♪ “Sony Xperia XZ (F8332)” ♫


Sony ချစ်သူများအတွက် အသစ်ထပ်မံထွက်ရှိလာတဲ့ Xperia XZ ဖြစ်ပါတယ်။ ကင်မရာပိုင်း၏ ထူးခြားမှုအနေဖြင့် အဆင့်မြင့် ကောင်းမွန်သော နည်းပညာ များထည့်သွင်းအသုံးပြုပေးထားသည့် RGBC sensor နှင့် Hybrid Laser Focus တို့တွဲဖက်ပေးထားသောကြောင့် ပိုမိုကောင်းမွန်သော အရောင် အသွေးရှိ ပုံရိပ်များကိုပင်အချိန်တိုတွင်း မြန်မြန်ဆန်ဆန် ရိုက်ကူး နိုင်မှာဖြစ်ပါတယ်။

ထို့ပြင် သာမန်အလင်းရောင်ကိုသာမက အနီအောက်ရောင်ခြည်ကို အာရုံခံနိုင်သော Sensor ပါဝင်သော ကြောင့် ရိုက်ကူးလိုက်တဲ့ပုံရိပ်တိုင်းဟာေ၀၀ါးခြင်းမရှိဘဲ သဘာဝဆန်ဆန် စိုပြည်တောက်ပနေ မှာဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်းကိုဖန်သားနဲ့သတ္တုပေါင်းစပ်တည်ဆောက်ထား ပြီး အစင်းရာ၊ အခြစ်ရာများ မဖြစ်ပေါ်စေနိုင်အောင် Corning Gorilla Glass ဖြင့် ဖုံးအုပ်ပေး ထားပါတယ်။ မျက်နှာပြင်ပိုင်းကို Sony ရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်သော Triluminous Display နှင့် X-Reality Engine ကိုအသုံးပြုပေး ထားသောကြောင့် Full HD အရည်အသွေးရှိ ဗီဒီယို၊ ဂိမ်းများကို စိတ်ကျေနပ်မှု အပြည့်အ၀ဖြင့် ကြည့်ရှုခံစားအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen size အနေဖြင့် 5.2" နှင့် Resolution (1920x 1080) Full HD IPS Capacitive Touchscreen ကို အသုံးပြုပေး ထားပါတယ်။ Processor မှာလည်း Qualcomm® Snap-dragon 820, 64-bit Quad Core ကို အသုံးပြုပေးထားတဲ့ အတွက် လုပ်ဆောင်ချက်တွေကို မြန်ဆန်ပေါ့ပါးစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

RAM 3GB ပါရှိသောကြောင့် အချက်အလက် များကို လျင်မြန်စွာကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏအနေဖြင့် 64GB ကိုထည့်သွင်းပေးထားပြီး ထပ်မံသိမ်းဆည်း လိုပါက 256 GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ အနောက်ကင်မရာ 23 MP နှင့် အရှေ့ကင်မရာ 13MP တပ်ဆင်ပေးထား သည့်အတွက် မိသားစုလိုက် ပျော်ပွဲစားထွက်သော အခါများနှင့် ခရီးရက်ရှည် ထွက်သောအခါများတွင် အမှတ်တရဓာတ်ပုံများနှင့် အရည်အသွေးမြင့် ဗီဒီယို ဖိုင်များကို Full HD အရည်အသွေးဖြင့် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

လုံခြုံရေး စနစ် ကောင်းမွန်သော Fingerprint Sensor ကို ထည့်သွင်း အသုံးပြုပေးထား ပါတယ်။ Android 6.0.1 OS (Marsh-mallow) အမျိုးအစားကို ထည့်သွင်း မောင်းနှင် ပေးထားပြီး ဘက်ထရီပမာဏမှာလည်း Non-Removable 2900 mAh Li-ion ကိုတပ်ဆင်ပေးထားသောကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင် ပါတယ်။ 4G LTE ကိုထောက်ပံ့ပေးထားပြီး GSM/WCDMA ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော ဖုန်းအမျိုး အစားဖြစ်ပါတယ်။ အရောင်အနေနဲ့ Mineral black, Platinum, Forest blue စတဲ့ အရောင် ၃ မျိုး ရရှိနိုင်မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment