♪ အူရီဒူးမြန်မာမှ Smart 12 series 4G ဟန်းဆက်များကို မိတ်ဆက် ♫


အူရီဒူးမြန်မာ နဲ့ New China Great Wall Co., Ltd တို့ ပူးပေါင်းပြီး 3G/4G အသုံးပြုနိုင်တဲ့ Ooredoo S-12 series ကို မကြာမီဖြန်ချိရောင်းချတော့မှာဖြစ်ကြောင်း Ooredoo Myanmar က သတင်းထုတ်ပြန် လိုက်ပါတယ်။

အူရီဒူးမြန်မာအနေနဲ့ မြန်မာနိုင်ငံမှာ 3G ကွန်ရက်ကို စတင်မိတ်ဆက်ခဲ့တဲ့အတွက် Singtech နဲ့ပူးပေါင်းပြီး 3G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ အူရီဒူးအမှတ်တံဆိပ်ပါ G7 နဲ့ G9 ခလုတ်ဖုန်းများကို မိတ်ဆက်ရောင်းချပေးခဲ့တဲ့အပြင် ZTE နဲ့လည်း ပူးပေါင်းကာ အူရီဒူးအမှတ်တံဆိပ် ပါ Smart 10 နဲ့ Smart 10s စမတ်ဖုန်းများကိုပါ ဈေးနှုန်းချိုသာစွာ မိတ်ဆက်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး 4G ကွန်ရက်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံတို့တွင် ဝန်ဆောင်မှုပေးထားတဲ့အတွက် Great Wall Co., Ltd. နဲ့ ပူးပေါင်းပြီး 4G ကွန်ရက်ကို အသုံးပြုနိုင်တဲ့ ဟန်းဆက်များအသစ် (၃) မျိုးနဲ့ 3G ကွန်ရက်ကို အသုံးပြုနိုင်တဲ့ ဟန်းဆက် အသစ် (၁) မျိုးကို မကြာခင်မိတ်ဆက်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အူရီးဒူးအမှတ်တံဆိပ်အရောင်းဆိုင်များနဲ့ အခြားသော မိုဘိုင်းဖုန်းဆိုင်များမှာ ဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

4G စမတ်ဖုန်း (၃)မျိုးကတော့ Smart 12 4G Plus, Smart 12 4G Super Star နဲ့ Smart 12 4G Lux Star တို့ဖြစ်ပြီး ဈေးနှုန်းတွေအနေနဲ့ ပျှမ်းမျှအားဖြင့် ကျပ် (၇၀၀၀၀) မှ ကျပ် (၁၀၀၀၀၀) ကျော်ဝန်းကျင်လောက်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး 3G Handset ဖြစ်တဲ့ Smart 12 3G Plus ကိုတော့ ပျှမ်းမျှ ကျပ် (၅၀၀၀၀) ဝန်းကျင်ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 အဆိုပါ Smart 12 အမျိုးအစား အူရီဒူးအမှတ်တံဆိပ် ဟန်းဆက်တွေကို ၀ယ်ယူအသုံးပြုသူများ အနေနဲ့ တစ်လတစ်ကြိမ်ငွေဖြည့်သွင်းတိုင်းမှာ အပိုငွေဖြည့်လက်ဆောင်ကို (၁၂) လ တိတိရရှိမှာဖြစ်ပါတယ်။ အဆိုပါ ဟန်းဆက်တွေကို အာမခံ (၁) နှစ် ပေးထားပြီး ဝယ်ယူပြီး (၃)လ အတွင်း မှာ စက်ချို့ယွင်းချက်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဟန်းဆက်အသစ်နဲ့ ပြန်လည်လဲလှယ် ပေးသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

အဆိုပါ Ooredoo Smart 12 Series ဟန်းဆက် တွေကို လာမယ့် (၂၀၁၆) ခုနှစ် နိုဝင်ဘာလ အတွင်းမှာ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး မိတ်ဆက်ပွဲနဲ့ ရောင်းချပွဲအခမ်းအနားနေ့ရက်ကို Ooredoo Myanmar ရဲ့ Official Facebook Page မှာ ကြေညာပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။


Credit to  ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment