မှတ်စုမှတ်သားတဲ့ Apps များစွာရှိပေမယ့် နာမည်အကြီးဆုံးက Evernote ဖြစ်ပါတယ်။ သူ့မှာ အခြား App များမှာ မပါတဲ့ စွမ်းဆောင်ချက်များစွာ ပါပါတယ်။ မှတ်စုသာမက သတင်း၊ ဆောင်းပါး၊ ၀က်စာမျက်နှာတစ်ခုလုံး၊ ဓါတ်ပုံ၊ ဗီဒီယို အားလုံးကို သိမ်းထားနိုင်ပါတယ်။ အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း ပြုလုပ်နိုင်ပါတယ်။ သိမ်းထားတဲ့ သတင်း ၊ ဆောင်းပါးကို ဖတ်ဖို့ သင့်ကို သတိပေးနိုင်ပါတယ်။ Business Card များကို Scan လုပ်ပြီး သိမ်းပေးထားနိုင်ပါတယ်။ Notebook များစွာ ဖန်တီးနိုင်ပါတယ်။ သူ့ရဲ့ Search စွမ်းရည်က အလွန်လန်းပြီး ဓါတ်ပုံများမှ စာသားများကိုတောင် ရှာဖွေပေးနိုင်ပါတယ်။ Tags များဖြင့် သတင်း၊ ဆောင်းပါးများကို သိမ်းထားနိုင်ပါတယ်။ ဈေးဝယ်စာရင်းများ၊ ပြုလုပ်ရမယ့် အလုပ်စာရင်းများကိုလည်း ဖန်တီးနိုင်ပါတယ်။ ဒီတစ်ပတ် App User Guide ကဏ္ဍမှာ Evernote ကို ကျင်လည်စွာ သုံးနိုင်မယ့် နည်းလမ်းများကို ရေးပေးလိုက်ပါတယ်။

၁။ Notes နဲ့ Notebooks များကို Home Screen မှာ ထားပါ။
သင်အမြဲ သုံးလေ့ရှိတဲ့ Notebook ကို Home Screen မှာ ထားရင် အဆင်ပြေမှာပါ။ အဲဒီအတွက် Evernote ကို ဖွင့်ပြီး Notebook များစွာထဲကနေ လိုက်ရှာဖို့ မလိုတော့ပါဘူး။ Note များကိုလည်း ဒီနည်းအတိုင်း Home Screen မှာ ထားနိုင်ပါတယ်။
• Note or Notebook ကို ဖွင့်ပါ။
• ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။
• Add to home screen ကို နှိပ်ပါ။
ဒါဆိုရင် သင့် Home Screen ပေါ်မှာ Note or Notebook Icon ကို မြင်ရမှာပါ။

1
 
၂။ မှတ်စုအသစ်များကို Customize လုပ်ပါ။
Evernote မှာ မှတ်စုအမျိုးအစားပေါင်းများစွာကို မှတ်သားနိုင်ပါတယ်။ Camera, Attachment, Work Chat, Reminder, Handwriting , Text Note အပါအ၀င် မှတ်စုအမျိုးအစားများစွာ ရှိပါတယ်။ မှတ်စုအသစ်တစ်ခု ဖန်တီးတဲ့အခါမှာ မှတ်စုအမျိုးအစားကို ရွေးချယ်ရပါတယ်။ မှတ်စုအမျိုးအစားများစွာ ရှိတဲ့ အတွက် အကုန်လုံးကို ပြသဖို့ စကရင်နဲ့ မဆန့်ပါဘူး။ အဲဒီအတွက် သင်အသုံးများတဲ့ မှတ်စုအမျိုးအစားများကို ပြသပေးဖို့ သတ်မှတ်ထားမှ အဆင်ပြေမှာပါ။
• ညာဘက်အပေါ်ထိပ်မှ Menu ကိုနှိပ်ပါ။
• Settings ထဲသွားပါ။
• Notes ကို နှိပ်ပြီ။ Customize+ Button ကို နှိပ်ပါ။
• သင် အသုံးများတဲ့ မှတ်စုအမျိုးအစား ၆ ခုကို ရွေးပေးပါ။

2
 
၃။ Post-it Notes များကို သုံးပါ။
သင့်အလုပ်အတွက် ကပ်ခွာ မှတ်စု စာရွက်လေးများကို သုံးရင် Evernote ရဲ့ Post-it Note ကို သုံးသင့်ပါတယ်။ စာရွက် Post-it Notes များကို Evernote က ကင်မရာနဲ့ ဓါတ်ပုံရိုက်ပြီး သိမ်းပေးတာ ဖြစ်ပါတယ်။
• Menu ကိုနှိပ်ပါ။
• Settings> Camera ထဲသွားပါ။
• Post-it Notes ကို နှိပ်ပါ။
• Post-it Notes အရောင် ၄ မျိုးရွေချယ်နိုင်ပြီး အရောင်တစ်ခုစီအတွက် သိမ်းမယ့် Notebook , Tags များကို ရွေးချယ်နိုင်ပါတယ်။ Reminder များကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။

3