“Google Pixels XL”

Google က အရင်နှစ်တွေနှင့်မတူဘဲ Google Pixels နဲ့ Google Pixels XL ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း နှစ်လုံးကို တစ်ပြိုင်နက်တည်း ထုတ်လုပ်ပေးထား ပါတယ်။ Google Pixels XL က Google Pixels ထက် အနည်းငယ်ပိုမို ကောင်းမွန် ပါတယ်။

GSM, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြု နိုင်ပြီး ထည့်သွင်းသုံးစွဲနိုင်မယ့် SIM Card အမျိုး အစားကတော့ Nano SIM ပါ။ ဖုန်းအရွယ်အစားက 154.7 x 75.7 x 8.5 mm ရှိပြီး 168g အလေးချိန်ရှိပါ တယ်။ မျက်နှာပြင် အကျယ် ၅လက်မခွဲရှိပြီး AMOLED capacitive touchscreen နဲ့ပြုလုပ်ပေးထားတဲ့အပြင် 1440x2560 pixels ပမာဏရှိတဲ့ Full HD မြင်ကွင်းတွေကို ပြသပေးနိုင် တာကြောင့် ဗီဒီယိုတွေကို ကောင်းမွန် စွာကြည့်ရှုနိုင်ပြီး ဂိမ်းကစားတဲ့အခါမှာလည်း အဆင်ပြေ ပါတယ်။

ဒါတင်မက သေးဘဲ မျက်နှာပြင်ကိုအကြမ်းခံနိုင်အောင် Corning Gorilla Glass 4 နဲ့ ဖုံးအုပ် ကာကွယ်ထားပြီး ၎င်း မျက်နှာပြင်ပေါ်မှာ လက်ချောင်းတစ်ချောင်းထက်ပိုမို ကာတစ်ပြိုင်နက်တည်း ထိန်းချုပ်ပြုလုပ်ထားနိုင်ဖို့ Multitouch စနစ်ကို ထောက်ပံ့ပေးထားပါတယ်။

အနောက်ကင်မရာက 12MP resolution ပါရှိပြီး 30fps မှာ 2160p အရည် အသွေးရှိဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေ ကိုရိုက်ကူးနိုင်သည့် 8MP ရှိတဲ့ အရှေ့ကင်မရာလည်း ပါရှိပါတယ်။ ဖုန်းထဲ မှာ သိမ်းဆည်းထားချင်တဲ့ data တွေအတွက် Internal Memory 32GB နဲ့ 128GB ဆိုတဲ့ Version နှစ်မျိုးကို ထုတ်လုပ်ပေး ထားမှာဖြစ်ပြီး၊ ယာယီမှတ်သားထား ပေးနိုင်စွမ်း RAM ကတော့ 4GB ပါရှိပါတယ်။ Qualcomm MSM8996 Snapdragon 821 ကို သုံးစွဲထားပြီး ဘက်ထရီစွမ်းအားအနေနဲ့ Non-removable Li-Ion 3450mAh ကို ပံ့ပိုးပေးထားမှာပါ။

<Specification>

Network - GSM/HSPA/LTE
CPU - Quad-core (2x2.15GHz Kryo & 2x1.6GHz Kryo) Memory - 32 GB, 128GB
OS - Android OS, v7.1(Nougat)
Bluetooth - v4.2, A2DP, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment