location ရွေးချယ်ပိုင်ခွင့်ပိုများ တာ ပါတယ်။ ကိုယ့် traffic ကို encrypt လုပ်ချင်တယ်။ Protect လုပ်ချင်တယ် ဆိုရင် VPN ဟာ အမြန်ဆုံးနဲ့ အလွယ်ဆုံးလမ်းကြောင်းဖြစ်ပါတယ်။ ခလုတ် တစ်ခုပေါ်မှာ တစ်ချက်ထောက်ရုံနဲ့ ကိစ္စပြီးပါတယ်။ Account တစ်ခု သီးခြား ဖွင့်စရာမလိုဘူး။

Server Location ရွေးဖို့ အရေးမှာလည်း Setting ထဲဝင်ပြီး တောင် တောင်အီအီ ရှုပ်ရှုပ်ထွေးထွေးလိုက်လုပ်စရာမလိုပါဘူး။Website တစ်ခုဟာ ဒါမှမဟုတ် webservice တစ်ခုဟာ သက်ဆိုင်ရာဒေသတစ်ခု အတွက်ပဲ ခွင့်ပြုတာမျိုးရှိသလား။ မပူပါနဲ့။ Cyber-Ghost ဟာ Server Location ကို အလိုအလျောက်ရွေးချယ်ပေးချင်သလို သုံးစွဲသူစိတ်ကြိုက်နိုင်ငံ တစ်ခုကို ကြိုက်တဲ့အချိန်မှာ ရွေးချယ်ခွင့် လည်း ပေးပါတယ်။ ရွေးချယ်ခွင့်ပြုတဲ့ နိုင်ငံဇယားတစ်ခုတော့ ရှိတယ်။ အဲဒီထဲက တစ်ခုကို ရွေးခွင့်ရှိတယ်။ ရွေးခွင့် ရှိတဲ့ နိုင်ငံတွေထဲမှာ UK ပါတယ်။ ဒါကြောင့် UK အပြင်ဖက်မှာနေသူတွေ UK အတွက်ပဲ ရတဲ့ website နဲ့ webservice တွေကို ရယူခွင့်ရှိပါတယ်။ တခြား ရွေးချယ်ခွင့် ရှိတဲ့နိုင်ငံတွေထဲမှာ ပြင်သစ်၊ ဂျာမဏီ၊ အမေရိကန်နိုင်ငံတွေ ပါပါတယ်။

ဒီ app က သူခွင့်ပြုတဲ့ နိုင်ငံတစ်နိုင်ငံမှာ Server အရေအတွက် ဘယ်လောက် ထိ သုံးနိုင်တယ်ဆိုတာ စာရင်းဇယားနဲ့ တကွပြပေးပါတယ်။ Wi-Fi network အသစ်တစ်ခုသုံးတဲ့အခါမှာလည်း VPN သုံးမလားလို့ မေးတာဟာ CyberGhost ရဲ့ ချစ်စရာကောင်းတဲ့အချက်ပါ။ တကယ်လို့ ကွန်ရက်ချိတ်တာ နဲ့ VPN တန်းပွင့်စေချင်ရင် သက်ဆိုင်ရာ network အတွက် automatically activate VPN ကို ရွေးနိုင်ပါတယ်။ ကွန်ရက်ထဲမှာ ဘယ်တော့မှအကာအကွယ် မဲ့ မဖြစ်နိုင်တော့ဘူးပေါ့။Bandwidth ရှုထောင့်က ကြည့်မယ်ဆိုရင် CyberGhost VPN ဟာ ကျန်တဲ့ app တွေထက်စာရင် အကောင်းဆုံး စွမ်းဆောင်ရည်ရှိပါတယ်။ ပြည်တွင်းအင်တာနက်ကလည်း သိပ်ကောင်းမယ်။

US Server ကိုလည်း သုံးမယ်ဆိုရင် download speed ဟာ 15 Mbps အထိ ရတယ်ဆိုတာ တွေ့ရပါတယ်။ သင့်တင့်တဲ့ အင်တာနက်လိုင်းသာရမယ်ဆိုရင် VPN ကို လှမ်းချိတ် တာကလည်း သိပ်မြန်ပါတယ်။ Server Location အပေါ် မူမတည်ပါဘူး။အခမဲ့ပေးတာထက်ပိုများတဲ့ Server Location တွေလိုချင်ရင် မသမာတဲ့ website တွေကနေ ကာကွယ်ချင်ရင်၊ tracking လုပ်ခံရတာက ကာကွယ်ချင်ရင် CyberGhost permium ကို အဆင့်မြှင့်ပြီး သုံးရပါမယ်။ အဲဒီအတွက်က တစ်လကို ၅ဒေါ်လာကျော်လောက်ကုန်ပါမယ်။ CyberGhost ဟာ data usage ကန့်သတ်ချက်မရှိပေမယ့် VPN ကို လှမ်းချိတ်ရင် တစ်ဆက် တည်း ၃နာရီပဲခွင့်ပြုတဲ့အားနည်းချက်ရှိပါတယ်။ User Interface ကလည်း ကျန်တဲ့ app တွေထက် နည်းနည်းပိုပြီးရှုပ်ပါတယ်။

ဒုတိယအကောင်းဆုံး VPN က Opera VPN ဖြစ်ပါတယ်။ www.bit.ly/operavpn405 ကနေ download ချပြီး သုံးနိုင်ပါတယ်။ သူ့မှာ server location အတွက် ခွင့်ပြုတဲ့နိုင်ငံနည်းတာကလွဲပြီး CyberGhost ထက် အားသာချက်တွေ အများကြီးရှိပါတယ်။ ပထမအချက်က data usage ကို အကန့်အသတ်မထားတာပါ။ ဒုတိယအချက်က VPN နဲ့ ချိတ်ဆက်ချိန်ကို CyberGhost လို သုံးနာရီလို ကန့်သတ်ချက်မထားတာပါ။ တတိယအချက်က အသုံးပြုဖို့ အလွန်လွယ်တဲ့ user interface ရှိတာပါ။ ဒါ့အပြင် ခုအချိန်ထိလည်း လုံးလုံးလျားလျား အခမဲ့ပါပဲ။ Premium Version တွေ ဘာတွေမရှိပါဘူး။

 iOS အတွက် App က အရင်ထွက်ပြီး Android အတွက် App က ထွက်တာ မကြာသေး ပါဘူး။VPN ကို active လုပ်တာက မြန်လည်းမြန် လွယ်လည်း လွယ်ပါတယ်။ VPN နဲ့ ရွေးတဲ့အခါမှာတော့ လက်ရှိဒေသနဲ့ အနီးဆုံးနိုင်ငံကို default ရွေးပေးပါတယ်။ မြန်မာနိုင်ငံက လှမ်းသုံးရင် စင်္ကာပူလမ်းကြောင်း နဲ့ VPN ထွက်ပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေကို virtual location အနေနဲ့ ရွေးပေးနိုင်ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဂျာမဏီ၊ ကနေဒါ၊ နယ်သာလန်၊ အမေ ရိကန်နဲ့ စင်္ကာပူတွေ ပါပါတယ်။ သူ့ထဲမှာ VPN လုပ်ငန်းစဉ်အပြင် tracker တွေ နောင်ယောင်ခံ လိုက်မလိုက် သိနိုင်အောင် အကာအကွယ် ပေးတဲ့ Guardian ပါပါတယ်။ Wi-Fi network ပေါ်မှာလည်း Security Test လုပ်နိုင်ပါတယ်။ ဒါက CyberGhost ထက် အားသာချက်တွေဖြစ်ပါတယ်။ US အခြေစိုက် VPN မှာသုံးတော့ download speed 9Mbps ကျော်ကျော်ပဲရလို့ နည်းနည်း နှေးပါတယ်။

တတိယနေရာမှာရှိတဲ့ VPN က Better net ဖြစ်ပါတယ်။ www.bit.ly/betternet405 ကနေ download ချပြီး သုံးနိုင်ပါတယ်။ တစ်ချိန် ကတော့ သူဟာထိပ်ဆုံးမှာရှိခဲ့တဲ့ VPN ဖြစ်ပါတယ်။ သူလည်း အကန့်အသတ် မဲ့သုံးနိုင်တဲ့ VPN ပါပဲ။ VPN app ထဲမှာတော့ သူကအရိုးရှင်းဆုံးပါပဲ။ မျက်စိ နောက်လောက်အောင် features တွေမများပါဘူး။ Connect ဆိုတဲ့နေရာကို တစ်ချက် ခေါက်ရင် Betternet က VPN ကို ချိတ်ပေးပါမယ်။ သူက အသင့် တော်ဆုံး server ကို အလိုအလျောက် ရွေးချယ်ပြီး ချိတ်ဆက်ပေးပါမယ်။

Default အနေနဲ့ အမေရိကန်အခြေစိုက် server တွေကို လှမ်းပြီးချိတ်ဆက် ပေးပါတယ်။ Netflix, Pandoral, Hulu တို့ရဲ့ content တွေနဲ့ပတ်သက်ပြီး အခက်အခဲရှိရင် အမေရိကန်ကအဆင်ပြေပါတယ်။ အခမဲ့ user တွေနဲ့ ပတ်သက်ရင် Betternet ရဲ့ download speed က မဆိုးလှပေမယ့် အခပေး user တွေအတွက် download speed က 8Mbps လောက် အသားတင်ရပါ တယ်။ Betternet ရဲ့ အခမဲ့ဝန်ဆောင်မှုက ကြော်ငြာတွေ ထိုးပါတယ်။ ကြော်ငြာတွေလွတ်ချင်ရင် Location Server တွေများများစားစားရချင်ရင် အခပေးဝန်ဆောင်မှု ကို ပြောင်းသုံးရပါမယ်။ အဲဒီကိစ္စအတွက် တစ်လမှာ ၅ဒေါ်လာ ၀န်ဆောင်ကြေး ပေးရပါမယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment