♪ Dual-edge curved display နှင့် Snapdragon 821 ပါဝင်သည့် Xiaomi Mi Note 2 ♫


ဘေကျင်းတွင် ကျင်းပပြုလုပ်ခဲ့သော ‘Curved to Impress’ အခမ်းအနားတွင် Xiaomi က ကုမ္ပဏီ၏ နောက်ဆုံးပေါ် အထင်ကရ စမတ်ဖုန်းဖြစ်သော Mi Note 2 ကို မိတ်ဆက်ကြေညာခဲ့သည်။ အဆိုပါစမတ်ဖုန်း၏ အရှေ့ဘက်နှင့် ကျောဘက်တွင် 3D curved glass ကို အသုံးပြုထားသောကြောင့် Mi Note 2 ကို Samsung Galaxy S7 Edge ကဲ့သို့ dual-edge curved display ဖြင့် သုံးနိုင်မည်ဖြစ်သည်။ ကုမ္ပဏီကမူ ၎င်းကို two-sided curved display ဟု ခေါ်ဆိုခဲ့သည်။

Xiaomi Mi Note 2 ကို အမျိုးအစားသုံးမျိုးဖြင့် ရရှိနိုင်သည်။ 4GB/64GB အမျိုးအစားအတွက် ၂,၇၉၉ ယွမ် (၄၁၅ ဒေါ်လာ)၊ 6GB/128GB အတွက် ၃,၂၉၉ ယွမ် (၄၈၅ ဒေါ်လာ) အသီးသီး ကျသင့်မည်ဖြစ်သည်။ Global Edition 6GB/128GB အမျိုးအစားကို ၃,၄၉၉ ယွမ် (၅၁၅ ဒေါ်လာ) ဖြင့် ဝယ်ယူနိုင်သည်။ Global Edition အမျိုးအစားတွင် ကမ္ဘာတစ်ဝန်းရှိ LTE band များအတွက် အထောက်အပံ့ပါဝင်သည်။ ၎င်းစမတ်ဖုန်းကို Piano Black နှင့် Glacial Silver ဟူ၍ အရောင်နှစ်မျိုးဖြင့် ရရှိနိုင်သည်။

Mi Note 2 တွင် ၅.၇ လက်မ OLED flexible display နှင့် 2.35GHz quad-core Snapdragon 821 Performance Edition SoC ကို အသုံးပြုထားသည်။ ဘက်ထရီက 4070mAh ဖြစ်ပြီး Quick Charge 3.0 ကို ထောက်ပံ့ပေးထားသည်။

Mi Note 2 ၏ ကျောဘက်တွင် 22.56-megapixel ကင်မရာပါဝင်ပြီး Sony IMX318 Exmor RS sensor, f/2.0 aperture, PDAF နှင့် 4K video stabilisation အတွက် EIS နှင့် 3-axis gyroscope ဖြင့် အသုံးပြုနိုင်သည်။ အရှေ့ဘက်ကင်မရာက 8-megapixel Sony IMX268 Exmor RS sensor ဖြစ်ပြီး f/2.0 aperture နှင့် Auto Beautify 3.0 ဖြင့် ရိုက်ကူးနိုင်သည်။


Credit to ==> Internet Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment