♪ စမတ်​ဖုန်းကိုသုံးပြီိး သင့်​ရဲ့ ကွန်​ပျူတာကိုဘယ်​လိုထိန်းချုပ်​မလဲ ♫


အိပ်ယာထက် လဲလျောင်းရင်း သင့်ရဲ့ PC နဲ့ဇာတ်ကားကြည့်နေတုန်း ဖုန်းမြည်လာတယ်ဆိုပါစို့။ ဒီအချိန်မှာ ဇာတ်ကားကိုလဲရပ်မထားချင်ဘူး သူငယ်ချင်းကိုလဲစာပြန်ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ဒါဆိုသင့်ရဲ့ PC ကို ဖုန်းတစ်လုံးနဲ့ထိန်းချုပ်မယ်လို့စိတ်ကူးယဉ်ကြည့်ရအောင်။အခုတော့ စိတ်ကူးယဉ်ရုံတင်မကတော့ပါဘူး။ သင့်ရဲ့ PC ကို app လေးတစ်ခုသုံးပြီး ဘယ်လိုထိန်းချုပ်မလဲ ကြည့်ကြည့်ရအောင်။
 
ဒီ tutorial အတွက် “Remote Link” ဆိုတဲ့ app လေးကိုသုံးပါမယ်။ သင့်ရဲ့ဖုန်းကို PC ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုအဖြစ်ပြောင်းလဲနိုင်ဖို့ အောက်ပါလမ်းညွှန်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ပေးပါ။

GUIDE
အဆင့်(၁) အောက်မှာပြထားတဲ့ app box ကနေ “Remote Link”  app လေးကို ဒေါင်းလုပ်ဆွဲပါ။
https://play.google.com/store/apps/details?id=com.asus.remotelink.full
အဆင့်(၂) android app လေးကို ဒေါင်းလုပ်ဆွဲပြီးရင်တော့ “Remote Link PC Client Software”  ကိုဒေါင်းလုပ်ဆွဲဖို့ ဒီလင့်ခ်လေးကိုနှိပ်ပါ။ zip ဖိုင်လေးကို unzip လုပ်ပြီး PC ထဲကို install လုပ်ပါ။

pcclient_download-1

အဆင့်(၃) သင့်ရဲ့ PC မှာ အသစ်သွင်းထားတဲ့ “Smart Gesture” ကိုဖွင့်လိုက်ပါ။ ပြီးရင် “Enable Remote Link in my PC” ကိုအမှန်ခြစ်ရွေးပေးပါ။ ရွေးပြီးရင်တော့ application ကိုပိတ်လိုက်ပါ။

smart-gesture-pc-2

အဆင့်(၄) စမတ်ဖုန်းမှာသွင်းထားတဲ့ app ကိုဖွင့်ပါ။ သင့်ရဲ့ PC နဲ့ ဖုန်းကို wifi or bluetooth network ပေါ်မှာချိတ်ဆက်စေပြီး “Search Device” ကိုနှိပ်ပါ။

remote-link-starting-screen-1

အဆင့်(၅) သင်ချိတ်မယ့် PC ကိုရွေးပါ။ device နှစ်ခုချိတ်ဆက်မိပြီဆိုရင်တော့ windows မှာ notification ပြနေမှာပါ။

pc-notification-1

အခုကစပြီး သုံးလို့ရပါပြီ။ Remote Link ရဲ့ ပထမဆုံး screen ကို မောက်စ် pad လိုမျိုးသုံးလို့ရပါတယ်။ ဖုန်းရဲ့ screen ပေါ်မှာ လက်ချောင်းလေးနဲ့ လျှောက်ရေးကြည့်ပါ။ PC ရဲ့ screen မှာ သင်ရေးတဲ့အတိုင်း မောက်စ် pointer လေးရွေ့နေမှာဖြစ်ပါတယ်။ မောက်စ်မှာလိုပဲ left click , right click နှစ်ခုလုံးပါရှိပါတယ်။

remote-link-main-screen-1

ဒါ့ပြင် တခြားသော ထိန်းချုပ်နိုင်တဲ့ feature တွေအနေနဲ့

1. Media Player တွေကို ထိန်းချုပ်နိုင်ပါတယ်။ VLC ဒါမှမဟုတ် Windows Media Player ကြိုက်ရာရွေးချယ်နိုင်ပါတယ်။

2.Power Point slide တွေကျော်ဖို့ ရှေ့ ပြန်သွားဖို့ စတာတွေအတွက်လဲ ထိန်းချုပ်နိုင်ပါသေးတယ်။


mediacontrol_remotelink-1
slide-control_remote-link-1

 ခြုံပြောရမယ်ဆိုရင်တော့ သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေအတွက် “Remote Link “ပဲ ဖြစ်ဖြစ် ဒီလို features တွေပေးနိုင်တဲ့ တခြားသော app တွေပဲဖြစ်ဖြစ် သုံးသင့်ပါတယ်။ ဒီလမ်းညွှန်လေးအတိုင်းလုပ်ဆောင်ပြီး သင့်ရဲ့ စမတ်ဖုန်းကို ကောင်းကောင်းအသုံးချနိုင်သလို လုပ်ဆောင်ရတဲ့တာဝန်တွေကို နည်းနည်းလေးပဲဖြစ်ဖြစ်တော့ သက်သာစေမှာပါ။

ဒါဆိုရင် PC control app တမျိုးမျိုးကို သုံးပါလား? ဘယ်  app ကိုသုံးပါသလဲ? “Remote Link” လေးကရော အသုံးဝင်ရဲ့လား?



Credit to ==> Myanmar Mobile App



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment